စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကောင်းဆုံး Free Download Software များ

ကောင်းတယ်၊ ဈေးသက်သာတယ်။ ကောင်းတယ်၊ ဈေးမသက်သာဘူး။ အစရှိတဲ့ comment တွေ သင်ကြားဖူးမှာပါ။ ကောင်းတယ်၊ အလကားရတယ် ဆိုတာကို မကြိုက်တဲ့သူ ရှိမယ် မထင်ပါဘူး။  အားလုံးသုံးလို့ရတဲ့ အသုံးဝင်တဲ့ free software တွေ မျှဝေပေးလိုက်ပါတယ်။

1. Redo Backup and recovery Minimum requirement window XP/vista/7 (File size: 200MB)

Redo backup က drive imaging tool ဖြစ်ပြီး သင့် Hard Disk ရဲ့ copy ကို သင့်ဆီမှာ သိမ်းထားပေးမှာ ဖြစ်ပါတယ်။ Window မတက်တဲ့အခါ  Partition ပျောက်တာမျိုးတွေမှာ အတော်အသုံးဝင်ပါတယ်။ Redo ကို သုံးမယ်ဆိုရင် ISO file ကို download ဆွဲ၊ CD (သို့) DVD burn ပြီး အဲဒီအခွေကနေတစ်ဆင့် boot တစ်စုံပါပဲ။ တင်လာရင် Backup Option ကိုရွေးပြီး wizard က သင့် Hard Disk ကို Copy ကူးတဲ့အခါနဲ့ partition ခွဲတဲ့အခါ သင့်ကို ကူညီပါလိမ့်မယ်။ သင့် Hard Disk Back up ကို အခြား local drive တစ်ခု (သို့) network ကနေ သိမ်းထားနိုင်ပြီး သင့်စက် ဘာဖြစ်ဖြစ် အေးဆေးပါပဲ။ Back up နဲ့ restore function တွေတင် မကဘဲ redo က file manager, image viewer နဲ့ text editor တွေလည်း ပါဝင်ပါတယ်။

Chrome Copy လည်း ပါလို့ online တက်ပြီး driver နဲ့ program တွေ download ဆွဲတာ forum တွေက အသုံးဝင်တဲ့ အကြံဉာဏ်တွေ ရယူတာတွေ လုပ်နိုင်ပါတယ်။ နောက်ပြီး Disk Utility ကို Problem ရှင်းဖို့နဲ့ fomat ချဖို့ Tool အပြင် drive reset option ကလည်း data တွေဖျက်ပြီး disk ထံသိမ်းပြီး factory setting  သုံးနိုင်ပါသေးတယ်။ Fire recovery tool, partition editor နဲ့ space usage anralyser စတဲ့ tool တွေလည်း ပါဝင်ပြီး ကိုယ်ပိုင် taskbar လည်း ပါဝင်တဲ့အတွက် run နေတဲ့ tool တွေကြားထဲ ကြိုက်သလို ပြောင်းနိုင်ပြီး minimize, maximize နဲ့ close တွေလည်း လုပ်နိုင်ပါတယ်။ Admin section ပါလို့ software နဲ့ USB version လည်း သုံးစွဲနိုင်ပြီ။

2. Memory Restart

Minimum requirement window XP/vista/7 or Mac OSX, Firefox (File Size: 98.7KB) Firefox ရဲ့ Memory ဟာ ကျလေ လျော့နည်းလေ ပါပဲ။ ဆိုလိုတာက သင် browser ကို ကြာကြာ ဆက်သုံးလေလေ၊ Memory ပိုလိုလေလေပါပဲ။ ဒီ add-on firefox  ရဲ့ current RAM usage ကို ပြပေးမှာဖြစ်ပြီး ပြည့်ခါနီးရင် သူက အနီရောင် signal ပြပါလိမ့်မယ်။ နေရာလွတ်တွေ ဖန်တီးချင်ရင် သင်က browser ကို restart လုပ်ရမှာ ဖြစ်ပြီး သင့်ဘာသာ လုပ်ချင်လုပ်၊ မလုပ်ချင် browser ကို restart  ချလိုက်ရုံပါပဲ။

