စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးထူး ဆန်းဆန်း တိုတို ထွာထွာ သတင်းများ

နှုတ်သီးနှစ်ခုနှင့် အလယ်တည့်တည့်၌ မျက်လုံးတစ်လုံး ပါရှိသော ထူးဆန်းသည့် ဝက်ကလေးကိုမွေး

တရုတ်နိုင်ငံတွင် နှုတ်သီးနှစ်ခုပါဝင်ရုံသာမကနဖူးအလယ်တည့်တည့်၌ ကြီးမားလှသော တတိယမျက်လုံးပါဝင်သော ဝက်တစ်ကောင်ကို မွေးဖွားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ဖူးကျန့်ပြည်နယ် ချန်တေးခရိုင်၌ နေထိုင်သော လယ်သမား ရှောင်ကျင်တူဆိုသူမွေးထားသည့် ဝက်မကြီးမှ အဆိုပါဝက်ကလေးကို မွေးဖွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လယ်သမားကြီးက သူ၏ ဝက်မကြီးမွေးဖွားရာတွင် ငါးကောင်မြောက် အဖြစ်အဆိုပါ ဝက်ကလေး ထွက်လာသည့်အခါ လွန်စွာအံ့အားသင့်ခဲ့ရသည်ဟု ဆိုသည်။

မော်စကိုမြို့၌ ပူတင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်နေစဉ်အတွင်း ကရင်မလင်ရင်ပြင်ပေါ်၌ ပန်းကန်ပြားပျံ ပျံဝဲလာသဖြင့် ဆန္ဒပြသူများ


ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ရုရှားဝန်ကြီးချုပ်ဗလာဒီမာပူတင်ကို ဆန့်ကျင်သူများကဆန္ဒပြပွဲ ပြုလုပ်နေစဉ်အတွင်း ကရင်မလင် ရင်ပြင်အထက် ကောင်းကင်တွင် ပန်းကန်ပြားပျံဟု ယူဆရသော အမျိုးအမည်မသိ ယာဉ်တစ်စင်း ပျံဝဲလာသောကြောင့် ဆန္ဒပြသူများ စိတ် အနှောင့် အယှက်ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါထူးခြားသော ယာဉ်၌ ခြေတံများ ပါရှိခြင်းမရှိဘဲ ပျံဝဲနေသည်ကို ဘိုလော့နာယာ ရင်ပြင်၌ ဆန္ဒပြနေကြသော ဆန္ဒပြသူပေါင်း ၂၅,ဝဝဝ တို့က တွေ့မြင်ခဲ့ရသည်ဟုဆိုသည်။ ယခု အခါ ရုရှားတွင် အစိုးရလိုလားသူများက ဆန္ဒပြလိုက်၊ အစိုးရဆန့်ကျင်သူများက ဆန္ဒပြလိုက်ဖြင့် ရှုပ်ယှက်ခတ်နေသော အချိန်ဖြစ်သည်ဟုဆိုသည်။

