စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မကွေးတိုင်းဒေသကြီး၏ အရုဏ်တက်/နေထွက်/နေဝင် ကောက်ကိန်း



မကွေးတိုင်းဒေသကြီး၏ အရုဏ်တက်/နေထွက်/နေဝင် ကောက်ကိန်း
မကွေးမြို့၏ အရုဏ်တက်/နေထွက်/နေဝင် ကောက်ကိန်း


      မကွေးးမြို့သည် မြောက်လတ္တီကျု ၂၀ံN ၁၀'နှင့်အရှေ့လောင်ဂျီကျု ၉၄ံE ၅၆'ပေါ်တွင်တည်ရှိပါ၍ 
 မြန်မာစံတော်ချိန်မျဉ်း(အရှေ့လောင်ဂျီကျု ၉၇ံE ၃၀')၏ အနောက်ဖက်တွင်ကျရောက်၏။ဒေသအချိန်နှင့်
 မြန်မာစံတော်ချိန်နာရီခြားနားချက်မှာ ၁၀-မိနစ်၊၁၆-စက္ကန့်ကွာခြား၏။ဖော်ပြပါ အရုဏ်တက်/နေထွက်/နေဝင်
ဇယားသည် ဒေသအချိန်ကို  အနီးစပ်ဆုံး ၁၀-မိနစ်ပေါင်း၍ မြန်မာစံတော်ချိန်သို့ပြောင်းလဲထားသော ဇယား
ဖြစ်ပါသည်။တိုင်းဒေသကြီးတစ်ခုလုံးသည် မြောက်လတ္တီကျု ၁၈ံN ၅၀'မှ မြောက်လတ္တီကျု ၂၂ံN ၄၇'နှင့်
အရှေ့လောင်ဂျီကျု ၉၃ံE ၅၁'မှ အရှေ့လောင်ဂျီကျု ၉၅ံE ၅၅'အတွင်း၌ တည်ရှိရာ မြန်မာစံတော်ချိန်မျဉ်း
၏အနောက်ဘက်တွင် လုံးလုံးလျားလျားကျရောက်နေပါ၍ ပုံမှန်ထက် နေထွက်/နေဝင် နောက်ကျသည်
ကိုတွေ့ရပါမည်။ထို့ပြင်တောင်-မြောက်ရှည်လျားသဖြင့် တိုင်းဒေသကြီးတောင်ပိုင်းနီးရာဒေသများအတွက်
ဖော်ပြပါမကွေးးမြို့၏ အရုဏ်တက်/နေထွက်/နေဝင်ဇယားအား အသုံးပြုနိုင်ပါသည်။

တိုင်းဒေသကြီးမြောက်ပိုင်းနီးရာဒေသများအတွက် ပခုက္ကူမြို့၏အရုဏ်တက်/နေထွက်/နေဝင်ဇယားအား 
အသုံးပြုနိုင်ရန်အတွက်ထပ်ဆင့်ဖော်ပြပါသည်။




             မကွေးတိုင်းဒေသကြီး၏မြို့တော်မှာ မကွေးမြို့ဖြစ်ပြီးခရိုင်ပေါင်း ၅-ခရိုင်ရှိပါသည်။ဧရိယာ
အကျယ်အဝန်းမှာ ၁၇၃၀၅-စတုရန်းမိုင်နှင့် လူဦးရေ (၄၄၆၄,၀၀၀)ရှိရာ ပျမ်းမျှတစ်စတုရန်းမိုင်လျှင် ၂၅၇.၉၆
ယောက်နှုန်း နေထိုင်သော တိုင်းဒေသကြီးဖြစ်ပါသည်။



                   မြို့နယ်ပေါင်း ၂၅-မြို့နယ်ရှိရာ.....၁။ကံမ၊၂။ချောက်၊၃။ဂန့်ဂေါ၊၄။စလင်း၊၅။စေထုတ္ထရာ၊
၆။ဆော၊၇။ဆင်ပေါင်ဝဲ၊၈။ဆိပ်ဖြူ၊၉။တောင်တွင်းကြီး၊၁၀။ထီးလင်း၊၁၂။နတ်မောက်၊၁၃။ပခုက္ကူ၊၁၄။ပေါက်၊
၁၅။ပွင့်ဖြူ၊၁၆။မြို့သစ်၊၁၇။မြေထဲ၊၁၈။မင်းတုန်း၊၁၉။မင်းဘူး၊၂၀။မင်းလှ၊၂၁။မြိုင်ငူ၊၂၂။ရေစကြို၊
၂၃။ရေနံချောင်း၊၂၄။သရက်၊၂၅။အောင်လံ မြို့နယ်တို့ဖြစ်ကြရာ တိုင်းဒေသကြီးတောင်ပိုင်းနီးရာဒေသများ
အတွက် မကွေးမြို့၏အရုဏ်တက်/နေထွက်/နေဝင်ဇယားအား လည်းကောင်း၊တိုင်းဒေသကြီးမြောက်ပိုင်း
နီးရာဒေသများအတွက် ပခုက္ကူမြို့၏အရုဏ်တက်/နေထွက်/နေဝင်ဇယားလည်းကောင်းအသုံးပြုနိုင်ပါသည်။
 ဇယားကြည့်နည်းအားအောက်တွင် ရှင်းလင်းစွာဖော်ပြထားပါသည်။