3. A Flipping good time

Minimum requirement window XP/vista/7 (File size: 46.5MB) Fast-paced Platform game တစ်ခုရဲ့ ရသကို ပြည့်ဝစေမယ့် Software  ဖြစ်ပါတယ်။ နည်းနည်းခက်ခဲပေမယ့် ပျော်စရာ ကောင်းပါတယ်။

4. Instantbird

Minimum requirement window XP/vista/7, mac OSX or Linux (File size: 10MB) Trillian နဲ့ Pidgin လိုပဲ Instantbird ကလည်း multi-protocol Client chat ပါပဲ။ သူငယ်ချင်း၊ မိသားစုတွေနဲ့ chat နိုင်အောင် သူက ကူညီမှာဖြစ်ပြီး သူက popular service တော်တော်များများကို support လုပ်ပေးနိုင်ပါတယ်။ Plug-in နဲ့လည်း သုံးချင်တာတွေ ထပ်ထည့်နိုင်ပြီး tab တွေလည်း ခွဲသုံးနိုင်တဲ့ Instantbird က conversation တွေကြားထဲ switch လုပ်သုံးနိုင်တဲ့အပြင် Program Look နဲ့ add-on တွေလည်း သင့်စိတ်ကြိုက် ပြောင်းနိုင်ပါတယ်။

5. Pokki

Pokki ကတော့ app ပိစိတွေ စုထားတဲ့ software ပါ။ သင့်စိတ်ကြိုက် web service တွေ သင့်ဆီ ယူလာမှာဖြစ်ပြီး Gmail, Facebook နဲ့ ebay စတဲ့ app တွေ ပါဝင်ပါတယ်။ Pokki ကနေ app တွေကို install လုပ်ပြီးတာနဲ့ ဒီ app ရဲ့ iconmtaskbar မှာ ပေါ်လာမှာ ဖြစ်ပါတယ်။ သုံးချင်ရင် icon ကို နှိပ်ရင် mini version လေး ပွင့်လာပြီး သုံးလို့ရမှာ ဖြစ်ပါတယ်။

6. Competition (MCAfee Family Protection 2011)

PC 3 လုံးစာကို ၃၁ ပေါင်နဲ့ ဝယ်လို့ရတဲ့ MCAfee family protection 2011 ဟာ စွမ်းအားမြင့် anti-virus တစ်ခုဖြစ်ပြီး ကလေးငယ်တွေကို online ပေါ်မှာ အန္တရာယ်ကင်းကင်းနဲ့ surfing လုပ်နိုင်ဖို့ ကူညီမှာ ဖြစ်ပါတယ်။ Age-appropriate setting 31 e-mail activity reports, seach-engine integration Youtube filtering, web blocking စတဲ့  feature တွေ ပါဝင်ပါတယ်။

7. Wi-Fi Network Backup Manager

Minimum requirements window XP/vista/7 (File Size: 35.3KB) ဒီ tool က Wi-fi information တွေကို သိမ်းထားပေးနိုင် ပါတယ်။ အဲဒီအထဲမှာ network names, passwords နဲ့ သင်ဖွင့်တဲ့ XML File တွေ ပြဿနာတက်ရင် ဖြေရှင်းဖို့ Key တွေပါ ပါဝင်ပါတယ်။

8. Wireless Key View

Minimum requirements window XP/vista/7 (File Size: 36KB)သင်က Wi-fi network Key တွေမှာ ထည့်မိရင် ဒီ tool ကို သင့်စက်မှာ run လိုက်ပါ။ Run တာနဲ့ သူက wireless zero configuration ကို သုံးထားတဲ့ key တွေကို ပြပေးပါလိမ့်မယ်။

9. Wireless Key Generator

Minimum requirements window XP/vista/7 (File Size: 29KB) Wireless network Keys တွေက ဂဏန်းနဲ့နံပါတ်တွေ ရောထွေးပြီး key အရှည်ကြီးတွေ ဖြစ်နေရမှာပါ။ ဒီ tool က crack လုပ်ဖို့ခက်တဲ့ WEP/ WPA/WPA2 Key တွေကို အလိုအလျောက် ထုတ်ပေးနိုင်ပါတယ်။

