စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







" စက်ဘီးကို ဂတ်စ်နဲ့ မောင်းတဲ့သူ "



Colin Furze ၊ အသစ်အဆန်းဖန်တီးပြီး စွန့် စွန့် စားစား ပြရတာ သဘောကျသူ ။
အခုလည်း အိတ်ဇောပိုက်လိုဟာကို စက်ဘီးနောက်မှာ ဂဟေဆက်ပြီး ဂတ်အိုးနဲ့ 
ချိတ်ကာ ဂျက်လေယာဉ်ကဲ့သို့  မီးထွက်ပြီး မောင်းတဲ့ ဂျက်စက်ဘီး လုပ်ပါတယ်တဲ့။

ပထမဆုံး သူငယ်ချင်းရဲ့ မိခင်ဖြစ်သူဆီက တောင်းယူထားတဲ့ မိန်းမစီး စက်ဘီး ကို
ဂဟေဆော် ပုံစံပြောင်းပြီး မိမိ စိတ်ကြိုက် ဂျက်စက်ဘီး ပုံစံ ပြောင်းလဲ လိုက်ပါတယ်။
ဂတ်စ် အိုးတစ်အိုးကို စက်ဘီး နောက်မှာ တပ်လိုက်ပြီး မိမိဖာသာ ဖန်တီးထားတဲ့
နှစ်လုံးပူး အိတ်ဇောပိုက် နဲ့  ဆက်ထားလိုက်ပါတယ်။

ဟော လာပါပြီ...
စက်ဘီး စီးဖို့ အသင့်ဖြစ်တဲ့ အခါ Colin တစ်ယောက် ဂတ်စ်အိုးကို ဖွင့်ချလိုက်ပြီး မီးတို့ ကာ ထွက်ခွာပါတော့တယ် ။ ဂတ်စ်ကို လောင်ကျွမ်း ထားတဲ့ မီးအားဟာ အရှိန်လည်း ပြင်းပါတယ်။ စက်ဘီးကို အရှိန်ယူပြီး မောင်းလိုက်တဲ့ အခါ သူ့ စက်ဘီးဟာ ဂျက်စက်ဘီး ဖြစ်သွားပါတယ်။

စက်ဘီး အနောက် အိတ်ဇောပိုက်ကနေ မီးတွေ တဟူးဟူးနဲ့  ဂတ်စ် မကုန်မချင်း လိမ့်နေပြီး တာယာများ ပါးတဲ့ အထိ မရပ်မနား ပါပဲ။

Colin ဟာ ဒီလို ဖန်တီး စွန့် စားမှု ကို Social Media များမှာ ဖြန့် ပြီး မိမိ လုပ်ဆောင် ချက်ကို ဂရင်းနစ် မှတ်တမ်းဝင်အောင် ဖန်တီးနေတဲ့ သူလည်းဖြစ်ပါတယ်။ ယခင်ကလည်း ဒီလို ဖန်တီး
စွန့် စားမှု တစ်ခု နဲ့  ဂရင်းနစ်မှတ်တမ်း ၀င်ထားပါသေးတယ်။

သူ့  လုပ်ရပ်ဟာ တစ်ချို့ အမြင်မှာ အန္ဆရယ်ကြီးတဲ့ ကြောင်တောင်တောင် ရူးသွပ်မှု တစ်ခုလို့  ထင်ကြပြီး တစ်ချို့ ကတော့ အားပေး ထောပနာပြုကြပါတယ်။

ဟုတ်တယ်လေ သူတို့ မှ ဒီလို မစွန့် စားနိုင်တာကိုး ။ ဂတ်အိုး .. မီးတောက်.. အမြန်နှုန်း စတာတွေကလည်း အသက်အန္တရယ်ကြီးပါတယ်။ ဒါပေမဲ့ Colin တစ်ယောက်ကတော့ ဒီလို
စွန့် စားမှုကို ရူးသွပ်ဆဲပါပဲ။

သူ့ ရဲ့  ရူးသွပ်မှုကို လေ့လာလိုရင်တော့ ဒီမှာ Youtube လင့်လေးပါ ချိတ်ပေးလိုက်ပါတယ်။

ကြည့်မယ် >> http://youtu.be/bKHz7wOjb9w


----
Ref;Cnet


https://www.facebook.com/photo.php?fbid=429166467181190&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...