စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မလေးရှား တရုတ်နှစ်သစ်ကူး (၇)ရက်တရားစခန်း (၂၂.၁.၂၀၁၂)မှ (၂၉.၁.၂၀၁၂)အထိ

                 (သင်ဘာစိတ်နှင့် သေမည်နည်း)
   ဓမ္မမိတ်ဆွေ ယောဂီသူတော်စင် အပေါင်းတို့ခင်ဗျာ....
၂၀၁၂ မလေးရှားတရုတ်နှစ်သစ်ကူး (၇)ရက်တရားစခန်း
ထူးခြားသော အခွင့်အရေး သတင်းကောင်းတခုကို
နိဗ္ဗာန် အကျိုးမျှော်လျက် နှိုးဆော် သိစေအပ်ပါသည်။
မူလသဲအင်းဂူ ဆရာတော်ဘုရားကြီး၏ တပည့်တစ်ဦးဖြစ်သည့် ကျောက်ပန်းတောင်းမြို့ သဲအင်းဂူကျောင်းမှ မဟာကမ္မဌာနာ စရိယ ဆရာတော် ဦဓမ္မသာမိသည် ၂၀၁၂ တရုတ်နှစ်သစ်ကူး အခါသမယတွင် မလေးရှာနိုင်ငံ ကွာလာလမ်ပူမြို့ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဌာန်းရိပ်သာ တွင် (၇)ရက်တရားစခန်း ဖွင့်လှစ်ပြီး ၀ိပဿနာတရားများကို ဟောပြောသင်ကြား ပြသ ပေးမည် ဖြစ်ပါသည်။
ဆရာတော်သည် ရဟန်းတရားကို ကြီးမားသော သဒ္ဓါ-၀ိရီယ-သီလ-သမာဓိ-ပညာ တို့ဖြင့် အားထုတ်ထားသော ထူးခြားထက်မြက်သည့် ပုဂ္ဂိုလ်ထူး တစ်ဦးဖြစ်ပါသည်။ ဆရာတော်သည် တရားအားမထုတ်သေးဖူးသူများကိုလည်း အခြေခံမှစတင်ပြီး စိတ်ရှည်စွာ တရားပြသပေးနေသလို တရားအားထုတ်ဖူးသူများကိုလည်း တရားပိုမိုနားလည် တိုးတက်စေရန်အတွက် လမ်းညွှန်ပြသပေးနေသူဖြစ်လေသည်။
တစ်ထိုင်တည်းနှင့် ဒိဌိဖြုတ် အပါယ်လွတ်အောင် ထင်ထင်ရှားရှား တရားပြသပေးနိုင်ပြီး တရားစခန်းရက်အတွင်း စည်းစနစ် ကျစွာ အခြေခံမှစ၍ တရားအသိညဏ်ထူးများ ဖြစ်ပေါ်စေရန် တရားပြသပေးနိုင်သူ ဖြစ်လေသည်။ထူးခြားသော အခွင့်အရေး ဖြစ်သဖြင့် ယောဂီဟောင်း ယောဂီသစ်များအား သိရှိစေရန်အလို့ငှာ မေတ္တာရှေ့ထား၍ ဖိတ်ကြား အသိပေး ကြေငြာအပ်ခြင်း ဖြစ်ပါသည်။ဆရာတော်သည် မြန်မာပြည်အနှံ့ တရားစခန်းများတွင် တရားပြသနေပြီး မအားလပ်သည့်ကြားမှ မလေးရှားကို အချိန်ပေး၍ လာရသောကြောင့် တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း ရိပ်သာဝင်တရားအားထုတ်လိုသူ ယောဂီများနှင့် အွန်လိုင်းမှတဆင့် တိုက်ရိုက် live ကို http;//www.justin.tv/kotseikkosit မှ ထုတ်လွှင့်သွားမည်ဖြစ်သောကြောင့် ယောဂီများကံထူးနေကာ တရားနာယူကျင့်ကြံအားထုတ်ဖို့အတွက် အခွင့်အရေးထူးကြီးဖြစ်ပါသည်။
-တရားစခန်း (၇)ရက်အတွင်း ဒုလ္လဘ ရဟန်းဝတ်ကာ တရားအားထုတ်လိုသူများနှင့် သီလရှင်ဝတ်ကာ တရားအားထုတ်လိုသူများအတွက်လည်း စီစဉ်ပေးမည် ဖြစ်ပါသည်။
ကျောက်ပန်းတောင်း ဆရာတော်ဘုရားကြီး၏ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဌာန်းရိပ်သာ(MALAYSIA KL)တွင် ဟောကြားသော တရားတော်များကို http;//www.justin.tv/kotseikkositမှ..၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၂၂ရက်မှ ၂၉ရက်နေ့အထိ (၇)ရက်တိုင်တိုင် အောက်ပါ မလေးရှားစံတော်ချိန်များတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။
နံနက်..၅ နာရီမှ ၆နာရီအထိ (အာနာပါန)
နံနက်..၈နာရီမှ ၁၀နာရီအထိ(ရှုကွက်တရား)
နေ့လည်..၁ နာရီမှ ၂နာရီအထိ(ဟောတရား)
နေ့လည်..၂နာရီမှ ၄ နာရီအထိ (ရှုကွက်တရား)
ညနေ..၄ နာရီခွဲမှ ၆နာရီခွဲအထိ (ရှုကွက်တရား)
ည..၇ နာရီ (တရားဆွေးနွေး)
(၂၁.၁.၂၀၁၂) စနေနေ့ အရောက် တစ်ရက်ကြိုလာရမည်။
နေရာ။ ။ကိုယ့်စိတ်ကိုယ်စစ် ကမ္မဌာန်းရိပ်သာ
           No.18,jalan 13/105
            TAMAN MIDAH,CHERAS
           KUALALUMPUR.(cheras taman midah TESCO ကုန်တိုက်နှင့် jalan midah 15 အနီးတွင် တည်ရှိပါသည်။
လမ်းညွှန်။ ။KL MYDIN ကုန်တိုက်နှင့် ဇေယျာ စတိုး အနီးမှ မက်ထရို ၆၂ , ၆၅  ကားကိုစီး၍ TAMAN MIDAH မှတ်တိုင်တွင်               ဆင်းပါ။လာကြိုပေးပါမည်။
ဆက်သွယ် စုံစမ်းရန်။ ။၀၁၆ ၉၀၇၇၇၈၀၊၀၁၆ ၂၀၅၅၃၃၄၊၀၁၂ ၂၄၈၉၀၆၆၊၀၁၂ ၂၁၇၄၈၆၅၊၀၁၂ ၉၁၀၁၀၁၄၊၀၁၂ ၉၃၁၇၆၀၇
မှတ်ချက်။ ။ဝင်ကြေးမရှိ။(၇) ရက်အဓိဌာန် စခန်းပြီးဆုံးသည်အထိ အားထုတ်နိုင်သူ ယောဂီများကိုသာ ဦးစားပေး လက်ခံမည်ဖြစ်ပြီး..ကြိုတင်စာရင်းပေး သွင်းရန် လိုအပ်ပါသည်။ယောဂီဦးရေ ကန့်သတ်ထားပါသည်။
      မလေးရှားရောက် ဧဒင်ဥယျာဉ်မှ သူငယ်ချင်းများ ကိုလည်း တရား သွားရောက် အားထုတ်ရန် အသိပေးတိုက်တွန်း နိုးဆော်အပ်ပါသည် ခင်ဗျာ။  ။ အားလုံး ငြိမ်းချမ်းကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...