(၂၁)ရာစုတွင် ထွက်ပေါ်လာသည့် ကမ္ဘာ့အင်အားကြီး နိုင်ငံသည်
ဆောက်လုပ်ရေး နည်းပညာတွင် အလွန်အဆင့်အတန်း မြင့်မားနေကြောင်းကို
အာ့ခ် (Ark)ဟိုတယ်က သက်သေပြနေ
အထပ် ၃၀ မြင့် ဇိမ်ခံဟိုတယ်ကြီးကို နာရီပေါင်း ၃၆၀ သာအချိန်ယူတည်ဆောက် အထပ်(၃၀)မြင့်သော ဧရာမ ဇိမ်ခံ
ဟိုတယ်ကြီး တစ်လုံးကို ဆောက်လုပ်ရန် အချိန်(၁၅)ရက်သာ ယူရမည်ဟု ပြောလာလျင် ထိုသူကို အရူးဟုသာ ထင်ကြ
ပေမည်။ သို့သော် တရုတ်နိုင်ငံတွင် ထိုကိစ္စကို အမှန်တကယ် အကောင်အထည် ဖော်ပြသွားခဲ့သည်။

(၂၁)ရာစုတွင် ထွက်ပေါ်လာသည့် ကမ္ဘာ့အင်အားကြီး နိုင်ငံသည် ဆောက်လုပ်ရေး နည်းပညာတွင် အလွန်အဆင့်
အတန်းမြင့်မားနေကြောင်းကို အာ့ခ် (Ark)ဟိုတယ်က သက်သေပြနေသည်။ ark စုစုပေါင်း ဆောက်လုပ်ချိန် နာရီ
ပေါင်း (၃၆၀)အတွင်း စတုရန်းပေ (၁၈၃၀၀၀)အကျယ်အဝန်းရှိသော ဟိုတယ်ကြီးအား အပြီးသတ် တည်ဆောက်
သွားခြင်းဖြစ်သည်။ အဆိုပါ အာ့ခ်ဟိုတယ်သည် တရုတ်နိုင်ငံ တောင်ဘက်အလယ်ပိုင်းရှိ ဟူနန်ဒေသမှ ဒွန်တင်ရေ
ကန်ကြီး အနီးတွင် တည်ရှိသည်။ ယင်းကို တရုတ် ဆောက်လုပ်ရေး ကုမ္ပဏီ Broad Groupက တာဝန်ယူ
တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Ark စမ်းသပ်မှုများအရ အဆိုပါ ဟိုတယ် အဆောက်အအုံကြီးသည် ရစ်ခ်ျတာစကေး
(၉.၀)ရှိသော ငလျင်ဒဏ်ကို ကြံ့ကြံ့ခံနိုင်မည်ဟုလည်း သိရသည်။
ဆောက်လုပ်ရေး လုပ်သားများသည် ဟိုတယ် အဆောက်အအုံ၏ အကြမ်းထည်ကို (၄၆)နာရီအတွင်း တည်ဆောက်
ကာ ကျန်နာရီ(၉၀)ကျော်ကို အပြီးသတ် ပုံဖော်ခြင်းအတွက် အသုံးပြုခဲ့သည်။ ဆောက်လုပ်ရေးအတွက် လိုအပ်သော
ပစ္စည်းများကို လုပ်ငန်းခွင် ပြင်ပတွင် ကြိုတင် စီစဉ်ထားပြီး အချိတ်အဆက်မိမိ တပ်ဆင်ခဲ့ခြင်းကြောင့် အလေအလွင့်
နှင့် ညစ်ညမ်းမှုလည်း အလွန်နည်းပါးခဲ့သည်။ အဆောက်အအုံ နံရံများအားလုံး အသံလုံကာ အပူကာစနစ်များ ပါဝင်
ပြီး အခန်းတိုင်းကိုလည်း သန့်စင်သော လေထုရရှိရန် စီစဉ်ထားသည်။ ark ဆောက်လုပ်ရေး အလုပ်သမားများသည်
ညလုံးပေါက် အလုပ်လုပ်ခြင်း မရှိသော်လည်း တစ်ခါတရံ ညစာကို (၁၀)နာရီမှ စားဖြစ်ခဲ့သည်လည်းရှိသည်။ ယခင်
က အဆိုပါ ကုမ္ပဏီသည် (၁၅)ထပ်မြင့်သော အဆောက်အအုံများကို (၆)ရက်အတွင်း အပြီးဆောက်ခဲ့ဖူးသော်လည်း
ယခု အာ့ခ်ဟိုတယ် ဆောက်လုပ်မှုမှာမူ ပိုမိုအထင်ကြီးလောက်ဖွယ် ဖြစ်လာခဲ့သည်။
http://www.planet.com.mm/news/read.cfm/id/18426
သူငယ်ချင်တိုရေ
အဲးလောက်မြန်နေရင် ဟုတ်ပါမလား။ဆောက်ပြီးမှ ဒီလိုပြုကြသွားရင် မခက်ဖူးလား။
ဒါတရုတ်ကတိုက်ကြီး ပြိုကြတာပါ။




No comments:
Post a Comment