    ပခုက္ကူမြို့သည် မြောက်လတ္တီကျု ၂၁ံN ၄၀'နှင့်အရှေ့လောင်ဂျီကျု ၉၅ံE ၀၅'ပေါ်တွင်တည်ရှိပါ၍ 
 မြန်မာစံတော်ချိန်မျဉ်း(အရှေ့လောင်ဂျီကျု ၉၇ံE ၃၀')၏ အနောက်ဖက်တွင်ကျရောက်၏။ဒေသအချိန်နှင့်
 မြန်မာစံတော်ချိန်နာရီခြားနားချက်မှာ ၉-မိနစ်၊၄၀-စက္ကန့်ကွာခြား၏။ဖော်ပြပါ အရုဏ်တက်/နေထွက်/နေဝင်
ဇယားသည် ဒေသအချိန်ကို  အနီးစပ်ဆုံး ၁၀-မိနစ်နှုတ်၍ မြန်မာစံတော်ချိန်သို့ပြောင်းလဲထားသော ဇယား
ဖြစ်ပါသည်။






   မကွေးမြို့၏ အရုဏ်တက်/နေထွက်/နေဝင်ကို ကောက်ယူကြည့်ပါမည်။

ဥပမာ။      ။ဇန်နဝါရီ(၁၇)ရက်နေ့ ၏အရုဏ်တက်/နေထွက်/နေဝင်သိလိုလျှင် ပြာသိုလ(ဒီဇင်ဘာ၂၂)
 အတန်းအားမှတ်၍ထားပါ။





        *ဒီဇင်ဘာ(၂၂)မှဇန်နဝါရီ(၁၇)ရက်နေ့အထိဝင်ရောက်လာသောရက်ပေါင်း= ၂၆-ရက်။*ပြာသိုလ
(ဒီဇင်ဘာ၂၂)အတန်း၏စားကိန်းသည် ၃၀။စရဒ္ဓ(ခြားနားကိန်း)သည် ၆။ညှိရန်(-)(-)(+)ဖြစ်သည်။
*ဇန်နဝါရီ ၁၇-ရက်အတွက်ညှိကိန်းမှာ=(၂၆x၆)÷၃၀=၅.၂၀ ဖြစ်၍ ၅-မိနစ်ဟုမှတ်ပါ။*ပြာသိုလ၏ 
အရုဏ်တက်/နေထွက်တွင် နှုတ်ပြီး။ နေဝင်တွင်ပေါင်းလျှင် 



ဇန်နဝါရီ ၁၇-ရက်၏ 





အရုဏ်တက်=၅း၅၉-၀း၀၅=၅း၅၄-နာရီ။ 




နေထွက်=၆း၄၇-၀း၀၅=၆း၄၂-နာရီ။




နေဝင်=၅း၃၃+၀း၀၅=၅း၃၈-နာရီ ဟူ၍ ရရှိပါမည်။



   ထို့ကြောင့် ဇန်နဝါရီ(၁၇)ရက်နေ့အတွက် မကွေးမြို့၏အရုဏ်တက်/နေထွက်/နေဝင်မှာ
အရုဏ်တက်ချိန်=နံက် ၀၅း၅၄ နာရီ




နေထွက်ချိန်=နံက် ၀၆း၄၂ နာရီ





နေဝင်ချိန်=ညနေ ၅း၃၈ နာရီ-ဟု ရရှိပါမည်။






         ထို့အတူ ပခုက္ကူမြို့၏ အရုဏ်တက်/နေထွက်/နေဝင်ကိုလည်း ကောက်ယူကြည့်ပါမည်။
ဥပမာ။      ။ဇန်နဝါရီ(၁၇)ရက်နေ့ ၏အရုဏ်တက်/နေထွက်/နေဝင်သိလိုလျှင် ပြာသိုလ(ဒီဇင်ဘာ၂၂)
 အတန်းအားမှတ်၍ထားပါ။





        *ဒီဇင်ဘာ(၂၂)မှဇန်နဝါရီ(၁၇)ရက်နေ့အထိဝင်ရောက်လာသောရက်ပေါင်း= ၂၆-ရက်။*ပြာသိုလ
(ဒီဇင်ဘာ၂၂)အတန်း၏စားကိန်းသည် ၃၀။စရဒ္ဓ(ခြားနားကိန်း)သည် ၆။ညှိရန်(-)(-)(+)ဖြစ်သည်။
*ဇန်နဝါရီ ၁၇-ရက်အတွက်ညှိကိန်းမှာ=(၂၆x၆)÷၃၀=၅.၂၀ ဖြစ်၍ ၅-မိနစ်ဟုသာလျှင်မှတ်ပါ။*ပြာသိုလ၏ 
အရုဏ်တက်/နေထွက်တွင် နှုတ်ပြီး။ နေဝင်တွင်ပေါင်းလျှင် 



