
သရဏဂုံတည်မှု၊ သရဏဂုံပျက်မှု နှစ်ခုလုံးသည်ရှိခိုးခြင်းစသည်ကိုပြုသူ၏ နှလုံးသွင်းစိတ်ထားအပေါ်
အခြေပြုနေကြောင်း ထင်ရှားပေသည်။ဤသဘောကို “သုတ်သီလက္ခန်အဋ္ဌကထာ၊
အဂုင်္တ္တိုရ် အဋ္ဌကထာ” များ၌“သေဋ္ဌ ဝသေနေဝ ဟိ သရဏံ ဂဏှာတိ၊ သေဋ္ဌဝသေန စ ဘိဇ္ဇတိ”
ဟု အတိအကျ မုချမိန့်ဆိုထားကြ၏။
အဓိပ္ပာယ်မှာ “ရတနာသုံးပါးကို လောကဓာတ်တစ်ခုလုံး၌ အမြတ်ဆုံး အလှူခံဟုမှတ်ယူကာ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ ခရီးဦးကြိုဆိုခြင်း၊အရိုအသေပြုခြင်းတို့ကို ပြုလုပ်လျှင် သရဏဂုံယူပြီးဖြစ်၏။
သရဏဂုံ တည်ပြီးဖြစ်၏။ (အသေချာ မှတ်သားထားသင့်၏)။သရဏဂုံ တည်ပြီးသူသည် ရတနာသုံးပါးမှတစ်ပါးအခြား နတ်၊ ဘိုးတော်၊ တိတ္ထိရဟန်း စသည်တို့တွင်တစ်ဦးဦးကို တစ်လောကလုံးတွင် အမြတ်ဆုံးအလှူခံဟုနှလုံးသွင်းကာ ရှိခိုးခြင်း စသည်တို့ကို ပြုမိလျှင်
မူလဆောက်တည်ထားသည့် သရဏဂုံ ပျက်တော့၏။”ဟု ဆိုလိုပေသည်။
အဋ္ဌကထာများလာ ပါဠိဝါကျ၏ အနက်မှာ“ဟိ- သရဏဂုံတည်ပုံ ပျက်ပုံကို အတိုချုပ်ပြဆိုဦးအံ့။
သေဋ္ဌဝသေနေဝ- တစ်လောကလုံးတွင် အမြတ်ဆုံးအလှူခံပုဂ္ဂိုလ်၏ အစွမ်းအားဖြင့်သာလျှင်၊
သရဏံ- ကိုးကွယ်ခြင်းကို (ဝါ) သရဏဂုံကို၊ဂဏှာတိ-ယူရာရောက်၏။
စ- ထို့ပြင်၊သေဋ္ဌဝသေန- အမြတ်ဆုံး အလှူခံ ပုဂ္ဂိုလ်၏
အစွမ်းအားဖြင့်သာလျှင်၊သရဏံ- တည်နေသော သရဏဂုံသည်၊ဘိဇ္ဇတိ- ပျက်သွားတော့၏။”
ဤအဋ္ဌကထာများ၏ အဆိုအမိန့်သည် သရဏဂုံတည်မှု၊သရဏဂုံပျက်မှုတို့နှင့်ပတ်သတ
မူလခံယူဆောက်တည်ထားသည့် သရဏဂုံ ပျက်- မပျက်နှင့်
ပတ်သက်ရာ၌လည်း ဤအဋ္ဌကထာများလာ(စံ) ဖြင့်ပင် စိစစ်တိုင်းတာ၍ ဆုံးဖြတ်ရပါမည်။
ကိုးကွယ် ဟူသော ဝေါဟာရကို
(၁)ဆည်းကပ်ပူဇော်အားထားသည်။
(၂)။ အားထားမှီခိုသည်။
(၃)။ နတ်ပူဇော် ပသသည်ဟု မြန်မာအဘိဓာန်၌
သုံးနက်ဖွင့်ဆိုထားသည်။
ဤပဏိပါတ သရဏဂုံအရ ရှိခိုးခြင်း၊ ခရီးဦးကြိုဆို ခြင်း၊လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းတို့သည်လည်း
သရဏဂုံ= ကိုးကွယ်မှုပင်ဖြစ်၏။
■အကျဉ်းချုပ် စိစစ်ရလျှင် မူလသရဏဂုံတည်နေသောဗုဒ္ဓဘာသာဝင် တစ်ဦးတစ်ယောက်သည် တစ်လောကလုံးတွင်အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်(အဂ္ဂဒက္ခိဏေယျ
နှလုံးသွင်းမှတ်ယူကာ နတ်၊ ဘိုးတော်၊စသူတို့ကိုကိုးကွယ်လျှင်(ဝါ)ရှိခိုးမှု
လက်အုပ်ချီမှုတို့ကို ပြုလျှင် မူလသရဏဂုံပျက်ပါသည်။
■တစ်လောကလုံးတွင် အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်ဟုနှလုံးသွင်းမှတ်ယူမှုမျိုး မရှိဘဲ မပူဇော်၊မပသလျှင်
(ဝါ) မရှိခိုးလျှင် ဘေးအန္တရာယ်ပြုမည်စိုးသောကြေ
စသူတို့အား ပူဇော်ပသမှု၊ ရှိခိုးမှုကိုပြုလျှင်မူလသရဏဂုံ မပျက်ပါချေ။( အသေအချာ မှတ်သားရန်လို၏)
■ဆက်၍ဆိုပါဦးမည်။ဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့် နတ်၊ ဘိုးတော် စသူတို့ကို
