စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆင်များနှင်ပတ်သက်သောမြန်မာ့ရိုးရာစကားပုံများ

၁။ဆင်ကိုလိုလျှင်မြီကိုချေး၊ကြွေးနဲ့နှိမ်
၂။ဆင်ကန်းတောတိုး။
၃။ဆင်ကောင်ကြီးအမြှီးကျမှတစ်
၎။ဆင်ကောင်ကြီးသလောက်မျက်ပေါက်သေး။
၅။ဆင်ကြီးဂဠုန်ချီ။
၆။ဆင်ကြံကြံ၊ဆင်ကြည့်ကြည့်။
၇။ဆင်ကြမ်းလှင်ကြုံး။လူကြမ်းလျှင်ဓုံး(ထိပ်တုံး)။
၈။ဆင်ကျီစားရာဆိတ်မခံသာ။
၉။ဆင်ကျင်ငယ်ရေပုရွတ်ဆိတ်ပင်လယ်မှတ်။
၁၀။ဆင်ခေါင်းခွေးမချီင်္နိုင်။
၁၁။ဆင်ချေးတစ်တုံး။ဆိတ်ချေးတစ်ရာ။
၁၂။ဆင်ခြေရာဘာမှတ်ဖိနပ်ဖြစ်သွားမယ်။
၁၃။ဆင်စီးပြီးအထီးမှန်း။အမမှန်းမသိ။
၁၄။ဆင်စွယ်မှန်ပိုးမစား။
၁၅။ဆင်ချည်သောကြိုးနှင့်ကြက်ချည်သော်မခိုင်။ကြက်ချည်သောကြိုးနှင့်ဆင်ချည်သော်မမြဲ။
၁၆။ဆင့်နားရွတ် ၀က်တပ်။ဝက်နားရွက် ကြွက်တပ်။
၁၇။ဆင်လျိုက်ရာမှာ ၀ါစဉ်မရွေးနိုင်။
၁၈။ဆင်သတ်အရပ်ဝေ။
၁၉။ဆင်အိုမှကိုယ့်နှမောင်း ကိုယ်ပြန်နင်းမိသလို။
၂၀။ဆင်သေကောင်ပေါ်လိုက်တဲ့ကျီး။
၂၁။ဆင်ပေါ်ကလူခွေးရူးမကြောက်။
၂၂။ဆင်ပေါ်ကလူခွေးဟောင်။
၂၃။ဆင်နင်းထားတဲ့သရက်သီးလို။
၂၄။ဆင်ပျောက်လျှင်စကာနဲ့ချ။
၂၅။ဆင်ဖြူတော့မှီကြံစုပ်။
၂၆။ဆင်ဖြူတော်ပြုတ်စားတယ်ဆို အိုးကိုချင့်ယုံ။
၂၇။ဆင်ဖြူတော်လှူပြီးအိုးကျမှနှမြောနေ။
၂၈။ဆင်နင်းထားတဲ့ယပ်တောင်လိုထူးပြီးပိုပြားမသွားနိုင်။
၂၉။ဆင်ဖြူ့မျက်နှာဆင်မည်းမကြည့်ဝံ့။
၃၀။ဆင်သေကိုဆိတ်ရေနဲ့ဖုံးလျှင်မရ။
၃၁။ဆင်အိပ်ရာဆိတ်ရေနဲ့ဖုံး။
၃၂။ဆင်ဟုတ်မဟုတ်နှာမောင်းသက်သေ
၃၃။ဆင်မှာတော့ကျင်ရည် ယင်မှာတော့ပင်လယ်မှတ်
၃၄။ဆင်ဗွေ မြင်းဗွေထက် နှုတ်ဗွေသာပြီးဆိုး။
၃၅။ဆင်တစ်ကောင်လုံးတွေ့နေမှဆင်ခြေရာရှာစရာမလို။
၃၆။ဆင်နင်းထားတဲ့သရက်သီးလို။
၃၇။ဆင်ပြဆန်တောင်း။ဆင်ပြကြံတောင်း။
၃၈။ဆင်သွားလမ်းဖြစ်။
၃၉။ဆင်ဝန်ကတော် ဆင်ကြောင့်ကြ။
၄၀။ဆင်တိုင်းမှာအမြုတေမရှိ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...