စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဟန်းဖုန်းလေးတစ်လုံး


နံနက် ၆-နာရီပင်မထိုးသေးပဲ ကြားနေရသောဖုန်းသံကြောင့် ခင်သူဇာ အိပ်ရာမှ လန်.နိုးလာသည်။
‘ ဟယ်လို ’ အိပ်ချင်စိတ် မပြေသေးသောအသံဖြင့် ခင်သူဇာ ထူးလိုက်ရသည်။
‘ မမ သူဇာ ကျွန်တော် ဇော်ဇော် ပါ မမ.. ပိုးဥဖြူ နဲ. ပြောချင်လို.ပါ ခဏလောက်ခေါ်ပေးပါနော် ’

တဖက်မှ တောင်းပန်ဟန်ဖြင့် ပြောလိုက်သော အသံကြောင့် တိုနေသောစိတ်ကို လျော့ချပြီး ဘေးကပ်လျှက် အခန်းမှ
ပိုးဥကို နှိုးပေး လိုက်ရသည်။ မနှိုးပေးလို.ကလည်း မရ အဲ့ဒီ ပိုးဥဆိုသောကောင်မလေး မှာ ခင်သူဇာ့ကို အစ်မ
တစ်ယောက်လို အားကိုးခင်တွယ်သူတစ်ယောက်ဖြစ်သည်။ ပိုးဥဖြူနဲ.ဇော်ဇော်မှာ ငယ်သူငယ်ချင်း များဖြစ်ကြပြီး
ရန်ကုန်မှာအလုပ်အတူတူ လာလုပ်ကြရင်းနဲ. ငယ်သံယောဇဉ်ဖြင့် ချစ်သူများ ဖြစ်နေကြသည်။

ခင်သူဇာတို.နေသော အဆောင်သည် အဆောင်သူ အယောက်နှစ်ဆယ်လောက်ရှိပြီး နယ်ကကော ရန်ကုန်ကပါမကျန်
အကြောင်းအမျိုးမျိုးကြောင့် အဆောင်တွင်လာရောက်နေထိုင်ကြသူများ ဖြစ်သည်။ ခင်သူဇာ ကိုယ်တိုင်နယ်သူနယ်သား
ဖြစ်သည့်အတွက် ကိုယ့်လို နယ်မှရန်ကုန်လာပြီး အလုပ်လုပ်နေသော ကျောင်းတက်နေသောမိန်းကလေးများအားလုံးကို
ကိုယ်ချင်းစာစိတ်ဖြင့် တတ်နိုင်သမျှ အကူညီပေးမြဲဖြစ်သည်။ ခင်သူဇာ့အဖို. တော့ ဖြစ်နိုင်ရင် ဖုန်းပါဝါကို ညဘက်ပိတ်
ထားချင်ပေမဲ့ ကိုယ့်အိမ်က အရေးကိစ္စအကြောင်းတစ်စုံတစ်ရာပေါ်လာလျှင် အဆင်ပြေစေရန်အတွက် ညပိုင်းတွင်လည်း
ဖုန်းပါဝါကို ဖွင့်ထားရသည်။ အခြားသူများကိုလည်း ကူညီချင်သည့်ဆန္ဒအလျှောက် အ၀င်ဖုန်းများ၏ ဘေလ်ကိုမပေး
ဆောင်ရသဖြင့်လည်း မည်သူ၏ဖုန်းခေါ်ဆိုခြင်းများကို မဆို ခင်သူဇာ ကူညီပေးမြဲဖြစ်သည်။ သို.သော် ယခုလို
ချစ်သူချင်းပြောဆိုသည့်ဖုန်းခေါ်ဆိုခြင်းများကိုတော့ အိပ်ရေးပျက်ခံပြီး ခင်သူဇာ မလုပ်ပေးချင်ပေ။

