စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလှပဆုံး အထူးဆန်းဆုံး (၂)

ကမ္ဘာကြီးဟာ လိုက်မမှီနိုင်လောက်အောင် တိုးတက်နေတဲ့နည်းပညာတွေနဲ့ အံ့သြမကုန်နိုင်လောက်အောင် စိတ်ဝင်စားဖို.ကောင်းပါတယ်။ ဒီလိုပဲ အခြားတဖက်မှာလဲ လူသူအရောက်အပေါက်နဲပြီး တခါမှမထင်မှတ်ဖူးလောက်အောင် ထူးခြားဆန်းပြားတဲ့ ရေမြေသဘာဝတရားတွေကလဲ ကမ္ဘာကြီးရဲ. ဖြစ်တည်မှူ. လှပမှူ. ထူးခြားအံ့သြဖွယ်ရာဆွဲဆောင်မှူတွေနဲ. လူတွေရဲ.စိတ်အာရုံတွေကို ဆွဲဆောင်လျက်ရှိပါတယ်။ တကယ်တော့ ခရီးသွားရဖို.ဆိုတာ လွယ်လှတဲ့ကိစ္စတော့မဟုတ်ဘူးဗျ အဲ.. ခုလိုနေရာတွေကိုသွားဖို.ဆိုရင် သာလို.တောင်ခက်သေးတယ်။ အင်တာနက်ဆိုတဲ့အရာကြီးက ကျနော်နဲ. သူငယ်ချင်းများလို လူများကို ဓါတ်ပုံများကနေတဆင့် မရောက်ဖူးတဲ့နေရာတွေကို အကုန်ပို.ပေးနိုင်နေလို.တော်သေးတယ်ဗျ၊ ကဲ.. လေမပေါနေတော့ဘူး သွားကြစို. လမ်းမှာတွေတဲ့လူတွေပါအကုန်ဆွဲခေါ်လာခဲ့ တူတူသွားမယ်း)

5) CHAMAREL FALLS AND THE COLOURED EARTH (MAURITIUS)
     Chamarel Falls and The Coloured Earth တဲ့ Mauritius မှာရှိပါတယ် Mauritius ဆိုတာကလဲ အာဖရိကနိုင်ငံရဲ. အရှေ.တောင်ဘက် ကမ်းရိုးတမ်းမှာတည်ရှိတဲ့ ကျွန်းနယ်မြေလေးဖြစ်ပါတယ်။
ဒီနေရာဟာ တချိန်က ပင်လယ်အောက်နစ်မြုတ် နေခဲ့တဲ့ ရေအောက်မီးတောင် တခုပဲဖြစ်ပါတယ်။ ဒီနေရာမှာ သဘာဝအံ့ဖွယ် ၂ခုရှိပါတယ် တခုကတော့ Chamarel Falls ပါ၊ အဲ့ဒါကတော့ ပေ ၃၀၀ လောက်အမြင့်ကနေ သေးငယ်တဲ့ ရေစီးချောင်း ၃ခုခွဲပြီး စီးဆင်းကျနေတဲ့ ရေတံခွန်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Mauritius မှာလဲ အမြင့်ဆုံးရေတံခွန်ပါပဲတဲ့။Mauritius ဟာ အဲ့ဒီရေတံခွန်ကြောင့်ပဲ အလွန်နံမည်ကြီးခဲ့ပါတယ် နောက်တော့ အရောင်ထူးခြားတဲ့ သဲတောင်ပို.တွေကို ၁၉၆၀ ပြည့်နှစ်မှာစတင်တွေ.ရှိခဲ့ပါတယ်။ ဒီလို အရောင်တွေဖြစ်နေတဲ့ သဲတောင်ပို.တွေက ဘယ်လိုဖြစ်လာသလဲဆိုရင် ချော်ရည်တွေနဲ. ရွံ.များပေါင်းစပ်ပြီး မတူညီတဲ့ အေးခဲတဲ့အချိန်များကြောင့် မတူညီတဲ့အရောင်တွေဖြစ်ပေါ်လာရတာပါ။ အရောင်အားဖြင့် ၇ရောင်ကွဲပြားကြပါတယ် အဲ့ဒီအရောင်တွေကတော့ အနီ၊ အညို၊ ခရမ်း၊ အစိမ်း၊ အပြာ၊ ဗေဒါရောင် နဲ. အ၀ါရောင်တို.ပဲဖြစ်ပါတယ်၊ ခုလို ချော်မြေကနေ သက်တန်.ရောင် ဖြစ်နေတာတောင် ထူးဆန်းနေပြီ ဒါပေမယ့် ဒီထက်ထူးဆန်းတာရှိသေးတယ်ဗျ အဲ့ဒီက သဲမြေရောင်စုံအားလုံးကိုနဲနဲစီလိုက်ယူ ပြီးရင် အားလုံးကိုရောမွှေထားလိုက် ဘာဖြစ်သွားမယ်ထင်လဲဗျ၊ တဖြေး၂ချင်း သဲတွေက ရောမနေတော့ပဲ သူ.အရောင်နဲ. သူပြန်စုသွားရောတဲ့၊ ဘာလို.ဒီလိုဖြစ်ရသလဲ ဆိုတာကတော့ သိပံပညာရှင်တွေအတွက် အတွေးပုစ္ဆာတခုဖြစ်နေဆဲပါပဲ၊ ဒါတင်ပဲလားဆိုတော့ ရှိသေးပါတယ်။ နောက်ထပ်ထူးခြားတာက အဲ့ဒီနေရာဟာ တိုက်စားမှူ.လုံးဝမဖြစ်ပါဘူးတဲ့ ဆိုလိုတာက အဲ့ဒီဒေသဟာ နှစ်တိုင်း မိုးရေချိန်များပြားစွာ ရွာသွန်းတဲ့ဒေသပါ ဒါပေမယ့် အခုအချိန်တဲ့ အဲ့ဒီနေရာကို ရေတိုက်စားတာမှူကြောင့် ပြောင်းလဲသွားတာကို မျက်စိနဲ.သိသာနိုင်လောက်တဲ့အထိ မတွေ.ရှိရသေးပါဘူးတဲ့။ ခန်းနားတဲ့ရေတံခွန်ကြီးနဲ. သက်တန်.ရောင် သဲတောင်ပို.တွေကို လေ့လာကြည့်ရအောင်ဗျာ။

