2012 ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ နေဂြိုဟ်တွင် လှုပ်ရှားမှုများ တိုးမြင့်ဖြစ်ပေါ်လာနိုင်ပြီး
2013 ခုနှစ် နှစ်လယ်ပိုင်း၌ စူးရှတောက်ပသော အလင်းရောင်ခြည်တန်းများ ထွက်ပေါ်ကာ
နေမုန်တိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း အမေရိကန် အမျိုးသားအာကာသရေးရာနှင့် အာကာသ
သိပ္ပံမှ သုတေသန ပညာရှင်သောမတ်စ်ဒီဂျာမာလူဒင်က ဇန်န၀ါရီလ(၈)ရက်နေ့၌ ထုတ်ဖော်
ပြောကြားခဲ့ပါသည်....
နေဂြိုဟ်ကို မျက်နှာချင်းဆိုင် လှည့်ပတ် စောင့်ကြည့်နေသော ဂြိုဟ်တုနှစ်လုံးပုံ
နာဆာမှ နေစကြာဝဠာကို စောင့်ကြည့်နေသော ဂြိုဟ်တုမှ ပေးပို့သောပုံ....
နေဂြိုဟ်ပေါက်ကွဲမှုပြပုံ
ထိုသို့နေမုန်တိုင်းများ ဖြစ်ပေါ်မှုကြောင့် ကမ္ဘာတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေလွှမ်းခြင်းများ
ပိုမိုဖြစ်ပေါ်နိုင်ကြောင်း အထူးသဖြင့် ဥရောပတွင် ရေခဲမြစ်များ အရေပျော်မှုဖြစ်ပွားကာ ရေလွှမ်းမိုးမှု
ဖြစ်ပေါ်နိုင်ကြောင်း ဆိုပါသည်.. ထို့အတူ အာရှတွင် အင်ဒိုနီးရှား၊ အိန္ဒိယ နှင့် ပစိဖိတ်ဒေသများ၌
နေမုန်တိုင်းများဒဏ်ကို ခံရနိုင်ဖွယ်ရှိသည်.. နေမုန်တိုင်းများကြောင့် ရေကြီးခြင်း၊ မိုးရွာခြင်းများမှာ
မြေပြင်အခြေအနေ နှင့် မူလရာသီဥတု အနေအထားများပေါ်တွင် အခြေပြုကာ ဖြစ်ပေါ်နိုင်ကြောင်း
သုတေသနပညာရှင် သောမတ်စ်က ဆက်လက်ပြောကြားသည်။နေမုန်တိုင်းများသည် လူသားတို့
အပေါ် တိုက်ရိုက်ကျရောက်နိုင်မည်မဟုတ်ပဲ ...ဓာတ်အားဖြန့်ဖြူးရေး နှင့် ဆက်သွယ်ရေးလုပ်ငန်း
များအပေါ်တွင်မူ အကျိုးသက်ရောက် ထိခိုက်နိုင်ကြောင်း ပြောကြားထားပါသည်..
နေမုန်တိုင်းမှ ကမ္ဘာမြေပြင်သို့ ပြပုံ...
ဒေါက်တာ ဦးထွန်းလွင်ကတော့ ....
" နေဂြိုဟ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိက ပေါက်ကွဲမှုကြောင့် ဖြာထွက်လာတဲ့ရောင်ခြည်တွေဟာ လျှပ်စစ်
စီးကြောင်းတွေ သေချာပေါက်ဖြစ်လာနိုင်ပါတယ်.. ဒီလိုဖြစ်လာခဲ့ရင် လျှပ်စစ်သံလိုက်လှိုင်းတွေ
ဖြစ်လာပြီးလျှပ်စစ်စက်ကွင်းတွေကို ဖြစ်ပေါ်စေမှာပါ... အဲသည် လျှပ်စစ် သံလိုက်လှိုင်းတွေက
ဆက်သွယ်ရေးစနစ်တွေကို ထိရင် ပြတ်တောက်သွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်. .
ဒါကလည်း ဖြစ်နိုင်ခြေရှိတဲ့ ဂယက်ပါ ... နောက်ဆက်တွဲတွေအနေနဲ့ အပူချိန်တွေတိုးလာမှာပါ...
အပူချိန်တွေ တိုးလာတာနဲ့အမျှ သဘာဝ ဘေး အန္တရာယ်ကလည်း တိုးလာမှာပါ...
ပင်လယ်ရေတွေလဲ အပူချိန်တိုးလာလို့ ဆိုင်ကလုန်း မုန်တိုင်းတွေ ဆက်တိုက် ဖြစ်ပေါ်စေနိုင်ပါတယ်...
သည်လို နေပေါ်မှာ ထူးခြားတဲ့ ပေါက်ကွဲမှု(အပူဖြာထွက်မှု)တွေက ၂၀၁၀ပြည့်နှစ်ကတည်းက စဖြစ်နေတာပါ...
၂၀၁၀ ပြည့်နှစ်မှာ နေဖြာထွက်မှုပေါက်ကွဲမှုဖြစ်စဉ်(၅)ကြိမ်လောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်.
အ ခု ၂၀၁၁ မှာပါ ထပ်ဖြစ်နေတော့ ၂၀၁၂ အဆိုနဲ့ သွားကိုက်နေသလိုတောင် ဖြစ်နေကြောင်းဗျာ ...." လို့
ဆိုခဲ့ပါသေးတယ်...
ဒါအပြင် . .
2012 ကို မြန်မာနိုင်ငံ ၏ နွေရာသီသည် ပူပြင်းသည့် အပူချိန်မြင့်မားသော အယ်လ်နီညိုရာသီဥတု နှင့်
တွေ့ကြုံခံစားရမည့်အခြေအနေများရှိနေတယ်လို့ ဆိုပါတယ်...ကမ္ဘာ့ လာနီညာ၊ အယ်လ်နီညို စောင့်ကြည့်ရေး
ဗဟိုဌာန ၂၅ခု၏ ခန့်မှန်းချက်များအရ 2012 ပွင့်လင်းရာသီတွင်မူ အလွန်ပူပြင်းခြောက်သွေ့သော အယ်လ်နီညို
ရာသီဥတုကို ခံစားရဖွယ်ရှိကြောင်း ဒေါက်တာထွန်းလွင်ထံမှ သိရှိရပါတယ်...
"အယ်နီညိုဖြစ်ဖို့ ၇၀% သေချာသလောက်ရှိပါတယ်..." ဟု ဆိုပါတယ်...
( မြန်မာနိုင်ငံတွင် 2010 ပြည့်နှစ်အတွင်း မကြုံစဘူး ထူးကဲသော အပူစံချိန်သစ်များတင်ခဲ့ရာ...တစ်ကြိမ် တစ်ခါမျှ
ခန်းခြောက်ခြင်းမရှိခဲ့သော ရေတွင်း၊ ရေကန်များ ခန်းခြောက်ခြင်း၊ အပူချိန်မြင့်မားမှုကြောင့် သက်ကြီးရွယ်အိုများ၊
ကလေးများ သေဆုံးမှုနှုန်း မြင့်မားခြင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော မုံရွာ၊ မင်းဘူး ၊ မြင်းခြံ စသော
နေရာများတွင် နှစ်ပေါင်း(၆၀)အတွင်း အပူချိန် စံချိန်သစ်များတင်ခဲ့ကြောင်း သိရှိရပါသည်။..)
No comments:
Post a Comment