အဆောင်တွင်နေထိုင်ကြသော မိန်းကလေးအများစုတွင် ၆-သိန်းဝန်းကျင်လောက်သာကုန်ကျသော ဖုန်းတစ်လုံးကို
လူတိုင်းနီးပါးကိုင်ဆောင်နိုင်ကြသည်။ အချို.သော မိန်းကလေးများသည် မိမိတို.၏ အိမ်များမှ ၀ယ်ပေးနိုင်ကြပြီး အချို.
သော မိန်းကလေးများကတော့ မိမိတို.ကိုယ်ပိုင်ဝင်ငွေများဖြင့် ကိုင်ဆောင်နိုင်ကြသည်။ အချို.သော မိန်းကလေးများ
သည် မိမိတို.ရုံးများမှ အလုပ်ကိစ္စအဆင်ပြေစေရန် ၀န်ဆောင်မှု.ပေးထားတာဖြစ် ပြီး အချို.ကတော့ ငှားရမ်းကိုင်
ဆောင်ကြသည်။ မည်သူမဆို ဖုန်းတစ်လုံးကို ဘယ်လိုနည်းဖြင့်ပင်ဖြစ်စေ ကိုင်ဆောင်နိုင်ကြပါသော်လည်း အချို.အချို.
သော မိန်းကလေးများမှာမူ ဒီငွေပမာဏလောက်သာရှိသော ဖုန်းတစ်လုံးကို မိမိတို.၏ ၀င်ငွေပေါ်မှာ မူတည်ပြီး ၀ယ်ပြီး
ကိုင်ဆောင်နိုင်ခြင်းမရှိသလို ငှားရမ်းပြီးကိုင်ဆောင်နိုင်ခြင်းမျိုး တောင် မရှိကြပေ။
ထိုအထဲတွင် ပိုးဥဖြူ အပါအ၀င်ဖြစ်သည်။

ရန်ကုန်ဆိုတဲ့ မြို.တော်ကြီးမှာ မိန်းကလေးများသည် ပညာမျိုးစုံ ပုံစံမျိုးစုံ ဘ၀မျိုးစုံ ဖြင့် အသက်မွေးဝမ်း ကြောင်းပြီး
ဘ၀ကိုရပ်တည်နေကြရသည်။ ခင်သူဇာနေသော အဆောင်တွင်လည်း အစိုးရအလုပ်များတွင် လုပ်ကိုင်နေသောသူများ၊
company များတွင် လုပ်ကိုင်နေကြသောသူများ၊ စားသောက်ဆိုင်များ နိုက်ကလပ် များတွင်လုပ်ကိုင်နေကြသောသူများ၊
စက်ချုပ်သူများ၊ ဈေးသည်များ၊ ကျောင်းသူများ စသဖြင့် အလွှာပေါင်းစုံ ရှိကြပြီးတစ်ယောက်နှင့်တစ်ယောက် ၀င်ငွေ
အချိုးအစားချင်းလည်း မတူကြပေ။ ခင်သူဇာ ကတော့ အစိုးရဘဏ်မဟုတ်သော ဘဏ်တစ်ခုတွင် မန်နေဂျာတစ်ဦးဖြစ်
သည်နှင့်အညီ သင့်တင့်လျှောက်ပတ်သော ၀င်ငွေရှိပေမဲ့ ပိုးဥဖြူတို.လို company သေးသေးတစ်ခုတွင် သာမန်ရုံးဝန်
ထမ်းအလုပ်လေးနေသော မိန်းကလေးဆိုလျှင် တစ်လနှင့်တစ်လ အလျှင်မှီသောပမဏမရှိသည့် လစာကိုသာရသဖြင့်
အစစ အရာရာ အဆင်ပြေခြင်းသိပ်မရှိလှပေ။ ဒါ့ကြောင့် မိန်းကလေးတိုင်း သုံးစွဲချင်ကြသော အလှပြင်ပစ္စည်းများ အ၀တ်
အထည်အသုံးဆောင်များကို ပိုးဥဖြူမှာ မသုံးဆောင်နိုင်ပေ။ နဂိုပင်ကိုယ်အလှလေးဖြင့်သာ တင့်တယ်လှသောသူမအဖို.
တော့ အပိုအသုံးဆောင်ပစ္စည်းများမရှိလည်း ပြည့်စုံလောက်ပါပြီ။

သို.သော်..
‘‘ နင် ငါ့ကို ချစ်တာပဲ သိတယ် ဇော်ဇော် ငါ့အခက်အခဲကို နင်ဘယ်သိမလဲ နင်ခေါ်ချင်တဲ့အချိန်မှာ ဖုန်းခေါ်တော့ ငါ့ကို
မမသူဇာက ကြာရင်ဘယ်ကြည်တော့မလဲ သူက ကြည်တယ်ထားအုံးတော့ ငါ့မှာ အားနာသမှု.တော့ရှိမှ ရမှာပေါ့ ငါ့မှာ
လကုန်ခါနီးတိုင်းလည်း မမသူဇာဆီမှာပဲ ငွေလိုရင် အကူညီတောင်းနေရတာ တခြားအသုံးဆောင်တွေက ငါ့အတွက်
မလိုပေမဲ့ ကိုယ့်ချစ်သူကို ကိုယ်အဆက်သွယ်ရဖို.တော့ ငါလည်း ဟန်းဖုန်းတစ်လုံးတော့ ရှိချင်တာပေါ့ ဇော်ဇော်ရယ်..’’


