စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







**လေးစားမှုကိုတန်ဖိုးထားတဲ့...အဆိုတော်..ဇေရဲ..နှင့်အင်တာဗျူး**



သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့လေးပါနော်..ဆုဂျေခုတင်ဆက်ပေးမယ့်
အင်တာဗျူးအစီအစဉ်လေးကတော့...လတ်တလော..လူငယ်တွေပါးစပ်ဖျားမှာ..ရေပန်းစားလာတဲ့...
Hip_hop, R&B , Electro music တွေကိုခုံမင်တဲ့သူတစ်ယောက်ဖြစ်တဲ့....အဆိုတော်...Mc Zayye
ပဲဖြစ်ပါတယ်ရှင်..လတ်တလော....*လေးစားမှု* ဆိုတဲ့သီချင်းခွေလေးနဲ့နေရာတစ်နေရာအခိုင်အမာရ
နေတဲ့သူဆိုရင်လည်းမမှားပါဘူးရှင်...ဒီ့အတွက်...မန်ဘာပရိတ်သတ်တွေရဲ့တောင်းဆိုမှုလေးတွေကြောင့်
ပရိတ်သတ်ကိုစေတနာထားတဲ့..လေးလေးစားစားအမြဲဆက်ဆံတတ်တဲ့...အဆိုတော်ဇေရဲနဲ့...အင်တာဗျူးလေး
တစ်ခုလုပ်ဖို့...လေလှိုင်းလေးမှတစ်ဆင့်..ဆုဂျေစီးမျောကြည့်လိုက်တော့.........


**ကိုဇေရဲရေမင်္ဂလာပါနော်..
***ဟုတ်..ညီမမင်္ဂလာပါခင်ဗျာ။



**လတ်တလောအကို့ရဲ့အနုပညာလှုပ်ရှားမှုလေးပြောပြပါဦးနော်..
***အကို့လေးစားမှုခွေလေးအတွက်.   promotion လေးလုပ်ဖို့ရှိတယ်ညီမ...စထွက်ထွက်ချင်းတုန်းက
သီချင်းစာအုပ်မပါဘူးလေ...ခုမူရင်းတစ်ခွေဝယ်ရင်...သီချင်းစာအုပ်တစ်အုပ်လက်ဆောင်ပေးမယ်လေ..
ခုလာမယ့် 22 ရက်နေ့မှာ..လှိုင်သာယာ.. Victoria Shopping Mall မှာပေါ့ညီမ...။



**သီချင်းရောဆိုဦးမှာလားအကို
***ဆိုမယ်ညီမ...အကို့ရဲ့အနုပညာညီကိုမောင်နှမတွေကိုဖိတ်ထားတယ်လေ..



**ဟုတ်အကို...အကို့ရဲ့ခွေလေးကို..ဘာလို့..လေးစားမှုဆိုပြီး title ပေးဖြစ်ခဲ့တာလဲ..
***အကိုကငယ်ငယ်လေးကတည်းက..လေးစားမှုကိုတန်ဖိုးထားတယ်လေညီမရ..ခုလည်း..
ဂီတလမ်းကြောင်းမှာ...ကိုယ့်ထက်...စီနီယာပဲဖြစ်ဖြစ်..ဂျူနီယာပဲဖြစ်ဖြစ်...အကိုလေးလေးစားစား
ဆက်ဆံပါတယ်...အကိုတန်ဘိုးထားတဲ့အရာမို့ပါ။



**ဒီလိုဆိုရင်..လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ....respect ကဘယ်လောက်ထိအရေးပါတယ်လို့
အကိုထင်ပါသလဲရှင်..
***တော်တော်ကိုအရေးပါတယ်ညီမရ...ဘာလို့လဲဆိုတော့...လေးစားမှုသာရှိမယ်ဆိုရင်..
လူတစ်ယောက်နဲ့တစ်ယောက်ဘယ်တော့မှအခင်မင်မပျက်တော့ဘူးလေ..ဟုတ်တယ်မလား...
တစ်ယောက်နဲ့တစ်ယောက်လေးလေးစားစားဆက်ဆံမယ်ဆိုရင်...ဖောင်းတာတွေလည်းမဖြစ်တော့ဘူး..
လေးစားမှုသာမရှိတော့ရင်...ဖောင်းလာမယ်...အခင်အမင်လည်းပျက်သွားနိုင်တယ်လေ...ဒါ့ကြောင့်
ပေါင်းသင်းဆက်ဆံရေးမှာ...လေးစားမှုကမရှိမဖြစ်လို့...အကိုယူဆပါတယ်ညီမ...




