စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငှက်ဖျားပိုးနှင့် ဆရာဝန်မရှိတဲ့နေရာ

ငှက်ဖျားရောဂါဟာ ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာမှ နှစ်စဉ် လူသန်းပေါင်း ၂ သန်းကနေ ၃ သန်းအထိ ပျက်စီးစေပါတယ်။

ခြင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်တဲ့ ငှက်ဖျားရောဂါဟာ အခုအခါမှာ ယင်းတို့ကို သတ်တဲ့ ဆေးဝါးများကို ယဉ်ပါးလာခြင်း၊ ကုသမှု နှောင့်နှေးရခြင်း ၊ ထိရောက်စွာ ကုသနိုင်မှု မရှိသေးခြင်း တို့ကြောင့် အချို့သော နေရာမှာ လူသားတို့အား ဒုက္ခကြီးစွာ ပေးနေဆဲဖြစ်တာကို တွေ့ရပါတယ်။.

ငှက်ဖျားရောဂါ ပြင်းထန်ပြီဆိုပါလျှင် အရေးပေါ် ဆေးကုသမှု ခံယူရရှိရန်မှာ အလွန်အရေးကြီးတဲ့ အချက်ဖြစ်တာကြောင့်
ငှက်ဖျားရောဂါ ပေါများတဲ့ ဒေသများသို့ အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားလာသူများအနေနဲ့ အထူးသတိထားသင့်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။

တစ်ခါတစ်ရံတွင် ငှက်ဖျားပိုးပေါသော အရပ်ဒေသ၌ ဆရာဝန်မရှိသော အချိန်ကာလဖြစ်နေပါက ဝေဒနာရှင်အတွက် အလွန်ခက်ခဲလှတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။


ယခုအခါမှာ WHO မှ အရေးပေါ်ငှက်ဖျားကုသနည်း (Emergency self-treatment or stand-by emergency treatment “SBET”) ဟု ထုတ်ပြန်ထားပြီး အဆိုပါ ဆေးများကို ခရီးသွားများအနေဖြင့် ယင်းတို့သွားရာခရီးတွင် လိုအပ်လာသည့်အခါ မိမိတို့ကိုယ်တိုင် ဆေးညွှန်းအတိုင်း သောက်သုံးနိုင်ရန် သယ်ဆောင်သွားနိုင်ပါတယ်။ အရေးပေါ်ငှက်ဖျားဆေး အညွှန်းကို ငှက်ဖျားရောဂါလို့ သံသယရှိပြီး ရောဂါလက္ခဏာ ပြသည့်အချိန်မှစ၍ ၂၄နာရီအတွင်း ဆေးကုသမှုခံယူရန် မဖြစ်နိုင်သောအခါတွင် သုံးရန်ရည်ရွယ်ပါတယ်။

SBET ဟိုခေါ်သော အရေးပေါ်ငှက်ဖျား ကုသမှုနည်းတွင် ငှက်ဖျားဆေးများပါဝင်တာဖြစ်ပြီး အရေးပေါ်ကုသမှုကိုခံယူရန် အတွက် အောက်ပါ အခြေခံလိုအပ်ချက်အားလုံးနှင့် ပြည့်စုံရန် လိုအပ်ပါတယ်။

၁။ ရောဂါဝေဒနာ ခံစားနေရသူသည် ငှက်ဖျားအဖြစ်များသော သို့မဟုတ် ငှက်ဖျားပိုးကူးစက်နိုင်ရန် အလားအလာရှိသော နေရာတွင်တစ်ပတ်ထက်ပို၍ နေထိုင်ခဲ့ခြင်း

၂။ ထိုဝေဒနာရှင်မှာချမ်းတုန်၍ ဖြစ်စေ မတုန်ဘဲဖြစ်စေ ဖျားခြင်း၊ ၀မ်းဗိုက်အောင့်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ကြွက်သားဆိုင်များနာကျင်နေခြင်း၊ ခေါင်းကိုက်ခြင်း စသော ဝေဒနာများကို ခံစားနေရခြင်း။

၃။ ၁၂နာရီမှ ၂၄ နာရီအတွင်း ဆေးကုသမှု ခံယူရန် မတတ်သာသော နေရာသို့ရောက်ရှိနေခြင်း စသည်တို့ဖြစ်ပါတယ်။

ထိုသို့သော လက္ခဏာများဖြင့် ပြည့်စုံနေသောသူသည် အဆိုပါ အရေးပေါ်ငှက်ဖျားကုသမှုဆေးဝါးများကို ခံယူနိုင်ပါတယ်။ ထိုသို့ ဆေးသောက်ပြီးသည်နှင့် တပြိုင်နက် ဆေးကုသမှုခံယူနိုင်မည့် နေရာကို အရေးပေါ်ရှာဖွေရမှာ ဖြစ်ပါတယ်။

ဆေးအညွှန်းကတော့ ယင်း အရေးပေါ်ကုသမှုမှာ ဆေးအမျိုးအစား ၂ ခုပါဝင်မည်ဖြစ်ပြီး ဆေး ၂မျိုးစလုံးကို အညွှန်းအတိုင်း အတိအကျသောက်ရမည်ဖြစ်ပါတယ်။

ပထမနေ့ ၊ ဒုတိယနေ့ နှင် တတိယနေ့ ။
ဆေးတစ်လုံးတွင် ၅၀ မီလီဂရမ်အားပါသော Artisunate ဆေးပြားကို ၄ ပြားကို တစ်ကြိမ် သာ သောက်ရပါမယ်။

စတုတ္ထနေ့ ။
ဆေးတစ်လုံးတွင် ၂၅၀မီလီဂရမ်အားပါသော Mefloquine ဆေးပြားကို ၃ ပြားကို စတုတ္ထနေ့တွင် သောက် သုံးရမည်ဖြစ်ပြီး နောက်ထပ် ၆ နာရီ မှ ၁၂ နာရီ အကြာတွင် ဆေးပြား ၂ ပြားကို ထပ်မံသောက်ရမှာဖြစ်ပါတယ်။

SBET ဟုခေါ်သော အရေးပေါ်ငှက်ဖျား ကုထုံးဟာ ရောဂါလက္ခဏာ ပြသူများကိုသာ အရေးပေါ်ကုသရန် ဖြစ်ပြီး ငှက်ဖျားရောဂါ ကာကွယ်ဖို့အတွက် ထုတ်လုပ်ထားသော ဆေးမဟုတ်ကြောင်း သတိထားသင့်ပါတယ်။


Information sheet for Standby Emergency Treatment of Malaria, Thai Travel Clinic, Hospital for Tropical Disease, Bangkok ကို သင့်သလိုဘာသာပြန်ပါတယ်။
ကိုလေး
လောကအလှ အွန်လိုင်း မဂ္ဂဇင်း
ဖတ်မိသမျှ ပြန်လည်တင်ပေးခြင်းသာဖြစ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...