 
 




 4)RIO TINTO (SPAIN)
     စပိန်နိုင်ငံမှာရှိပြီး ကီလိုမီတာ ၁၀၀ ရှည်လျားတဲ့မြစ်တခုပါ။
ှSierra Moreno တောင်တန်း ပေါ်ကနေ စီးဆင်းလာပြီး Cadis ပင်လယ်ကွေ.ထဲသို.စီးဝင်သားပါတယ် ထူးခြားချက်ကတော့ သူငယ်ချင်းတို.မြင်တဲ့အတိုင်း အနီရောင်မြစ်တခုပါ။ Rio Tinto ဆိုတာလဲ မြစ်နီ လို.အဓိပါယ်ရပါတယ်။ ဒီလိုဘာကြောင့်ဖြစ့်လာရသလဲ ဆိုတော့ ရေထဲမှာရှိတဲ့ ကြွယ်ဝတဲ့ သံဓါတ်တွေကြောင့်ပါပဲ။ ဒီနေရာမှာ တချိန်က ကြေး၊ ငွေ နဲ. ရွှေ များကို တူးဖော်တဲ့ သတ္ထုတွင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး အဲ့ဒါကလဲ ကမ္ဘာ.ပထမဆုံးသော သတ္ထုတွင့်ပဲဖြစ်ပါတယ်။ ဒါအပြင် သူငယ်ချင်းတို. အားလုံးသိတဲ့ ဆော်လမွန်ဘရင်ရဲ. ရတနာသိုက်ရှိရာ King salmon's mines ဆိုတာ ဒီနေရာမှာပဲ ဖြစ်တယ်လို အများက ဒဏ္ဍာရီ ဆန်ဆန်ယုံကြည်ကြပါတယ်။ ဒီနေရာမှာ ထူးဖော်ခဲ့ကြတဲ့ သတ္ထုတွင်းတွေကြောင့် ထိုနားတ၀ိုက်မှာ ပြင်းထန်တဲ့ အက်ဆစ်ဓါတ်တွေရှိနေပြီး အဲ့လိုနေရာမျိုးမှာသာနေနိုင်တဲ့ သက်ရှိများအတွက် ပတ်ဝင်းကျင်တခုအထောက်အကူဖြစ်စေပါတယ်။ ဒီမြစ်နီကို လေ့လာတဲ့ သိပံပညာရှင်များဟာ မားစ် နဲ. ဂျူပီတာ ဂြိုဟ်များမှာရှိတဲ့ မြေအောက် ကန်များကို လေ့လာရတာနဲ. ဆက်ဆက်မှူရှိနေတယ်လို.ဆိုပါတယ်။ ဒီမြစ်နီကြီးက အာကာသထဲက ဂြိုဟ်များနဲ. ဆက်ဆက်နေတယ်ဆိုတာလဲ အံ့သိပ်အံ့သြလောက်စရာမရှိပါဘူး ဘာကြောင့်လဲ ဆိုတော့ သူ.ရဲ. ပတ်ဝန်းကျင်ဖွဲ.စည်းပုံအနေအထားကလဲ လကမ္ဘာရဲ. မျက်နှာပြင်ပတ်ဝန်းကျင် ဖွဲ.စည်းပုံ အနေအထားနဲ. ဆက်စပ်နေလို.ပါပဲတဲ့။