**ဟုတ်အကို...အကိုယူဆချက်လေးကလေးစားဖို့ကောင်းပါတယ်နော်...ဒါနဲ့အကို့ရဲ့ပြန်လည်မွေးဖွားခြင်း
ဆိုတဲ့သီချင်းလေးမှာ...ညီမသတိထားမိတဲ့စာသားလေးပါတယ်အကို...*ဇေရဲရဲ့ပရိတ်သတ်တွေဇေရဲအတွက်
အမြဲလက်မထောင်နိုင်ရမယ်* ဆိုတဲ့စာသားလေးလေ...အကို့စိတ်ရင်းနဲ့ရေးထားတာလား..
***ဒါပေါ့ညီမရ..အကို့သီချင်းကိုနားထောင်ကြည့်တဲ့ပရိတ်သတ်တိုင်း...အကို့ပရိတ်သတ်တိုင်းပေါ့...
အကိုနဲ့ပတ်သက်လာရင်...လက်မထောင်နိုင်အောင်..ကြိုးစားနေပါတယ်...ဘယ်တော့မှ..ဇေရဲနဲ့ပတ်သက်
လာရင်...မသိမ်ငယ်စေရဘူးလေ..



**အဲဒီလိုပရိတ်သတ်တွေလက်မထောင်နိုင်ဖို့..အကိုဘယ်လိုပြုမူနေထိုင်ပါသလဲ..
***သာမာန်လူတစ်ယောက်လိုပဲနေပါတယ်ညီမ..နောက်ပြီးအကို့ပရိတ်သတ်တွေကိုလည်း..
ပရိတ်သတ်ဆိုတာထက်...အကို့ရဲ့ညီအကိုမောင်နှမတွေလိုသဘောထားတယ်..ဆက်ဆံတယ်..စေတနာထားတယ်..
လေးလေးစားစားဆက်ဆံတယ်...ဒီလိုလေးပဲနေထိုင်ပါတယ်ညီမ...ဂီတနဲ့ပတ်သက်လာရင်တော့...အစွမ်းကုန်
ကြိုးစားနေပါတယ်...



**ငွေရောင်လက်စွပ်ဆိုတဲ့သီချင်းလေးဆိုထားတာ...mood အရမ်းကောင်းတယ်နော်အကို..အကို့ခံစားချက်
အစစ်လားလို့သိချင်နေကြတယ်..ပရိတ်သတ်တွေကလေ..
***ဟားဟား...ဟုတ်ပါတယ်ညီမ..အဲသီချင်းလေးကလေ..တစ်ရက်တည်းနဲ့အပြီးရေ..ချက်ချင်းဆိုထားတာလေ..
စတူဒီယိုဒိတ်တောင်အတင်းဂျီကျပြီးတောင်းထားရတဲ့သီချင်းလေးပါ...ရေမရောတဲ့ခံစားချက်လေးပါဗျာ...။



**ဟိတ်အချစ်ဆုံးနေပါဦး..သီချင်းလေးမှာ...ဦးဇော်မင်းလေးနဲ့တွဲဆိုဖြစ်ပုံလေးလည်းသိပါရစေအကို
***ရှိုးတစ်ခုမှာ...ဦးဇော်မင်းလေးနဲ့ဆုံဖူးတယ်လေညီမ..ပရိတ်သတ်နဲ့အလှမ်းကွာဝေးနေတဲ့အဆိုတော်ကြီး
တစ်ယောက်က...ပရိတ်သတ်ကို...ဆွဲခေါ်သွားနိုင်တာကို...တော်တော်လေးစားမိတယ်ညီမ...အဓိကကတော့..
သူ့ကိုလေးစားချစ်ခင်ပြီး...ဆိုဖြစ်သွားတာပါညီမ...



**ဒီခွေလေးထဲမှာ..အကို့အတွက်ထူးထူးခြားခြားဖြစ်တဲ့သီချင်းလေးတွေကရော
***12 ပုဒ်လုံးကတော့...အကို့ပတ်ဝန်းကျင်မှာဖြစ်လေ့ဖြစ်ထရှိတာလေးတွေကို...ရေးထားတာလေညီမ...
music ပုံစံလေးကအစထူးထူးခြားခြားလေးဖြစ်အောင်..အကိုကြိုးစားထားပါတယ်..



