စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြေကြီးကို အက်ကြောင်းထစေသူများ (သို့) ငရဲကို အသံနက်စေသူများ

by ဗုဒ္ဓဟောကြား မြတ်တရား on Tuesday, January 10, 2012 at 6:32pm

သမိုင်းကို စာမျက်နှာ ပြန်ဖွင့်ကြည့်လိုက်ကြလျှင် မြတ်စွာဘုရား ၏ ဂုဏ်တော်၊ ကျေးဇူးတော်၊ တန်ခိုးတော်အနန္တ၊ ဘုန်းတော်အနန္တ တွေကို အတင်းအဓမ္မယှဉ်ပြိုင်တိုက်ခိုက်ရင်း၊ လီဆယ်၊ သမုတ်၊ မဟုတ်မဟတ် လုပ်ဇာတ်တွေခင်းပြီး လိမ်လည်ပြောဆို၊  စွပ်စွဲခဲကြလို့ မြေကြီးကို အက်ကြောင်းထစေခဲ့သူများကတော့


သုပ္ပဗုဒ္ဓ (ယသောဓရာမင်းသမီးလေး၏ ဖခင်)
ရှင်ဒေ၀ဒတ် (ယသောဓရာမင်းသမီးလေး၏ အစ်ကို)
စိဉ္စမာဏ

ကိလေသာကင်းစင်ပြီးသား ရဟန္တာကိုယ်တော်မြတ်ကြီးတွေဖြစ်တော်မူသော အဂ္ဂသာဝက ကြီးများဟု အမည်သမုတ်ခံထားရတဲ့ ဘွဲ့ထူးပိုင်ရှင်တွေဖြစ်တဲ့ ရှင်သာရိပုတ္တရာမထေရ် နဲ့ ရှင်မဟာမောဂ္ဂလာန်မထေရ် တို့ကို နာကျင်၊ ခံခက်၊ သေစေလိုခဲ့မှုကြောင့် အကုသိုလ်ကံကြွေးတင်လို့ ငရဲက သံစုံမြည်ဟီး မြေကြီးကို ဖြဲလို့ စွဲချခံခဲ့ ရတဲ့

နန္ဒဘီလူး
တိတ္ထိဆရာကြီးတွေ နဲ့ ခိုးသားငါးရာ


ဒီလူတွေကို မဟာဂရုဏာရှင်ကြီးဖြစ်တဲ့ မြတ်ဗုဒ္ဓနဲ့ ရဟန္တာမထေရ်ကြီးတွေ သည်းခံမပျက်၊ ရန်တုန့်မပြန်၊ ခိုက်ရန်မဖြစ်၊ အပြစ်မပြော၊ ညင်းချက်မပါ၊ ဖက်တုမပြိုင် ပါဘဲ မေတ္တာတရား
ကြီးမားစွာနဲ့ ခွင့်လွတ်သည်းခံခဲ့ကြပေမယ့်... ပြုသူများ၏ အသွေးထဲအသားထဲ စူးစိုက်တိုးဝင် ထုတ်ချင်းပေါက် အမြစ်တွယ်နေတဲ့ အကုသိုလ်ကံတွေကတော့ မညာတာခဲ့ပါဘူး။ ခွင့်မလွတ်ခဲ့ပါဘူး၊ မေတ္တာမထားနိုင်ခဲ့ပါဘူးဓမ္မမိတ်ဆွေတို့ရေ….။ ဒါကြောင့် ပြုသူအသစ်၊ ဖြစ်သူအဟောင်း အကုသိုလ်ကံ၏ ပြင်းထန်တဲ့ ရိုက်ချက်များစွာကို အသေအကြေခံ ယူခဲ့ရတာပါလား….

“ကလျာဏ ကာရီ ကလျာဏံ၊ ပါပ ကာရီ စ ပါပကံ” တဲ့ ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးပေးခံစားရမယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့ အကျိုးပေးကို ခံစားရမယ်ဆိုတဲ့ အကြောင်းတရားတွေ…..