ခင်သူဇာ ရုံးကပြန်လာချိန်မှာ အဆောင်ရှေ.က ဈေးဆိုင်လေးတွင် ခင်သူဇာ ဖုန်းပြောနေသံကို စိတ်မကောင်းစွာ
ကြားလိုက်ရခြင်းဖြစ်သည်။ နောက်ပိုင်းဘာတွေ ဆက်ပြောတယ်ဆိုတာ မသိလိုက်ပေမဲ့
သူလဲ လိုချင်ရှာမပေါ့လို.တော့ဖြင့် တွေးမိသေးသည်။

အဲ့ဒီနောက်ပိုင်းတော့ ပိုးဥဖြူလေး ခင်သူဇာ့ဖုန်းကို သိပ်မသုံးဖြစ်တော့ပေ။ ခင်သူဇာလည်း Budget ကာလဖြစ်နေလို.
ရုံးကအပြန်နောက်ကျသလို ပိုးဥဖြူလေးလဲ အလုပ်များသည်ထင်ပါ့။ မတွေ.ဖြစ်တာ တစ်လနီးပါးဖြစ်သွားသည်။
တစ်ရက်တွင်တော့ ဇော်ဇော့်ထံမှ ဖုန်းခေါ်လာသည်။ ခင်သူဇာက ပိုးဥဖြူကို ခေါ်ပေးမည်လုပ်တော့….
‘‘ မခေါ်နဲ. မမသူဇာ..သူလဲ ရှိမှာ မဟုတ်ပါဘူး .. ကျွန်တော် ပိုးဥအကြောင်းသိချင်လို.မမကို ဖုန်းဆက်တာပါ ခုတလော
ပိုးဥနဲ.ကျွန်တော် မတွေ.ဖြစ်ဘူး မမ.. ပိုးဥပြောတော့ အလုပ်မှာ အိုဗာတိုင်ဆင်းနေရတယ် ပြောတယ်.. ဒါပေမဲ့
အလုပ်ကိုလိုက်သွားတော့လည်း မရှိဘူး မမသူဇာ..။ သူ ကျွန်တော့်ကို စိတ်ကောက်နေတာလား မသိဘူး မမသူဇာ
အဲ့ဒါလေး မေးပေးပါနော်’’
ဆိုပြီး ပြောပြီး ဖုန်းချသွားပါတယ်။


ခင်သူဇာလည်း ဟိုတလောတုံးက ဖုန်းကိစ္စနဲ. သူတို. ပြဿနာဖြစ်လောက်တယ်ထင်ပြီး ပိုးဥပြန်လာရင်တော့ ချော့မော့
ပြောမယ်လို. ဆုံးဖြတ်လိုက်ပါတယ်။ သူတို.နှစ်ယောက်ကယူဖို.ထိ ဆုံးဖြတ်ထားကြတာဆိုတော့ ကျွန်မလည်း သူတို.
ကို ဘာမဟုတ်တဲ့ ကိစ္စတွေအတွက် ပြဿနာတွေ မဖြစ်စေချင်ဘူး။ ဒါနဲ. ပိုးဥပြန်လာတဲ့အထိ မအိပ်သေးပဲ
စောင့်နေလိုက်တယ်။

ည ဆယ့်တစ်နာရီထိုးခါနီးလောက်ကျမှ ပိုးဥပြန်ရောက်လာတယ်။ နွမ်းဖတ်နေတဲ့မျက်နှာလေးပေါ်မှာ
တပိုင်းတစခြယ်သထားတဲ့ပြင်ဆင်မှု.တွေနဲ.ပါပဲ။
 (အရင်ကဆိုရင် လှပတဲ့သူမမျက်နှာလေးမှာ သနပ်ခါးလေးပဲ လိမ်းခြယ်ထားတယ်။)
ထူးဆန်းစွာ သူမလက်ကလေးမှာ ဟန်းဖုန်းလေး တစ်လုံးတော့ ကိုင်ထားတာတွေ.မိတယ်။