**ပရိတ်သတ်တွေကရောဘယ်သီချင်းတွေကြိုက်တယ်ပြောကြလဲအကို
***ပြန်လည်မွေးဖွားခြင်း၊အိုက်စ်ခရင်မ်၊ဟေ့အချစ်ဆုံးနေပါဦး၊သတိတရညနေခင်း၊ငွေရောင်လက်စွပ်၊
ကျောင်းသားဘ၀-၂ တို့ကိုကြိုက်တယ်ပြောကြတယ်။






**ဒီလိုဆိုရင်ဇေရဲဆိုတဲ့နာမည်လေးတွင်သွားစေတဲ့သီချင်းလေးကရော
***ဟိုအရင်တုန်းက  ဆိုတဲ့သီချင်း  sample သီချင်းလေးပါညီမ..နောက်ပြီး..အွန်လိုင်းချစ်သူ...တို့ဘာတို့ပေါ့..
ငါ့နေရာလည်းပေါက်တယ်...နောက်...နားနားဘေးမှာ..သီချင်းပေါ့...



**အကိုကအွန်လိုင်းပရိတ်သတ်တွေကြားမှာတော်တော်ရေပန်းစားတယ်နော်...အဲအတွက်လျို့ဝှက်ချက်ကရော
***ဟားဟား။..လျို့ဝှက်ချက်ရယ်တော့မရှိပါဘူးညီမရာ...အကိုကပရိတ်သတ်တွေနဲ့တိုက်ရိုက်စကားပြောရတာ
ကြိုက်တယ်လေ..အွန်လိုင်းမှာတွေ့ရင်..ညီကိုမောင်နှမတွေလိုပဲပြောတယ်..ပွင့်ပွင့်လင်းလင်းပေါ့...ပရိတ်သတ်တွေ
ပြောပြတာ..အကြံပေးတာတွေကိုလည်း...တလေးတစားနားထောင်ဖြစ်ပါတယ်ညီမ...။



**ခုလိုမျိုးဇေရဲဆိုတဲ့အနုပညာကြယ်တစ်ပွင့်ဖြစ်လာစေတဲ့အဓိကကျေးဇူးရှင်တွေက...
***အများကြီးပေါ့...အဓိကကတော့...မိဘနှစ်ပါးပေါ့...နောက်အကို့ရဲ့အနုပညာညီအကိုမောင်နှမတွေ...
အကို့ခွေလေးမှာ...ငွေကြေးတစ်ပြားမှမယူဘဲ...စေတနာထားကူညီပေးခဲ့ကြတဲ့...ကိုရဲလေး..၊
ကိုကျော်ထွဋ်ဆွေ၊ကိုသားကြီး၊လွှမ်းပိုင်..တို့ပေါ့...နောက်ပြီး...အားပေးတဲ့ပရိတ်သတ်ကြီးပေါ့နော်..
အဓိကကတော့...အကို့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့...ကူညီပေးတဲ့သူတွေရဲ့ကျေးဇူး...ပရိတ်သတ်တွေ
ရဲ့ကျေးဇူးကြောင့်...ဇေရဲဆိုတာဖြစ်လာတာပါ...



**ခုလျောက်နေတဲ့လမ်းက...အကို့အတွက်ခက်ခဲလား...လွယ်ကူခဲ့လား..
***ဒီလောကက...ငွေကြေးပြည့်စုံမယ်..ပံ့ပိုးမှုကောင်းမယ်...နောက်ပြီး...အနုပညာမျိုးရိုးရှိမယ်
ဆိုရင်တော့...ချောမွေ့မှာပေါ့နော်..လျောက်ရတာ..အကိုတို့ကျတော့... တစ်ယောက်တည်းလျောက်ခဲ့ရ
တာဆိုတော့...အခက်အခဲတွေအများကြီးတွေ့ခဲ့ရတာပေါ့..။



**အဲဒီအခက်အခဲတွေကိုဘယ်လိုစိတ်နဲ့အကိုဖြတ်ကျော်ခဲ့လဲရှင့်
***အဓိကကတော့အကို့ပရိတ်သတ်ကြီးပေးတဲ့အားနဲ့ဆက်လျောက်ရတာပေါ့...အကိုကလည်းပရိတ်သတ်ကို
စေတနာထားတယ်..လေးစားတယ်..အကို့ကိုအားပေးတဲ့ပရိတ်သတ်ရှိနေတယ်ဆိုတဲ့...စိတ်နဲ့...အားအင်တွေရပြီး
လျောက်ခဲ့ရတာပေါ့။