 



 3) FLY GEYSER RINO (NEVADA)
     နီဗားဒါး မှာရှိတဲ့ Fly Geyser Rino(ရီနို ရေထွက်ပေါက်) ပါ။
သူ.ဖြစ်ပုံကတော့ ဒီလိုဗျ
အစကတော့ အဲ့နေရာမှာဘာမှမရှိဘူး 1916 ခုနှစ်ကြမှ လူတွေရေတွင်းတတွင်းကို အဲ့ဒီနေရာမှာတူးလိုက်ကြတယ် သာမာန်ရေတွင်းပါပဲ ဒီလိုဖြစ်လာတာကတော့ 1960 ပြည့်နှစ်လောက်မှစဖြစ်လာတာ
ပါ။ သာမာန်ရေတွင်းကနေ ဒီလိုဘယ်လိုဖြစ်သွားလဲ ဆိုတော့ အဲ့ဒီနားမှာ မြေအောက်ရေပူစီးချောင်းတွေ ရှိနေတယ် တဖြေးဖြေးနဲ. သူတို.အဲ့ဒီရေတွင်းကိုထွက်ပေါက်အဖြစ် တွေ.ရှိသွားရာကနေ တစ တစ နဲ. ရေတွေပန်းထွက်လာရင်းကနေ ရေထွက်ပေါက် တခုဖြစ်လာခဲ့တယ် အဲ့ဒီနောက်ပိုင်းမှာပဲ ရေထဲက သတ္ထုဓါတ်တွေက ပုံမှာ မြင်တွေ.ရတဲ့အတိုင်း ၅ပေလောက် အမြင့်ရှိတဲ့ မီးတောင် ငယ်လေးပုံသဏ္ဍာန်ဖြစ်တာတဲ့ထိ အနည်ထိုင်ဖြစ်ပေါ်လာတော့တာပဲ ဒါ့အပြင် အခြားရေပူစီးချောင်းတွေကလဲ မြေမျက်နှာပြင်ပေါ်ကို ထွက်ပေါက်တွေ.ရှိသွားပြီး အဲ့ဒီနားမှာ ရေထွက်ပေါက် အစုအဝေးလေး ဖြစ်လာပါတယ်။ ရေထွက်ပေါက်များက ထွက်တဲ့ရေများက ဘေးမှာဖြစ်တည်နေသော ကလပ်သဏ္ဍာန် ရေအိုင်ငယ်များကို အစဉ်မပြတ်နေပြည့်နေစေတဲ့အပြင် ရေထဲမှ သတ္ထုဓါတ်များကလဲ တခုနဲ.တခု မတူအောင် အရောင်ခြယ်ပေးထားတော့ တကယ့်ကို မယုံကြည်နိုင်စရာ လှပမှူပါပဲ။ အဲ့ဒီရေအိုင်များကြောင့် အနီးနားမှ ငန်း၊ ရေဘဲ နှင့် အခြား တိရိစ္ဆာန်များလာရောက် ပျော်ပါးကြပါတယ် ဒါ့အပြင် အဲ့ဒီ သတ္ထုဓါတ်ပြည့်ဝနေတဲ့ ရေထဲမှာလဲ ငါးများနေထိုင်တယ်လို. အမည်မသိ လူတယောက်က ကြက်ဥကိုရေထဲ ပစ်ချမိရာကနေ သိရှိခဲ့တယ်လို. ဆိုပါတယ်။ တော်တော်လေးကို အံ့မခန်းလှပတဲ့နေရာပါပဲဗျာ။