ဇန်နဝါရီ ၁၇-ရက်၏ 





အရုဏ်တက်=၆း၀၃-၀း၀၅=၅း၅၈-နာရီ။ 




နေထွက်=၆း၅၁-၀း၀၅=၆း၄၆-နာရီ။




နေဝင်=၅း၂၉+၀း၀၅=၅း၃၄-နာရီ ဟူ၍ ရရှိပါမည်။



   ထို့ကြောင့် ဇန်နဝါရီ(၁၇)ရက်နေ့အတွက် ပခုက္ကူမြို့၏ အရုဏ်တက်/နေထွက်/နေဝင်မှာ
အရုဏ်တက်ချိန်=နံက် ၀၅း၅၈ နာရီ




နေထွက်ချိန်=နံက် ၀၆း၄၆ နာရီ





နေဝင်ချိန်=ညနေ ၅း၃၄ နာရီ-ဟု ရရှိပါမည်။






  အထက်ပါ မြို့နှစ်မြို့၏ အရုဏ်တက်/နေထွက်/နေဝင်ကိုကြည့်ခြင်းအားဖြင့် တည်နေရာ လတ္တီကျု၊
လောင်ဂျီကျု အရ မတူညီကြောင်းတွေ့ရပါမည်။




         ထို့အပြင် တိုင်းဒေသကြီးမြောက်ဘက်စွန်းပိုင်းနီးရာဒေသများကောက်ယူနိုင်ရန်အတွက် ဂန့်ဂေါမြို့၏ 
အရုဏ်တက်/နေထွက်/နေဝင်ကိုလည်း ကောက်ယူကြည့်ပါမည်။


    ဂန့်ဂေါမြို့သည် မြောက်လတ္တီကျု ၂၂ံN ၁၀'နှင့်အရှေ့လောင်ဂျီကျု ၉၄ံE ၀၆'ပေါ်တွင်တည်ရှိပါ၍ 
 မြန်မာစံတော်ချိန်မျဉ်း(အရှေ့လောင်ဂျီကျု ၉၇ံE ၃၀')၏ အနောက်ဖက်တွင်ကျရောက်၏။ဒေသအချိန်နှင့်
 မြန်မာစံတော်ချိန်နာရီခြားနားချက်မှာ ၁၃-မိနစ်၊၃၆-စက္ကန့်ကွာခြား၏။ဖော်ပြပါ အရုဏ်တက်/နေထွက်/နေဝင်
ဇယားသည် ဒေသအချိန်ကို  အနီးစပ်ဆုံး ၁၄-မိနစ်ပေါင်း၍ မြန်မာစံတော်ချိန်သို့ပြောင်းလဲထားသော ဇယား
ဖြစ်ပါသည်။






ဥပမာ။      ။ဇန်နဝါရီ(၁၇)ရက်နေ့ ၏အရုဏ်တက်/နေထွက်/နေဝင်သိလိုလျှင် ပြာသိုလ(ဒီဇင်ဘာ၂၂)
 အတန်းအားမှတ်၍ထားပါ။





        *ဒီဇင်ဘာ(၂၂)မှဇန်နဝါရီ(၁၇)ရက်နေ့အထိဝင်ရောက်လာသောရက်ပေါင်း= ၂၆-ရက်။*ပြာသိုလ
(ဒီဇင်ဘာ၂၂)အတန်း၏စားကိန်းသည် ၃၀။စရဒ္ဓ(ခြားနားကိန်း)သည် ၇။ညှိရန်(-)(-)(+)ဖြစ်သည်။
*ဇန်နဝါရီ ၁၇-ရက်အတွက်ညှိကိန်းမှာ=(၂၆x၇)÷၃၀=၆.၀၇ ဖြစ်၍ ၆-မိနစ်ဟုသာလျှင်မှတ်ပါ။*ပြာသိုလ၏ 
အရုဏ်တက်/နေထွက်တွင် နှုတ်ပြီး။ နေဝင်တွင်ပေါင်းလျှင် 



ဇန်နဝါရီ ၁၇-ရက်၏ 





အရုဏ်တက်=၆း၀၈-၀း၀၆=၆း၀၂-နာရီ။ 




နေထွက်=၆း၅၆-၀း၀၆=၆း၅၀-နာရီ။




နေဝင်=၅း၃၂+၀း၀၆=၅း၃၈-နာရီ ဟူ၍ ရရှိပါမည်။



   ထို့ကြောင့် ဇန်နဝါရီ(၁၇)ရက်နေ့အတွက် ဂန့်ဂေါမြို့၏ အရုဏ်တက်/နေထွက်/နေဝင်မှာ
အရုဏ်တက်ချိန်=နံက် ၀၆း၀၂ နာရီ




နေထွက်ချိန်=နံက် ၀၆း၅၀ နာရီ





နေဝင်ချိန်=ညနေ ၅း၃၈ နာရီ-ဟု ရရှိပါမည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...