‘‘ ပိုးဥ… မမဆီကို ဇော်ဇော်ဖုန်းဆက်တယ် ညီမ နဲ. အဆက်သွယ်မရလို.တဲ့ ညနေတိုင်းအိုဗာတိုင်ဆင်းနေတယ်ဆို
ရုံးလိုက်သွားတော့လဲ ညီမကို မတွေ.လို. စိတ်ပူတယ်တဲ့။ အပြင်မှာ တခြား part time တွေပဲ လုပ်နေတာလား။
ညီမ သူနဲ. တွေ.လိုက်အုံးနော်..။ စိတ်ကောက်နေတယ်ဆို။ အကြာကြီးစိတ်ကောက်မနေနဲ.ပေါ့ ရန်ကုန်မှာ သူနဲ.
ကိုယ်နှစ်ယောက်ထဲရှိတာကို ပိုးဥရယ်..’’
‘‘ ဒီအတိုင်းသာ ရှိစေတော့ မမရယ်.။ အဆင်ပြေမလားလို. Part time လုပ်နေတာပါ အဆင်မပြေပါဘူး မမရယ်။
သူ.ကိုလည်း မတွေ.ချင်တော့လို. သူအဆက်သွယ်လုပ်တာကိုလည်း ဖုန်းမပြောဖြစ်တာပါ..’’

ခင်သူဇာ့မျက်နှာကိုလည်း စေ့စေ့မကြည့်တော့ပဲ ပိုးဥဖြူ သူ.အခန်းထဲ ၀င်သွားတယ်။ ခင်သူဇာလည်း သူမ
ထပ်ပြောချင်တဲ့ ဆန္ဒမရှိမှန်းသိတော့ မပြောဖြစ်တော့ဘူး။
ဒီနေ.တော့ ခင်သူဇာ အတော်ခေါင်းကိုက်နေလို. ရုံးကနေစောစော ပြန်လာဖြစ်တယ်။ မနီးမဝေးကဆိုပေမဲ့
အဆောင်လမ်းထိပ်ကိုလှမ်းမြင်နေရပြီး ကားလေးတစ်စီးရပ်ထားတာတွေ.တယ်။ ခဏနေတော့ ပိုးဥဖြူ ထွက်လာပြီး
မထင်မှတ်ထားပဲ အဲ့ဒီကားပေါ်ကို သူမတက်သွားတယ်။ တက်ပြီးပြီးချင်းကားလေးက ထွက်သွားပါတယ်။ ဇဝေဇ၀ါ
ဖြစ်နေတဲ့ ခင်သူဇာ့စိတ်ကြောင့် ဈေးဆိုင်လေးထဲက အသိအမျိုးသမီးကို မေးဖြစ်ပါတယ်။
‘‘ အမရေ ဟိုကားပေါ်တက်သွားတာ ပိုးဥဖြူလေးလားလို. ဟုတ်လား အမ ’’
‘‘ ဟုတ်တယ် ခင်သူဇာ ဘာဖြစ်လို.လဲ’’
‘‘ ဘာမှတော့ မဖြစ်ပါဘူး ထူးဆန်းလို.မေးဖြစ်လိုက်တာ
ကားကရော သူ part time သွားလုပ်တဲ့အလုပ်က ကားလားအမ ’’
‘‘ ဘယ်ကသာ ဟုတ်ရမှာလဲ ခင်သူဇာရယ်… အဲ့ကားပေါ်က ကောင်က ပိုးဥကို မ.. မ.. သွားတာ တစ်လကျော်ပြီလေ..
လူလည် ခင်သူဇာရေ… ဒီလမ်းထဲမှာ မိန်းကလေးအဆောင်တွေ ရှိမှန်းသိတော့ လာ လာ ပြီး ‘ ဂွင် ’ ရှာနေတာလေ..
သူရှာတဲ့ ‘ ဂွင် ’ မိသွားရင် ပျောက်ပျောက်သွားပြန်ရော..ပြီးရင် ပြန်ရောက်လာပြန် ရောလေ.. ’’

‘‘ နားမရှင်းဘူး အမ.. ‘ ဂွင် ’ ဆိုတာ ဘာကိုပြောတာလဲ ပြီးတော့… ပိုးဥက ရိုးရိုးသားသား လုပ်ကိုင်
စားသောက်နေတဲ့ ကလေးမလေးပါ..’’