**နောက်ထပ်ရောသီချင်းနဲ့ပတ်သက်ပြီး...ဘယ်လို..message အသစ်တွေချပြဖို့ရှိလဲအကို
***အင်း..ရည်မှန်းထားတာတော့အများကြီးပေါ့နော်..နောက်ပိုင်းကျရင်..အချစ်အကြောင်းလေးတွေလျော့လာမယ်..
နည်းနည်းဘ၀ဆန်တာလေးတွေပါလာမယ်...အဓိကကတော့...လူငယ်တွေစိတ်ဓာတ်မကျဖို့...လူကြီးတွေကလည်း
လူငယ်တွေကိုနားလည်ပေးဖို့တွေ....ရေးဖို့စိတ်ကူးရှိပါတယ်ညီမ...။



**ဒီလိုဆိုရင်..ပရိတ်သတ်အတွက်ဘယ်လောက်ထိ...အကိုပေးဆပ်ရဲလဲ..
***အနုပညာပိုင်းအရဆိုရင်ပရိတ်သတ်ကိုအရင်ဆုံးမေးမယ်..ပရိတ်သတ်ကမလုပ်နဲ့ဆိုရင်...အကိုမလုပ်ဘူး..
ပရိတ်သတ်စကားကိုနားထောင်မယ်..လေးလေးစားစားကိုနားထောင်ပြီးပေးဆပ်သွားပါ့မယ်ဗျာ...။



**ဂီတလမ်းကြောင်းမှာ...သီချင်းဆိုတာအပြင်မလုပ်ချင်ဘဲလုပ်နေရတာတွေရောရှိလားအကို..
***မရှိဘူးညီမရ...သီချင်းနဲ့ပတ်သက်လာရင်တော့...အချိန်မရွေး welcome ပါပဲဗျာ..။



**အကိုအားကျတဲ့ပြည်တွင်းပြည်ပအဆိုတော်တွေလည်းပြောပြပါဦးနော်
***အများကြီးပဲညီမရ...နံပတ်တစ်လေးစားအားကျတဲ့သူက...နံပတ်တစ်..Snoop Dogg ပေါ့
နောက်..R&B မှာဆိုရင်... Usher နောက်  Shakira နောက်  New boy တို့  Future boy တို့ပေါ့...ပြည်တွင်းကဆိုရင်
တော့...Hip_hop လမ်းကြောင်းစဖောက်ခဲ့တဲ့...ACID နောက်  Second Generation ကိုလည်းလေးစားပါတယ်..
နောက်တက်လာတဲ့မျိုးဆက်သစ်အဆိုတော်လေးတွေကိုလည်းလေးစားပါတယ်ဗျာ..။




**VCD ရောဘယ်တော့လောက်ထွက်မယ်မှန်းထားလဲအကို
***ဒီတစ်နှစ်အတွင်းတော့ထွက်မှာပါညီမ...သေသေချာချာလေး...ကြိုးစားပြီးကောင်းကောင်းလေးဖြစ်ချင်တာမို့
အချိန်ယူရမှာမို့ပါ...



**ဒုတိယခွေရောဘယ်တော့လောက်ထွက်မလဲအကို
***အင်း..ဒုတိယတစ်ကိုယ်တော်ကတော့ကြာဦးမယ်ညီမ...ကြားထဲမှာ..အကိုအတွဲခွေတွေရှိမယ်..သီချင်းကောင်း
လေးတွေကိုတော့...ခုကတည်းကအကိုစုနေပါတယ်ညီမ...



**အကို့စိတ်ထဲရည်မှန်းထားတဲ့နေရာနဲ့ခုရောက်နေတာနဲ့တစ်ထပ်တည်းကျပြီလို့ပြောလို့ရလား
***ရည်မှန်းထားတာတော့ဒီ့ထက်မကပေါ့ညီမရယ်..လူဆိုတာလောဘရှိတယ်လေ..ဟုတ်တယ်မလား...အမြဲတမ်း
တော့...ကိုယ်ရောက်နေတဲ့နေရာထက်တော့ပိုရချင်ကြတာပေါ့ဗျာ..။



**အကို့ရဲ့ Biography လေးလည်းပြောပြပါဦးနော်..
***မိဘတွေက  ဦးစိုးဝင်းနဲ့ဒေါ်တင်တင်ခိုင်ပါ..မွေးချင်း (၃) ယောက်မှာအကိုကအလတ်ပါ...Eco နဲ့ကျောင်းတက်နေ
တုန်းပါ...နေတာကတော့...အမှတ်(၂၆) ပုလဲလမ်း..ကျိုက္ကဆံရပ်ကွက်...ဗဟန်းမှာနေပါတယ်ညီမ..