10. Thunderbird 5

Minimum requirements window XP/vista/7 Mac3 OSX or Linux (File Size: 13.3MB) Mozilla က သူ့ရဲ့ email client ကို firefox version 5 twl update လုပ်လိုက်ပါပြီ။ နောက်ဆုံးထွက် version ထဲမှာ အသစ်ပြင်ဆင်ထားတဲ့ email account wizard, tab diagging နဲ့ reodering function တွေ ပါဝင်ပါတယ်။ ရိုးရှင်းတဲ့ add-on manager တောင် ပါဝင်ပြီး attachment တွေရဲ့ file size တွေတောင် သင်မြင်ရမှာ ဖြစ်ပါတယ်။

Mozilla ဟာ အပြောင်းအလဲ အသေးစားလေးပေါင်း များစွာနဲ့ ပြင်ဆင်မှု များစွာ ပေါင်းစပ်ပြီး Software ကို ပိုမြန်၊ ပိုမိုတုံ့ပြန်မှု အားကောင်းပြီး ပိုလုံခြုံအောင် ဖန်တီးထားပါတယ်။ သင်သုံးရင်း အခက်အခဲကြုံရင် trouble shooting information page ကို သွားပြီး သင့်ပြဿနာနဲ့ ကိုက်ညီတဲ့ အဖြေတွေကို ရှာနိုင်ပါတယ်။

11. Cloud Scan

Minimum requirements window XP/vista/7 Silverlight (File Size: 3.5MB) ဒီအမိုက်စား application လေးက Twain-compliant လို့ ပြောရမှာပါပဲ။ သူက handware device တွေကို image-processing software နဲ့ ချိတ်ဆက် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးမှာဖြစ်ပြီး scanner တို့လို ပစ္စည်းတွေကိုလည်း networked computer ကနေတစ်ဆင့် ကိုယ့်စက်မှာ လာတပ်သုံးစရာ မလိုဘဲ သုံးနိုင်အောင် ဆောင်ရွက်ပေးပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ Sharedscanner ကို အရင်ဆုံး main PC ထဲမှာ install လုပ်၊ scan တွေဖတ်ပြီး networked PC (သို့) Mac ကနေ Browser ကို သုံးပြီး အသုံးပြုရုံပါပဲ။ ပြီးရင် cloudscan page ကိုသွား။ setting ကို နှိပ်ပြီး သင့် main PC ရဲ့ IP address ကို ဖြည့်ပါ။ scan ဖတ်ပြီးသားတွေကို TIFF formatနဲ့ သိမ်းပေးမှာဖြစ်ပြီး multi-page တွေကိုတော့ PDF နဲ့သိမ်း (သို့) Google docs ကို တန်း upload လုပ်ပေးမှာ ဖြစ်ပါတယ်။

12. Martview

Minimum requirements window XP/vista/7 (File Size: 26.4MB) Martview က သင့်ကို သင့်စက်ကနေ e-book ဖတ်တဲ့ အလေ့အကျင့်တွေ တိုးတက်လာစေမှာ ဖြစ်ပါတယ်။ သုံးစွဲရလွယ်ကူတဲ့ tools တွေ ပါဝင်ပြီး zoom in နဲ့ out, flip, slide (သို့) jump လုပ်တဲ့ function တွေလည်း ပါဝင်ပါတယ်။ Touchscreen device တွေနဲ့လည်း သုံးနိုင်ပြီး စာအုပ်နဲ့ မဂ္ဂဇင်းတွေကိုလည်း organize လုပ်နိုင်တဲ့အပြင် download လည်း ဆွဲလို့ရပါတယ်။ PDFs, CBZ/CBR နဲ့ image file တွေ support လုပ်ပေးနိုင်ပြီး သူ့ရဲ့ MART format နဲ့လည်း အသုံးပြုနိုင်ပါတယ်။

13. Google+

Minimum requirements Android 2.1+, iphone, iOS 3.1+Google ရဲ့ social network အသစ်ကို သုံးချင်သူတိုင်း မရှိမဖြစ် သုံးစွဲရမယ့် app ဖြစ်ပါတယ်။ သင့်ရဲ့ အသိုင်းအဝိုင်းလေးထဲက update တွေ ကြည့်နိုင်ပြီး တိုက်ရိုက် contact လည်း လုပ်လို့ ရပါတယ်။ facebook လိုပဲ သင့်ရဲ့ စိတ်ကူး၊ ဓာတ်ပုံ၊ ဗွီဒီယိုစတာတွေ share နိုင်ပြီး place တွေ check-in လုပ်ခြင်း၊ group chat ပြောခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့ private google+album ကနေ နောက် share ပို့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေ upload လုပ်နိုင်ပါတယ်။

