စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စည်းကမ်းမဲ့လမ်းကူးသူများကို ဇန်နဝါရီ ၁ ရက်မှစ၍ ပြန်လည် အရေးယူတော့မည်




http://www.khitlunge.net.mm/news/news_detail.aspx?info_id=25701

ရန်ကုန်မြို့တွင် အရေးမယူခဲ့သည်မှာ ကြာပြီဖြစ်သော ကူကူးမျဉ်ကြားမှ လမ်းဖြတ်မကူးခြင်း၊ စည်းကမ်းမဲ့ လမ်းဖြတ်ကူးခြင်းများကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ပြန်လည်အရေးယူတော့မည်ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ လူကူးမျဉ်းကြားမှ လမ်းဖြတ်မကူးသူ၊ စည်းကမ်းမဲ့လမ်းကူသူများအား ဒဏ်ငွေကျပ် ၂၀၀၀ တပ်ရိုက်၍ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် လူကူးမျဉ်းကြားများမှ လမ်းကူးနေသူများအား ရပ်တန့်ပေးခြင်းမရှိဘဲ စည်းကမ်းမဲ့ အရှိန်ဖြင့်မောင်းနှင်သော ယာဉ်များကိုလည်း ဒဏ်ငွေကျပ် ၂၁၅၀၀ တပ်ရိုက် အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ “စည်းကမ်းမဲ့ လမ်းကူးတာတွေကိုတော့ အရေးယူသင့်ပါတယ်။ ဒါမှလည်း ယာဉ်အန္တရာယ်လည်းကင်း၊ စည်းကမ်းတကျလေးလည်း ဖြစ်မှာပါ။ ဒါပေမယ့် စနစ်တကျဖြစ်ဖို့တော့ လိုပါတယ်။ ဖမ်းလို့ထွက်ပြေးပြီး အန္တရာယ်ဖြစ်တာတွေလည်း မဖြစ်သင့်ပါဘူး။ အဓိကကတော့ အန္တရာယ်များတဲ့ လမ်းကူးမှုကို သတိလက်လွတ်နဲ့ စည်းမဲ့ကမ်းမဲ့ မကူးမိစေဖို့ပါဘဲ” ဟု အငြိမ်းစားယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောပြသည်။ ရန်ကုန်မြို့လူကူးမျဉ်းကြားမှ လမ်းဖြတ်မကူးခြင်း၊ စည်းကမ်းမဲ့ လမ်းဖြတ်ကူးခြင်းများကို ယခင်က ဖမ်းဆီးအရေးယူခဲ့မှုများရှိခဲ့ပြီး စီမံချက်ဒဏ်ငွေများ ပေးဆောင်စေကာ ဆောင်ရွက်ခဲ့သော်လည်း ၂၀၀၇ ခုနှစ် ခန့်မှစ၍ စည်းကမ်းမဲ့လမ်းကူးသူကိုဖမ်းဆီးရာမှ မတော်တဆမှု ဖြစ်ပေါ်ခဲ့သည့်အတွက် အရေးယူမှု ခေတ္တရပ်ဆိုင်းခဲ့သည်။ ယခုအခါ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို ပြန်လည် အရေးယူတော့မည်ဖြစ်၍ စနစ်တကျ ပညာပေးမှုများ၊ လူမြင်ကွင်းတွင် အရေးယူဆောင်ရွက်နေမှုများ ပြုလုပ်ရန် လိုအပ်သည့်အပြင် လမ်းကူးသူများအနေဖြင့်လည်း စည်းကမ်းတကျ လမ်းကူသင့်ကြောင်း မြို့ပြရေးရာ ကျွမ်းကျင်သူက သုံးသပ်ကြကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...