**အကို့မှာကောင်မလေးရှိလားလို့လည်းသိချင်နေကြတယ်နော်အကို
***ခုတော့တစ်ယောက်တည်းပါဗျာ...လောလောဆယ်ဇေရဲအသဲကွဲနေပါတယ်လို့....ဆိုတဲ့သီချင်းတွေကို
နားထောက်ကြည့်ရင်ပရိတ်သတ်ကြီးသိမှာပါဗျာ..လောလောဆယ်တော့...ဘာမဆိုတိုင်ပင်ရင်ဖွင့်လို့ရမယ့်..
ကြယ်ယာဘက်လေးရှာနေပါတယ်လို့....သူငယ်ချင်းလိုပြောပါနော်...။(ရယ်လျက်)



**အကို့ကိုအနုပညာနဲ့ပတ်သက်ပြီးအကြံပေးချင်ရင်..
***Face book ကနေဆက်သွယ်လို့ရပါတယ်..message ထားခဲ့ရင်အကိုစာပြန်ပါတယ်...
အကောင့်က...Mc Zayye ပါ...အကို့ခွေကာဗာပုံလေးနဲ့ပါညီမ...



**ဟုတ်အကိုတစ်ချို့အဆိုတော်တွေကအွန်လိုင်အင်တာဗျူးဆိုမဖြေချင်ကြတော့လေ..အကို့အနေနဲ့ခုလိုအွန်လိုင်း
အင်တာဗျူးလေးဖြေရတဲ့အပေါ်အကို့သဘောထားလေးသိပါရစေနော်..
***ကောင်းပါတယ်..ပြောရတာလည်းစိတ်ကျေနပ်မှုရှိတယ်ညီမ...နောက်ပြီး...ပရိတ်သတ်အသံကိုလည်းတိုက်ရိုက်
ပြန်ကြားရတာဆိုတော့...အကိုကတော့...welcome ပါပဲညီမ...မဖြေချင်တာမရှိပါဘူးဗျာ..။



**ဟုတ်ကဲ့အကို..ကျေးဇူးပါနော်..ပရိတ်သတ်တွေအတွက်လည်းစကားလက်ဆောင်ပြောပေးပါဦးနော်
***ပရိတ်သတ်ကြီးလက်မထောင်နိုင်အောင်ကျွန်တော်ဇေရဲကြိုးစားနေပါတယ်လို့....သီချင်းစာသားလေးတိုင်း
ပြောချင်ပါတယ်ဗျာ...တကယ်လည်းပြောတာပါ..ပရိတ်သတ်ကြီးပေးတဲ့အားနဲ့...ဆက်လျောက်နေပါတယ်..
ချို့ယွင်းချက်တွေရှိရင်လည်း...နားလည်ပေးပါဦးလို့...အကြံဥာဏ်လည်းပေးပေးပါလို့...ကျွန်တော်လေးလေးစားစား
နားထောင့်ပါမယ်လို့ပြောချင်ပါတယ်ဗျာ..။



**ဟုတ်ကဲ့ပါအကို...ခုလိုလေးလေးစားစားဖြေကြားပေးတဲ့အကို့ကိုလည်းဖူးစာရှင်လေးတစ်ဖွဲ့သားလုံးကိုယ်စား
ညီမကကျေးဇူးတင်ပါတယ်နော်..
***ဟုတ်ကဲ့ပါ...အကိုကလည်းကျေးဇူးတင်ပါတယ်ဗျာ...ဖူးစာရှင်လေးတစ်ဖွဲ့သားလုံးရော...ခုလိုလာရောက်ဗျူးပေးတဲ့
ညီမဆုဂျေကိုရော...မန်ဘာပရိတ်သတ်တွေကိုရောပေါ့....ကျေးဇူးပါဗျာ..။

**ဒါလေးကဆိုက်ထဲက ကိုဇေရဲအိမ်လင့်လေးပါနော်..သူငယ်ချင်းတို့..
***http://www.fusarshinlay.com/profile/ZayYE607





**အင်တာဗျူးလေးဖြစ်မြောက်အောင်ကူညီပေးခဲ့သော...
အဆိုတော်...ကိုဇေရဲ(လေးစားမှု)
ကိုဖြိုး(ဖူးစာရှင်လေး)
မန်ဘာပရိတ်သတ်များ(ဖူးစာရှင်လေး)တို့အားကျေးဇူးတင်ပါတယ်ရှင်...။
                                                                                                                            
                                                                                                                            မေတ္တာဖြင့်
                                                                                                                             ဆုဂျေ
                                                                                                                  hsujlay@fusarshinlay.co

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...