14. Do it (Tomorrow)

Minimum requirements Android 2.1+ (File Size: 7.3MB) သင် တစ်ပတ်လုံး မဖြစ်မနေလုပ်ရမယ့် အလုပ်တွေကို ရက်၊ သီတင်းပတ်၊ လအလိုကသာမက နှစ်အလိုက်ပါ အစီအစဉ်ချထားလို့ရတဲ့ app ပါ။ မနက်ဖြန်မှ လုပ်မယ်ဆိုပြီး လုပ်လို့ မရပါဘူး။ ဒီနေ့လုပ်ရမယ့် အလုပ်တွေကို ပြီးအောင်လုပ်ပြီး မပြီးနိုင်မှသာ မနက်ဖြန်ကို ရွှေ့ရမှာ ဖြစ်ပါတယ်။ သင်ပြီးသွားတဲ့ အလုပ်တွေကို ခြစ်ပစ်ရမှာဖြစ်ပြီး သင့်အလုပ်တွေကို စိတ်တိုင်းကျ recorder လုပ်လို့ရပါတယ်။

15. Tumblr 2.0

Minimum requirements iPhone, iPod touch on ipad, iOS 4.0+ (File Size: 2MB) နာမည်ကျော် blog service tumble က ပိုမို သုံးစွဲရ လွယ်ကူတဲ့ iphone blog app ကို ထုတ်လုပ်လိုက်ပါပြီ။ photo, video နဲ့ link တွေအတွက် sharing option တွေ ပါလာပြီး draft သိမ်းတာ၊ post စီတာတွေတောင် လုပ်လို့ရပါတယ်။ သင့် phone sign in လုပ်ပြီး သင့် contac book က tumblr blogger တွေကို ရှာဖွေ follow လုပ်ခိုင်းနိုင်ပါတယ်။

16. Don't lose your Head

Minimum requirements Window XP/vista/7 (File Size:5.7MB) Platform game တွေမှာ သင် သေလေလေ ဂိမ်းက ပိုခက်လေလေပါပဲ။ ဘာလို့လဲဆိုတော့ level မြင့်လေလေ "Dead" ဆိုတဲ့ စကားက သင်နဲ့ နီးလေလေမို့ပါပဲ။ ဒီ app မှာ သင်အတွက် အသတ်ပေါင်းများစွာ ပေးထားပြီး အရေးကြီးတာက သင်ခေါင်းပြတ်မသွားဖို့ပါပဲ။

17. System Spec

Minimum requirements Window XP/vista/7 (File Size: 659KB) ရိုးရှင်းသလောက် အသုံးဝင်တဲ့ tool ပါ။ သင့်စက်ပေါ်က Hard ware တွေရဲ့ spec ကို ပြည့်စုံစွာ ဖော်ပြပေးမှာဖြစ်ပြီး OS ပေါ်က data, memory, processor speed တွေရဲ့ data အပြင် disk space ဘယ်လောက် ကျန်သေးတယ်။ components တွေရဲ့အကြောင်း၊ သင့်စက်ရဲ့ serial numbe ကအစ သိနိုင်ပါတယ်။ Install လုပ်စရာ မလိုဘဲ data တွေကို သိမ်းပြီး print ထုတ်နိုင်ပါတယ်။

18. Reader recommends

Key sarambler personal ရဲ့ နောက်ဆုံးထွက် version ဖြစ်ပြီး သင့် key တွေကို စကားဝှက် လုပ်ပေးမယ့်အပြင် firefox 5 နဲ့ပါ တွဲသုံးနိုင်အောင် update လုပ်ပေးနိုင်ပါတယ်။ IE, Chrome နဲ့ အခြား popular browser တွေနဲ့လည်း သုံးစွဲနိုင်ပါတယ်။

Update လုပ်နိုင်တဲ့ Freeware လေးများ

System နဲ့ software တွေကို update လုပ် အသုံးပြုတာက PC အတွက် ပိုအဆင်ပြေချောမွေ့ရုံမက လုံခြုံစိတ်ချမှုလည်း ရှိပါတယ်။ ဒါတွေကတော့ အခမဲ့ update လုပ်နိုင်မယ့် software လေးတွေပါ။

