ဒီတစ်ခါမှာတော့အလှအပနဲ့သတ်ဆိုင်တဲ့အချက်အရာအားလုံးကိုပေါင်းပြီး တော့
စုစည်းထားတဲံ့ အလှအပရေးရာလျှို့ဝှက်အဖြာဖြာလေးပါ။

မျက်နှာအလှအပအတွက်က်
မျက်နှာအလှအပအတွက် သိသင့်တာလေးတွေကတော့
မျက်နှာ အသားအရည်ကိုမျက်နှာသစ်တဲ့အခါ အရမ်းပြင်းပြတဲ့ ဆပ်ပြာနဲ့မသစ်ကြဖို့ပါပဲနော်။ဆပ်ပြာပြင်းရင်မျက်နှာအသားအရည်က အင်မတန်နူးညံ့ တဲ့နေရာမို့ ပြင်းလွန်းအားကြီးရင်မျက်နှာအသားအရည်ပျက်စီးလွယ်ပါတယ်။
2. မျက်နှာလှပဖို့အတွက်အရေးကြီးတဲ့အချတစ်ခုကလည်းအိပ်ရေးဝဖို့ပါပဲ။အိပ်ရေးမ၀ရင်မျက်နှာက
မျက်ကွင်းညိုတာတော့မျက်နှာချိုင့်နေတာတို့နဲ့ကြည့ို့လို့ဆိုးစေပါတယ်။
လူတစ်ယောက်မှာ တစ်နေ့ကိုအိပ်ချိန် 8 နာရီတော့ပြည့်ဝအောင် အိပ်ဖို့လိုပါတယ်။
3. ရေကလည်းအသားအရည်လှဖို့ပါ ကဏ္ဍတစ်ရပ်ကနေပါဝင်ပါတယ်။
ရေသောက်ရင်အသားအရည်က ကြည်လင်ပြီးလှပစေပါတယ်။ဒါကြောင့်ရေကိုလည်းများများသောက်ပေး
ဖို့လိုပါတယ်။အဓိကကတော့ မနက် အိပ်ယာနိုးချိန် မှာပုံမှန်များများလေးသောက်ပေးသင့်ပါတယ်။
4. မျက်နှာအလှ အပအတွက် ၀မ်းမှန်ဖို့ကလည်းလိုပါတယ်။ ၀မ်းချုပ်လို့ရှိရင်လည်းမျက်နှာအသားအရည်က ခြောက်သွေ့နေသလိုဖြစ်ပါတယ်။
ဒါကြောင့်ဝမ်းမှန်အောင်လည်းဂရုစိုက်ဖို့လိုပါတယ်နော်။
5. အဆီပြန်တဲ့ သူများအနေနဲ့လည်းဒီန်ချဉ်နဲ့လည်းမျက်နှာကိုပေါင်းတင်နိုင်ပါတယ်။
ဒိန်ချဉ်က လည်းမျက်နှာမှာရှိတဲ့ အဆီတွေကိုစုတ်ယူနိုင်ပါတယ်။
နှုတ်ခမ်းအတွက်
ဆောင်းရာသီမှာ နှုတ်ခမ်းတွေကွဲတာကတော့ အဆိုးဆုံးပါပဲ။ ဒီတော့ နှုတ်ခမ်းအစိုဓာတ်ထိန်းဖို့
လိုအပ်လာတာပေါ့။ အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ Lip Balm မျိုးရွေးသုံးပါ။ တချို့ Lip
balm တွေက အဆီလိုဖြစ်သွားတာပဲ ရှိတယ်။ တကယ် အစိုဓာတ်ထိန်းပေးလားဆိုတော့
အဲ့လိုမထိန်းပေးတာတွေ အများကြီးပါ။ ကိုယ်နဲ့အဆင်ပြေမယ့် Lip balm လေးတွေ
စမ်းဝယ်သုံးကြည့်ပါ။ ကန်ဒီ အကြံပေးရရင်တော့ NIVEA က Lip balm လေးတွေ ကောင်းပါတယ်။
ကန်ဒီအကြိုက်ဆုံးတွေကတော့ NIVEA Hydro care နဲ့ Pure and natrual Lip balm ပါ။ Tea Tree
oil ပါတဲ့ Lipbalm တွေဟာ အက်ကွဲနေတဲ့ နှုတ်ခမ်းတွေအတွက် အထူးသင့်လျော်ပါတယ်။ Body
shop မှာ Tea Tree oil Lip balm ရှိပါတယ်။ နှုတ်ခမ်းမကွဲအောင် နောက်လုပ်နိုင်တာလေးတစ်ခုက