“ယာဒိသံ ၀ပ္ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ” မိမိကိုယ်တိုင်စိုက်ပျိုးထားတဲ့ စိုက်ပင်က သီးလာတဲ့ အသီးကိုသာ မိမိကိုယ်တိုင်စားသုံးရမှာဖြစ်ပါတယ်ဆိုတဲ့ အကြောင်းတရားတွေ ကို မထေရ်မြတ်ကြီးများမှ ဟောဖော်ညွန်ပြ ဆိုဆုံးမပြနေသလိုပါဘဲ။

ဒီလိုပါဘဲဓမ္မမိတ်ဆွေတို့ရေ….အခုပစ္စုပ္ပန် သံသရာဝဲသြဃ ထဲမှာလည်း မြတ်ဗုဒ္ဓ၏ ဂုဏ်တော်၊ ကျေးဇူးတော်၊ မြတ်ဗုဒ္ဓဟောကြားဆုံးမထားတဲ့ တရားတော်တွေ၊ မြတ်ဗုဒ္ဓ၏ တပည့်သားသံဃာတော်တွေရဲ့အပေါ်မှာ ရိုင်းပြမှုတွေ၊ ပြစ်တင်မှုတွေ၊ ရုတ်ရင်းကြမ်တမ်း တဲ့ အပြောအဆိုတွေ၊ လီဆယ်၊ သမုတ်၊ မဟုတ်မဟတ် လုပ်ဇာတ်တွေ၊ ညင်းခုန်မှုတွေ၊ ရန်တိုက်ပေးမှုတွေ၊ ပုထုဇဉ်လူသားတွေက ဆုံးမသြ၀ါဒပေးမှုတွေ၊ ဒါမျိုးမလုပ်ရဖူး၊ ဒါမျိုးလုပ်မှ၊ ဒီအချက်တော့ ၀ိနည်းနဲ့ ညှိတယ်၊ ဒါတော့ မညှိဘူးဟေ့၊ ဒါလေးတော့ ပြင်လိုက်ပါဘုရား၊ ဒီလိုတော့ မလုပ်နဲ့လေ၊ မှားနေရင်တော့ ပြင်မှာဘဲ၊ ၀ိနည်းမနိုင်ရင် မ၀တ်နဲ့ပေါ့၊ သာသနာကို မြင့်တင်နေတာ မကြိုက်ရင်လည်း မတတ်နိုင်ဘူး၊ စသည်..စသည်တို့ကိုလည်း မျက်မြင်ကိုယ်တွေ့ မြင်နေရသမို့ ထိုသို့ သော လုပ်ရပ်များအပေါ် ဗုဒ္ဓဘာသာဝင်များပီပီပြန်လည်ချင့်ချိန်သုံးသပ်ကြဖို့ လိုအပ်နေပါပီ။

ကိုယ်ပြုလိုက်သော စေတနာကံလေးတစ်ခုက အပြုခံရသူ၏ သီလ၊ သမာဓိ၊ ပညာ ကြီးရင့်မှု၊ မြင့်မြတ်မှု၊ အနည်းအများပေါ်လိုက်လို့ ကိုယ်ပြုသော ကံ၏ အတိမ်အနက်ကို လိုက်လို့ နောက်က ထပ်ချပ်မကွာလိုက်နေတယ်ဆိုတာလေးကို သတိပြုမိစေချင်ပါတယ်။ သာသနာမပျက်မစီးဖို့ စေတနာထက်သန်၍ ပြုမိသော စေတနာ၊ သာသနာကို တိုးတက်ထွန်းကားဖို့ စေတနာထား၍ ပြုနေသော စေတနာ၊ အချို့ အချို့သော ပုဂ္ဂိုလ်များ၏ မလိုလားအပ်တဲ့ ထင်ပေါ်ကျော်ကြား လူကြိုက်များလိုခြင်းစေတနာ ကနေပြီး မြေကြီးကို အက်ကြောင်းတွေ ထင်စေခဲ့ရင်(သို့မဟုတ်) အနည်းဆုံးတော့ ငရဲကို အသံမြည်စေခဲ့ရင်တော့ ပြုသူအသစ်၊ ဖြစ်သူအဟောင်း သံသရာမှာ တပြန်တလှည့်ပြောင်းလို့ “ကလျာဏ ကာရီ ကလျာဏံ၊ ပါပ ကာရီ စ ပါပကံ” ဆိုတဲ့ အကြောင်းကောင်းရင်အကျိုးကောင်းပြီး အကြောင်းမကောင်းတာတွေ မဖြစ်စေဖို့ နိုးဆော်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ…

 ဓမ္မမိတ်ဆွေများ ဒါနသတိအမြဲ၇ှိကြပါစေ၊ သီလသတိအမြဲရှိကြပါစေ၊ တရားသတိ အမြဲရှိကြပါစေ၊
ကိုမောင်မောင် (ဗုဒ္ဓဟောကြား မြတ်တရား)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...