1. Update your software automatically

Software တွေ အခမဲ့ update လုပ်နိုင်တဲ့ software တွေက အများကြီးပါ။ Secunia PS7 mout of date ဖြစ်နေတဲ့ program တွေကို ရှာပေးမှာဖြစ်ပြီး သူ့ရဲ့နောက်ဆုံး version 2.0m auto update feature ပါလို့ version အသစ်တွေကို အလိုအလျောက် download ဆွဲပေးမှာ ဖြစ်ပါတယ်။

အလားတူပဲ File Hippo ကလည်း Update Checker ကလည်း install လုပ်ထားတဲ့ software update တွေကို ရှာပေးမှာဖြစ်ပြီး နောက်တစ်ခုက Ketarun ကလည်း တူတူပါပဲ။ သူကတော့ သင့်အကြိုက်ဆုံး Program တွေရဲ့ site ကို စောင့်ကြည့်ပြီး update  တွေ download ဆွဲပေးမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက firifarm ရဲ့ System tools CCleaner ဖြစ်ပြီး Recuva နဲ့ Defraggier တို့အပြင် CCAuto Update ကလည်း software update version တွေ download ဆွဲဖို့ အသုံးပြုနိုင်ပါတယ်။

2. Turn on Automatic Updates in windows

ဘာ program မှ မသုံးဘဲ window update တွေ အလိုအလျောက် ရယူချင်လား၊ XP သမားတွေဆိုရင် start>Control Panel> Performance and Maintenance ကို ရွေးပါ။ System ကို click နှိပ်ပြီး "Automatic updates" tab ကို နှိပ်ပါ။ Window 7 နဲ့ Vista သမားတွေဆိုရင် "Stant Control Panel>System and sceurity>Turn automatic updating on (သို့) Off" ကနေ သင့် update တွေ ရယူနိုင်ပါတယ်။ ဒါတွေကို အားထားရင် update ကို install လုပ်ပေး (သို့) Automatic ၏ update လုပ်ပေးတာကို ရွေးလိုက်ရုံပါပဲ။

3. Download Service packs for windows and office

Microsoft က သူ့ OS တွေနဲ့ Office Product တွေအတွက် Service Pack တွေ အမြဲ ထုတ်ပေးနေကြပါ။ ဒါတွေက OS ကို ပို stable ဖြစ်စေပြီး PC ကို လာလတ္တံ့သော ပြဿနာများက ကင်းဝေးစေပါတယ်။ သင်က automatic updates ကို "on" ထားခဲ့ရင် update ရတာနဲ့ download တန်း ဆွဲပေးပါတယ်။ ဒါမှမဟုတ် သင်ဟာ http://support.microsoft.com/sp ကနေလည်း ဆွဲလို့ရပါတယ်။ ဒါတွေက သင် PC အသစ်ဝယ်ရင် မသုံးခင်အထိ up to date ဖြစ်အောင် လုပ်ပေးပါလိမ့်မယ်။ Window (သို့) MS office kist ထဲက စိတ်ကြိုက်ရွေးပြီး download ဆွဲလို့ ရပါတယ်။

4. Update your security tools manually

သင့် anti-virus နဲ့ အခြား security tools တွေကို update လုပ်ထားမှ သင့်စက် လုံခြုံမှာပါ။ Application တော်တော်များများဟာ update disable လုပ်တာ၊ မိတာကလွဲရင် auto-update ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ အချို့ paid software  တွေဟာ manual update လုပ်ဖို့လိုပြီး နေ့စဉ်စစ်ဆေး (သို့) software မှာ restriction ရှိ၊ မရှိ စစ်ဆေးရမှာပါ။ များသောအားဖြင့် update option  တွေပါတတ်ပြီး Avast လို anti-virus မျိုးက Maintain tab ထဲက သွားပြီး ပြင်ရပါတယ်။

Anti-malware toolkit ကို သင် install လုပ်ထားရင်တော့ security tools တွေရဲ့ update တွေကို install လုပ်ပေးမှာဖြစ်ပြီး သူ support လုပ်ပေးတဲ့ Scrurity tool တွေထဲမှာ Avart, Microsoft security essential, Malwarebyte's anti-malware  နဲ့ SUPER Anti spyware တို့ ပါဝင်ပါတယ်။ www.myothawtun.weebly.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...