တစ်ပတ်တခါ နှုတ်ခမ်းကို ပျားရည်လေးနဲ့ သကြားလေး ရောပြီးပွတ်ပေးပါ။
ဒီလိုလုပ်ခြင်းအားဖြင့် နှုတ်ခမ်းမှာရှိတဲ့ ဆဲလ်အသေတွေ ဖယ်ရှားပေးတဲ့အပြင် နှုတ်ခမ်းလေးကိုလည်း
ပိုနူးညံ့စေတယ်လေ။
အရေးကြောင်းနှင့်အတွန့်များသော မျက်နှာအသားအရည်ပိုင်ရှင်များအတွက်
သခွားသီးသည် အကောင်းဆုံး ကုသပေးနိုင်သော သဘာဝဆေးတစ်လက်ဖြစ်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ မျက်နှာပြင်ပေါ်တွင် ၁၅မိနစ်ခန့်ထားပြီး ရေစင်အောင်ဆေးလိုက်ပါ။
အဖုအပိန့်များသောအရေပြားပိုင်ရှင်များသည် ပဲပင်ပေါက်၊ ဘာလီ၊ ဂျုံ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး ၊ သဖန်းသီး၊ သတွတ်သီး၊ ဟင်းနုနွယ်ရွက် စသည်တို့ကို များများစားသုံးသင့်ပါသည်။
.ခြောက်သွေ့ကွဲအက်နေသော အသားအရေများအတွက် ဂျုံမြက်နုနှင့် အစိမ်းရောင် များများပါသော အသီးအရွက်များကို စားသုံးသင့်ပါသည်။
ခြေထောက်လှဖို့အတွက်
ဥိးဆုံးခြေထောက်ကို ရေမချိုးခင်ပေါ့ ခြေထောက်ကိုစင်ကြယ်အောင်ဆေးကြောပါ။
ပြီးရင်ခြေထောက်ကိုဗီတာမင်အီးအမျိုးအစားပါတဲ့ခရင်တစ်ခုခုလိမ်းပေးပါ။
ဒီလိုလိမ်းပေးလြင်းအားဖြင့်ပိတ်နေတဲံချွေးပေါက်လေးတွေကပွင့်လားအကြောလေးတွေပွင့်အောင်10မိနစ်လောက် နှိပ်ပေးကပါမယ်။ခရင်လိမ်းတဲ့နေရာမှာ ဒူးခေါင်းကနေစပြီးခြေသလုံးထိလိမ်းပေးကပါတယ်။
ပြီးရင်ရေနွေးစိမ်ထားတဲ့အ၀တ်နဲ့ဒါးခေါင်းကနေစ ပါတ်တိုက်ပေးကပါမယ်။အဲံလိုလုပ်ခြင်းအားဖြင့်ချွေးပေါက်တွေကိုပွင့်စေပြီးဖြူစင်သန့်ရှင်းစေပါတယ်။
အဲ့ဒီအဆင့်တွေလုပ်ပြီးတာနဲ့ချေးချွတ်ခရင်လိမ်းပေးကပါတယ်။ပြီးတာနဲံ့ေ၇နွေးဝတ်နဲ့ဆေးကြောပေးကပါမယ်။
အဲ့ဒီအဆင့်တွေလုပ်နေတဲ့အချိန်ကြားမှာဖယောင်းခဲကိုအနည်းငယ်အရည်ကျိုပေးထားပါ။
ပြီးရင်တော့အရည်အေးသွားရင် ခြေထောက်ကိုဒူးခေါင်းကစပြီးဖယောင်းရည်ပွတ်လိမ်းပေးပါ။
ပြီးတာနဲ့ ခြေထောက်ကိုလေလုံအောင်ပလပ်စတစ်နဲ့ပတ်ပေးထားပါ။
မိနစ်နှစ်ဆယ်လောက်ကြာရင်တော့ကပ်ထားတဲ့ပလပ်စတစ်ကိုအသာလေးခွာချပြီးခြေထောက်ကိုရေနွေးဝတ်လေးနဲ့သေချာလေးပွတ် တိုက်ပြီးဆေးကြောနိုင်ပါပြီ။
နောက်ဆုံးအဆင့်အနေနဲံကတော့ခြေထောက်လေးကို lotion တစ်ခုခုလိမ်းပေးပါ နူးညံ့ချောမွေ့တဲ့ခြေထောက်တစ်စုံကိုရစေမှာအမှန် ပါပဲရှင်။

No comments:
Post a Comment