စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယောက်ျားဘဝဖြင့် ကလေးမွေးခဲ့သူ

  ယမန်နှစ်အတွင်းက ယောက်ျားဘ၀မှ ကလေးမီးဖွားခဲ့ပြီး ကမ္ဘာကျော်ခဲ့သူ သောမတ်စ်ဘီတီသည် ၎င်း၏ ဒုတိယမြောက် ကလေးငယ်အား ဇွန်လ(၉)ရက်နေ့ အစောပိုင်းက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။ ဘီတီသည် အမျိုးသမီးဘ၀မှ လိင်ပြောင်းလဲသည့် ခွဲစိတ်မှု ခံယူထားခြင်းဖြစ်ပြီး အသက်(၄၆)နှစ်အရွယ် နန်စီဆိုသူ အမျိုးသမီးနှင့် အိမ်ထောင်ရက်သား ကျနေပြီးဖြစ်သည်။
အသက်(၃၅)နှစ် ရှိပြီဖြစ်သည့် ဘီတီသည် အမျိုးသမီးဘ၀က ထရေစီ လာဂွန်ဒီနိုဟု အမည်တွင်ခဲ့ပြီး ၎င်းအနေနှင့် ခွဲစိတ်မှု ခံယူစဉ်က သားအိမ်နှင့် အခြားသော အမျိုးသမီး လိင်အင်္ဂါ အစိတ်အပိုင်းများကို ဖြတ်တောက်ဖယ်ရှားခြင်း မပြုခဲ့သောကြောင့် ယခုလို ကိုယ်ဝန်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကတည်းက ၎င်းအနေနှင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကိုယ်တိုင် ကလေးမွေးရန် ကြံစည်ထားကြောင်း ဘီတီကဆိုသည်။ ယခုအခါတွင် ဘီတီနှင့် နန်စီတို့သည် သားယောက်ျားလေးတစ်ဦးကို ရရှိနိုင်ခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ဆူဆန်ဂျူးလိယက်ဆိုသော သမီးလေးတစ်ဦးကို ရရှိထားသည့် ဘီတီတို့အတွက် ယခုသားငယ်သည် ဒုတိယမြောက် ရင်သွေးလေးဖြစ်သည်။

ဘီတီအနေနှင့် ယခုကဲ့သို့ ကိုယ်ဝန်ဆောင် ကလေးမွေးနိုင်ရန် အမည်မဖော်လိုသူ အမျိုးသား အလှူရှင် တစ်ဦးထံမှ သုက်သွေးကို ရယူခဲ့ရသည်။ ယခုအခါ ကလေးရော ဖခင်(မိခင်)ဖြစ်သူပါ ကျန်းမာကြောင်းလည်း သိရှိရသည်။ ဘီတီ၏ ဇနီးဖြစ်သူ နန်စီမှာ ယခင်အိမ်ထောင်နှင့် သားသမီး(၂)ဦးရှိပြီးဖြစ်သည်။ မှတ်တမ်းများအရ ရှေးယခင်က ယောက်ျားဘ၀သို့ ပြောင်းလဲရန် ခွဲစိတ်မှု ခံယူထားသော အမျိုးသမီးများ ကလေးမွေးဖွားခြင်းသည် ဘီတီမတိုင်မီက မရှိခဲ့သေးကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ သို့သော်လည်း ဆေးပညာ သဘောအရ လိင်ပြောင်းလဲမှု ခွဲစိတ်ခံထားရသည့် ဘီတီတွင် အမမျိုးပွားအင်္ဂါများ ကျန်ရှိနေသေးခြင်းကြောင့် ၎င်းကလေးမွေးခြင်းမှာ ဆေးပညာ သဘောအရ အလွန်ထူးဆန်းသော ကိစ္စတစ်ခုမဟုတ်ကြောင်း ဘီဗီလီဟေးလ်ရှိ ဆီးဒရက်စ်ဆီနိုင်း ဆေးကုဌာနမှ ဒေါက်တာ လီဆာမက်စတာဆန်က သုံးသပ်ပြောဆိုသွားသည်။

အင်တာနက်ဂျာနယ်မှကူးယူးဖော်ပြသည်...................ရုပ်စိုးမလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...