၂ဝ၁၁ ခုနှစ်၏ ဂင်းနက်စ်ကမ္ဘာ့ စံချိန်မှတ်တမ်းများ

တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနသည် ဒီဇင်ဘာလ ၁၄ ရက်နေ့က၂ဝ၁၁ ခုနှစ်၏ ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်း ၁ဝ ခုကို ဖော်ပြခဲ့ရာ ၄င်းတို့မှာအောက်ပါအတိုင်းဖြစ်သည်။
၁။ကမ္ဘာ့အကြီးဆုံး ပြုံးနေသောမျက်နှာ (ခရိုအေးရှား)
၂။ဆပ်ပြာပူဖောင်းကြီးအတွင်း၌ လူအများဆုံးပါဝင်မှု (ကယ်လီဖိုးနီးယားအမေရိကန်ပြည်ထောင်စု)
၃။C ၁၃ဝ လေယာဉ်ကို ဘီးတပ်ကုလား ထိုင်ပေါ်၌ ထိုင်၍ လူ ၈၄ ဦးကဆွဲပြ (ဘယ်လ်ဂျီယံ)
၎။ကမ္ဘာ့အကြီးဆုံး ရေခဲကိတ်မုန့် (တိုရွန်တို၊ ကနေဒါ)
၅။ကမ္ဘာ့အရှည်ကြာဆုံးအနမ်း (ပတ္တယား၊ ထိုင်း)
၆။ရေကူးဝတ်စုံဖြင့် လူအများဆုံးပါဝင်သော လမ်းလျှောက်မှု(ဂိုးကို့စ်၊ သြစတြေးလျ)
၇။သစ်ပင်များကိုဖက်ထားသည့် လူ အများဆုံးပါဝင်မှု (နီပေါ)
၈။ကမ္ဘာ့အရှည်ဆုံး လွန်ဆွဲပွဲကြိုးခွေကြီး (နာဟာ၊ ဂျပန်)
၉။ကမ္ဘာ့အရှည်ဆုံး ဝက်အူချောင်း (ပါရာဂွေး)
၁ဝ။ကမ္ဘာ့အသေးဆုံးလူသား (ဖိလစ်ပိုင်)





အသေးစား ဆေးမင်ကြောင်ထိုးပညာကို ပြသသည့်အနေဖြင့် ရွှေငါးများ၌ ဆေးမင်ကြောင်ထိုး

ဆေးမင်ကြောင်ထိုးခြင်းကို ရူးသွပ်သော တရုတ်နိုင်ငံတွင် အသေးစား ဆေးမင်ကြောင် ထိုးပညာက ပြသသည့် အနေဖြင့် ရွှေငါးများ၌ ဆေးမင်ကြောင် ထိုးခြင်း အလေ့အထ ခေတ်စားလာကြောင်း သိရသည်။ ရွှေငါးများပေါ်၌ သင်္ကေတ များနှင့် တရုတ်စာလုံးများ ရေးထိုးခြင်းက ပိုင်ရှင်အား ကံကောင်းစေသည်ဟူသော ယုံကြည်မှု ရှိနေသည်ဟု ဆိုသည်။ ယခုရွှေ ငါးများကို ဒီဇင်ဘာလ ၁၆ရက်နေ့က တရုတ်နိုင်ငံ ဟေနန်ပြည်နယ်ရှိ ဟိုက်ကူမြို့တွင်ပြုလုပ်သော ကုန်စည်ပြပွဲတစ်ခု ၌ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခြေလက်များ လုံးဝပါလာခြင်းမရှိသည့် ရှားရှားပါးပါးရောဂါရှင် ရှစ်နှစ်သမီးလေး ပုံဆွဲနိုင်ရန် ကြိုးပမ်း

ပီရူးနိုင်ငံ၊ လီမာမြို့ရှိ ဆေးရုံတစ်ရုံတွင် နိုဝင်ဘာလ ၂၉ ရက်နေ့က ပြန်လည် နာလန်ထရေးအခန်းတစ်ခုအတွင်း ရှစ်နှစ် သမီးလေး ယိုဗာနာရွမ်ဘိုရစ်ဇ်ကိုတွေ့မြင်ရပုံဖြစ်သည်။ အဆိုပါ ရှစ်နှစ်သမီးလေးသည် Tetra-amelia syndrome ဟုခေါ် သော ရှားရှားပါးပါး ရောဂါရှင်ဖြစ်သည်။ အဆိုပါရောဂါမှာ မွေး ကတည်းက ခြေလက်များ လုံးဝပါလာမှုမရှိခြင်းဖြစ်သည်။ ရှစ်နှစ်သမီးလေးသည် စာရွက်ပေါ်၌ ပုံတစ်ပုံရေးဆွဲရန် ကြိုးပမ်း နေသည်ကို ယခုကဲ့သို့ တွေ့မြင်ရပုံဖြစ်သည်။ ပီရူးဆေးရုံက ကလေးငယ်အား ဘိုင်အိုးနစ်လက်တု တပ်ဆင်ပေးရန် ကြိုးပမ်း မည်ဟု ဆိုသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...