2) VALE DA LUA (BRAZIL)
     ဘရာဇီးနိုင်ငံမှ ဒါလူအာတောင်ကြား (Vale Da Lua) ဖြစ်ပါတယ်။
Vale Da Lua ဟာ San Miguel မြစ်ရဲ.တိုက်စားမှူ.ကြောင့်ဖြစ်ပေါ်လာတဲ့ ကျောက်ခွက် ကျောက်ချွန်းများနဲ. တောင်ကြားတခုဖြစ်ပါတယ်။ သူနာမည်ရဲ. အဓီပါယ်ကတော လကမ္ဘာတောင်ကြားလမ်း ပါတဲ့။ ဘာလို.လဲဆိုတော့ ရေတိုက်စားမှူဟာ ကျောက်သားတွေရဲ.မျက်နှာပြင်ကို ချောမွေ.စေပြီး ကျောက်များရဲ.မီးခိုးရောင် အရောင်ဟာလဲ လကမ္ဘာမှ ကျောက်များအရောင်ဖြစ် နေလို.ပါပဲတဲ့။ ဒီနေရာကကျောက်များဟာ ကမ္ဘာ.သက်တမ်းအရင့်ဆုံး ကျောက်များထဲက တခုပါပဲ။ သက်တမ်းအားဖြင့် နှစ်ပေါင်း 18 သန်းခန်.ရှိပြီလို. ခန်.မှန်းထားကြပါတယ်။ မြစ်ရေဟာ ကျောက်ချိုင့်ခွက်များ၊ ကျောက်စွန်းများ၊ ရေတံခွန်များ နဲ. ထူးခြားတဲ့ အသွင်သဏ္ဍာန်ရှိ ကျောက်ဆိုင်ကျောက်တုံးများ ဖြစ်ပေါ်စေပါတယ်။ အာကာသတွင်းမှာ ကမ္ဘာမြေကိုကြည့်လျှင်တောင်မှ ဒီနေရာဟာ အထင်ရှား အပေါ်လွှင်ဆုံး နေရာတခုပါတဲ့။ ဘာလို.လဲဆိုတော့ အာကာသထဲကကြည့်ရင် ဒီနေရာကြီးတခုလုံးက အမှောင်ထဲမှာ အလင်းရောင်တွေထွက်နေလို.ပါပဲ ဘာတွေက ဒီလိုဖြစ်စေသလဲဆိုရင် ရေတိုက်စားမှူ.ကြောင့် မျက်နှာပြင်များချောမွေ.နေတဲ့ သလင်းကျောက်များက အရောင်ထွက်နေခြင်းပါတဲ့။ ပတ်ဝန်ကျင်မှာလဲ သယံဇာတ ကြွယ်ဝလှတဲ့ သစ်တောများ သစ်ခွမျိုးများ ပေါများစွာ ပေါက်ရောက်ကြပါတယ်။ စီးဆင်းနေတဲ့မြစ်ကြီးကတော့ ကျောက်နံရံတွေကိုတိုက်စားရင်း ရှေးလာမည့်အနာဂတ်မှာ ယခုနဲ.မတူတော့တဲ့ သဘာဝပတ်ဝန်းကျင် ပုံသဏ္ဍာန်ကို ဆက်လက် ပြောင်းလဲဖန်တီးနေဦးမှာပါပဲဖြစ်ပါတယ်။