ကိုးကွယ်ကောင်းသည်ဟု ဆိုရသော်လည်း သူတို့ကိုကိုးကွယ်သည့်အခါ “ရတနာသုံးပါး” ထက် မကျော်လွန်မိဖို့အထူးသတိပြုသင့်ကြ၏။ ဘုရားကို ဆွမ်း၊ရေချမ်း၊ ဆီမီးတို့ကို ကပ်လှုပူဇော်ရန် သတိမရကြသော်လည်းနတ်ပွဲ၊ ဘိုးတော်ပွဲများမှာ အုန်းသီး၊ ငှက်ပျောသီး၊ ပန်းစသည်တို့
မညှိုးနွမ်း မခြောက်ရလေအောင် အထူးဂရုစိုက်သူများ ရှိကြ၏။နတ်၊ ဘိုးတော်တို့၏ ရုပ်တု၊ ရုပ်ပုံများကိုလည်းဘုရားစင်တွင် ဘုရားနှင့် တစ်တန်းတည်း
တင်ထားကိုးကွယ်ကြ၏။ အထူးသတိထားသင့်ပါသည်။
■ဤအပြုအမူများသည် နတ်၊ဘိုးတော်တို့ကိုရတနာသုံးပါးထက် ပိုပြီး အမြတ်ထားသည့်သဘော
သက်ရောက်နေ သည့်အတွက်မူလ သရဏဂုံ ပျက်နိုင်ပါသည်။ထို့ကြောင့် နတ် စသူတို့ကို ကိုးကွယ်သူများသည်နတ်၊ ဘိုးတော် စသူတို့ထက် ရတနာသုံးပါးကို ပိုပြီး
ဂရုတစိုက် ကိုးကွယ်ဆည်းကပ်ကြရမည်။ရတနာသုံးပါးကို ထိုအရာများ ထက် ပိုပြီး
အမြတ်တနိုးထားနိုင်ပါမှ၊ဂရု
တည်မြဲမည် ဖြစ်ပါသည်။
■“အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
အချုပ်မှာ နတ်၊ ဘိုးတော်၊ စသူတို့ကို ကိုးကွယ်တိုင်းသရဏဂုံမပျက်၊ ပျက်သည်လည်းရှိ၏။
မပျက်သည်လည်းရှိ၏။ ကိုးကွယ်မှုအနေအထားကိုလိုက်၍ပျက်- မပျက် ဆုံးဖြတ်ရမည်။
“သရဏဂုံညစ်နွမ်းခြင်း”
••••••••••••••••••••••••••
လောကုတ္တရာသရဏဂုံ၊ လောကီသရဏဂုံနှစ်ပါးတို့တွင်လောကုတ္တရာ သရဏဂုံသည် မည်သည့်အခါမျှ ညှိုးနွမ်းမှုမရှိ၊ပျက်မှုမရှိ။ အမြဲတစေ သန့်ရှင်းစင်ကြယ်လျက်ရှိ၏။
ပုထုဇဉ်တို့ သန္တာန်၌ ဖြစ်သော လောကီသရဏဂုံမှာမူရတနာသုံးပါးတို့၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို
မသိနားမလည်ခြင်း(အညာဏ)၊ရတနာသုံးပါးတို့အပေါ်၌တကယ့်ဘုရားစစ် ဘုရားမှန်ပဲဖြစ်သလား၊
ဘုရားစစ်ဘုရားမှန် မဟုတ်ဘဲ ဖြစ်လေသလား”ဟု ယုံမှားသံသယဖြစ်ခြင်း(သံသယ)
ရတနာသုံးပါးတို့၏ ဂုဏ်တော်၊ ကျေးဇူးတော်များကိုမှန်ကန်သည့် ဂုဏ်တော်၊ ကျေးဇူးတော်များ မဟုတ်ဟု
မမှန်မကန် ဖောက်ဖောက်ပြန်ပြန် ရှုမြင်ခြင်း၊(မိစ္ဆာဥာဏ)၊ရတနာသုံးပါးတို့၌ လေးစားမှု ရိုသေမှုများ ကင်းမဲ့ခြင်း၊(အနာဒရ၊ အဂါရဝ)) စသည်တို့ကြောင့် ညစ်နွမ်း၏။ထိုသရဏဂုဏ်သည် မစင်ကြယ်၍ အရောင်မလတ်၊အစွမ်းသတ္တိ မကြီးမြတ် တော့ချေဟု အဋ္ဌကထာ၌ ဖွင့်၏။
အထူးသတိထားရမည်ဖြစ်ပါသည်။ဆက်လက်ရေးသားပါဦးမည်။
[မှတ်ချက်။ ။ ဓမ္မာစရိယဦးအေးနိုင်(ဘီအေ)၏“ဗုဒ္ဓဘာသာဂုဏ်ရည်စာအုပ်”မှ
ကောက်နှုတ်ရေးသားခြင်းဖြစ်ပ
စာဖတ်သူအားလုံး ဘေးအန္တရာယ်ကင်းရှင်း၊သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒများ ပြည့်ဝကြပါစေ။
-【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသု
https://www.facebook.com/501057299977813/photos/a.501060999977443.107374182
No comments:
Post a Comment