‘‘ အရင် က ရိုးတယ်ဆိုတာ မှန်တယ် ခင်သူဇာရေ… ခုတော့ မရိုးတော့ဘူးလေ..။ ဂွင်..ဆိုတာကတော့ အဲ့ကောင်က
လူလည်အလုပ်ကိုလုပ်တာလေ..။ ရန်ကုန်မှာ နယ်က ကျောင်းလာတက်တဲ့ကောင်မလေးတွေ အလုပ်လာလုပ်တဲ့
ကောင်မလေးတွေထဲကမှ ဘယ်သူအဆင်မပြေဘူးလဲပဲ လိုက်ချောင်းနေတာ။ ငွေကြေးအဆင်မပြေတဲ့ မိန်းကလေး
တွေကို သူကလိုက်ရောတယ် ခင်အောင်လုပ်တယ် အဆင်ပြေမဲ့အလုပ်ကိုရှာပေးမယ်ပြောတယ်.. အပြောကောင်း
တော့ အရင်သူနဲ.ကြိုက်တယ်လေ ပြီးရင်အသုံးတော်ခံလိုက်တာပဲ နောက်ပိုင်းကျရင်တော့ ကောင်မလေးတွေက
လိုင်းထဲရောက်သွား ရောပဲလေ။ ခုခေတ်မှာက နည်းမျိုးစုံနဲ. မိန်းကလေးတွေကို သိမ်းသွင်းနေကြတာလေ။
‘ အ ’ ရင် ‘ လောဘ’ တက်ရင်တော့ ခံကြရမှာပဲ။ တစ်ရက်က ‘အမ’ ဆိုင်မှာ ပိုးဥကဖုန်းပြောနေတယ်လေ..။ ငွေကြေး
အဆင်မပြေကြောင်းတွေ ပြောသံကြားနေရတာပဲ ပြီးတော့ ဖုန်းတစ်လုံးလိုချင်ကြောင်းလဲ ပြောနေတာပဲ..။ အဲ့ဒီနေ.က
အဲ့ကောင်က အမ.ဆိုင်မှာ ဈေးဝယ်နေတာ..။ ပိုးဥပြောတာတွေ အကုန်ကြားနေတာပေါ့..။ ပိုးဥလဲ ဖုန်းပြောပြီးရော
သူက နောက်ကနေလိုက်သွားတယ်လေ..နောက်ပိုင်းတော့ ဒီလိုအခြေအနေရောက်သွားတာပဲ ခင်သူဇာရယ် ခုတော့
ကောင်မလေးလဲ ဖုန်းကိုင်နိုင်ပြီလေ.. ဒါပေမဲ့ မကြာပါဘူး အဲ့ကောင်က နောက်တစ်ယောက်ပြောင်းမှာပဲ ’’

အဲ့လောက်ပါပဲ နောက်ပိုင်းစကားတွေကို ခင်သူဇာဆက်ကြားနိုင်စွမ်းမရှိတော့လို. စကားစကိုဖြတ်ပြီး ပြန်လာခဲ့ရတယ်..။
ဒါဆို ပိုးဥဖြူ part time အလုပ်ဆိုတာ မဟုတ်တော့ဘူးပေါ့..။ သူမဘာဖြစ်နေလဲ.. အတွေးစများစွာဖြင့်..။
မိန်းမချင်းကိုယ်ချင်းစာစိတ်နဲ. ၀မ်းနည်းစွာဖြင့် အဆောင်သို. ပြန်လာခဲ့ရပါတော့တယ်။


(စိတ်ကူးယဉ်ရေးထားခြင်းမဟုတ်ပါ။ နောက်လအနည်းငယ်အတွင်း ငွေ 5000/-တန် ဖုန်းကဒ်များ သုံးခွင့်ရတော့မည်
ကို ကြားသိရလို. ငွေ 500000/- ပေးမှ ကိုင်ခွင့်ရှိမည့်ဖုန်းကို လိုချင်လွန်းသဖြင့် ဘ၀ယိုင်သွားသော မိန်းမငယ်လေး
တစ်ယောက်အကြောင်းကို ရေးဖွဲ.ထားတာပါ။ ချစ်စရာ့အရွယ် ပိုးဥလေးလိုဖြုဖြူနုနုနဲ.လှလို. ပိုးဥဖြူလို. ဇတ်ကောင်
အမည်ကို ပေးထားတာကလွဲရင် ကျန်တာအားလုံး အဖြစ်မှန်တွေပါ။ ဒီခေတ်ဒီအခါမှာ အမျိုးသမီးလေးများ ပျက်စီး
ချင်လျှင် လွယ်လွယ်လေးမို. ဘာပဲ ပြောပြော ထိန်းထိန်းသိမ်းသိမ်းနေမယ်ဆိုရင် လုံခြုံမှာပါ။ တစ်ချက်လေးမှားတာနဲ.
ဘ၀တစ်သက်မှာ အမဲစက်တွေစွန်းထင်းတာတွေ ကင်းဝေးနိုင်ကြပါစေ။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...