1) CANO CRISTALES (COLOMBIA)
    ကိုလံဘီယာ နိုင်ငံမှာရှိတဲ့ Cano Cristales ရောင်စုံမြစ်ပါ။ ကျနော့်ရဲ. အကြိုက်ဆုံး ရှု.ခင်းတွေထဲကတခုပါ။
်Serrania De La Macarena တောင်ကြောမှာ တည်ရှိပါတယ်
မြစ်တည်ရှိနေတဲ့နေရာက တောလမ်းဖြင့်သာသွားလို.ရတဲ့နေရာဖြစ်လို. အဲ့ဒီကိုရောက်ဖိုအတွက်ဆို မြင်း၊ မြည်း ဒါမှမဟုတ် ခြေကျင် ခရီးဖြင့်သာရောက်နိုင်ပါတယ်။
ဒီရောင်စုံမြစ်ကြီးမှာ ရေတံခွန်၊ ၀ဲ၊ ရေတွင်း၊ ချိုင့် စသဖြင့် သဘာဝမျိုးစုံဖြစ်တည် နေပါတယ် ပုံမှာမြင်ရတဲ့အတိုင် ရေက ဖန်သားလိုမျိုးကြည်လင် နေတဲ့အတွက် မြစ်အောက် ကြမ်းပြင်ကို သင်သေချာတွေ.နိုင်ပါတယ်။ အခြားမြစ်များနဲ.မတူတဲ့ အထူးအချိန်ကာလတခုရှိပါတယ် အဲ့ဒါကတော့ မြစ်ကြမ်းပြင်မှာပေါက်နေကြတဲ့ ရေငြှိစိမ်းများ ဖူးပွင့်တဲ့ကာလပဲဖြစ်ပါတယ်။ စိုစွတ်တဲ့ရာသီကနေ ခြောက်သွေ.တဲ့ရာသီအကူးအပြောင်းမှာ အကြမ်းမျဉ်းအားဖြင့် စက်တင်ဘာ နှင့် နိုဝင်ဘာ လတို.မှာ ဒီမြစ်ကြီးဟာ ရောင်စုံမြစ်ကြီးအဖြစ်သို.ပြောင်းလဲသွားပါတယ်။ ရေညှိများက အနီ၊ အပြာ၊ အစိမ်း၊ အမဲ နှင့် အ၀ါ စတဲ့ အရောင်စုံများကို ရောယှက်ကာ မြစ်ကြမ်းပြင်ကို အသက်ရှမှားလောက်အောင် အလှဆင်ထားပါတယ်။ ထူးခြားတာက ဒီမြစ်ထဲမှာ ဓါတ်ပေါင်းစုံဖြစ်တည်နေတာကြောင့် ရောင်စုံရေညှိများမှအပ ငါးများမနေနိုင်ကြလို. ဒီမြစ်ဟာ ငါးမရှိတဲ့ မြစ်ဖြစ်ပါတယ်။ ဒီမြစ်ကို ရောင်စုံမြစ်၊ ငါးရောင်ခြယ်မြစ်၊ သက်တန်.အရည်မြစ်၊ ကောင်းကင်ဘုံမှ စီးဆင်းလာတဲ့မြစ် စသဖြင့် နာမည်တွေမျိုးစုံ တင်စားခေါ်ဆိုကြပါတယ်။ ဘာလို. ဒီနာမည်တွေ ပေးကြတာလဲဆိုတာတော့ အထူးတလည် မပြောပဲ လူတိုင်းမြင်ရုံနဲ.သိနိုင်ပါတယ်။ ကဲ... ကမ္ဘာပေါ်က အထူးခြား အလှပဆုံး နံပါတ် (၁) နေရာ ကိုလေ့လာကြည့်ရအောင်ဗျာ..။







်







သူငယ်ချင်းများအားးးလုံး..
ဒီတခေါက်တော့ ပုံတွေအများကြီးထဲ့ပေးထားပါတယ်။ သူငယ်ချင်းတို.အကြိုက်ဆုံးနေရာတွေကိုလဲ ပြောကြပါဦး။
ကျနော်က ပထ၀ီဘာစာရပ်နဲ. သိပ်မကျွမ်းဝင်တော့ ရေမြေဒေသအကြောင်း အသားပေးထားတဲ့ ဒီပိုစ့်ကိုတင်တဲ့အခါ အသုံးအနှုန်းတွေမှားနေတာရှိရင်လဲ နားလည်ပေးကြဖို.တောင်းဆိုပါတယ်။ မှားနေတာတွေတွေ.ခဲ့လို. သိတဲ့သူများရှိရင်လဲ ပြောပြကြပါလို. ..။
ကဲ....... အားလုံးပဲ ဒီပိုစ့်လေးကိုဖတ်ပြီး စိတ်အပန်းပြေပြီး ဗဟုသုတရနိုင်ကြပါစေဗျာ..။
အားလုံးကိုကျေးဇူးးးး

                                                                             ref : Google, Wikipedia, Listverse
------------------------------------------------ ပြီး၏း) ----------------------------------------------

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...