စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၂၀၁၃ ဆီးဂိမ်း ဖွင့်ပိတ်ပွဲဖျော်ဖြေမှု လူ ၁၆၀၀၀ကျော် ပါဝင်မည်

ရန်ကုန်၊ အောက်တိုဘာ-၂၇
နေပြည်တော်တွင် ပြုလုပ်မည့် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများတွင်ကပြတင်ဆက် ဖျော်ဖြေမှုအပိုင်း၌ စုစုပေါင်းလူအင်အား တစ်သောင်းခြောက်ထောင်ကျော် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း
ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ကြူက ပြောကြားသည်။

“လူအင်အားက တစ်သောင်းခြောက်ထောင်အထက်မှာပဲရှိမယ်။
ဘာကြောင့်လဲဆိုတော့ ဆီးဂိမ်း ၁၁ နိုင်ငံရဲ့ ကကွက်အားလုံးပေါင်းအတွက်က ၆၀၀၀ ကနေ ၈၀၀၀ ကြားရှိမယ်။နောက် တိုင်းရင်းသားအကအတွက်က အင်အား ၈၀၀၀ ကနေ ၁၀၀၀၀ သုံးမယ်။
ဒီနှစ်ခုက ဆက်တိုက်ဖြစ်မယ်ဆိုတော့ လူတစ်ယောက်က အ၀တ်အစားပြန်လဲစရာ အချိန်မရှိတော့ဘူး။
ဒါကြောင့် လူအင်အားက ဒီထက်လျှော့လို့ မရပါဘူး”ဟု ပြည်ထောင်စုဝန်ကြီးက အောက်တိုဘာလ ၂၆ ရက်တွင်ပြောသည်။

လာမည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲသည်
နှစ်ပေါင်း ၄၀ ကျော်အကြာတွင် မြန်မာနိုင်ငံက ပြန်လည်ကျင်းပခွင့်ရရှိခြင်း ဖြစ်သည်။
အဆိုပါပြိုင်ပွဲ၏ ဖွင့်ပွဲပိတ်ပွဲတွင် ဖျော်ဖြေရေး၊ တင်ဆက်မှုအစီအစဉ်များအား ယဉ်ကျေးမှုဝန်ကြီးဌာနက
အဓိကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။
“လူအင်အားကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနတစ်ခုတည်းတော့ မဟုတ်ပါဘူး။

ပညာရေးဝန်ကြီးဌာနက ကျောင်းသား၊ ကျောင်းသူတွေပါမယ်။ အားကစားဝန်ကြီးဌာနကလည်း ပါမယ်။
အခြားဆက်စပ် ဌာနတွေကလည်း ပါဝင်ကြမှာပါ။ ခုချိန်မှာ နေပြည်တော်အပါအ၀င် သက်ဆိုင်ရာ
ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထက်တန်းကျောင်း၊ တက္ကသိုလ်တွေမှာလည်း လေ့ကျင့်နေကြပြီဖြစ်ပါတယ်”ဟု
ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နန္ဒာမွှန်းကပြောသည်။
အဆိုပါ အခမ်းအနားများတွင် ပါဝင်ဆင်နွှဲသူများ၏ ၀တ်စုံ၊ ဒီဇိုင်းများအတွက် ပြည်တွင်းမှ
နာမည်ကြီးဒီဇိုင်နာ ကိုးယောက်ခန့်မှ တီထွင်ဖန်တီးပေးသွားမည်ဖြစ်ကာ ပြည်ပအကူအညီ ယူမည်
မဟုတ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် ပုံမှန်အစီအစဉ်များ၊ မြန်မာ့ရိုးရာအက ဖျော်ဖြေမှုများအပြင်
ခေတ်မီကကွက်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ အထူးပြုလုပ်ချက်များ အပါအ၀င် အသက်သာဆုံးနှင့်
အကောင်းဆုံးဖြစ်အောင် အစီအစဉ်များ ရေးဆွဲပြီးဖြစ်ကာ ကုန်ကျစရိတ်အတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြောကြားထားခဲ့သည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအားကစားနည်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့်
ငွေဆောင်ကမ်းခြေတို့တွင် ကျင်းပသွားမည်ဖြစ်သော်လည်း ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများကိုမူ
နေပြည်တော်ရှိ အသစ်ဆောက်လုပ်နေသည့် ပရိသတ်သုံးသောင်းဆံ့ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌
ပြုလုပ်ကျင်းပသွားမည် ဖြစ်သည်။
7 Days news Journal မှာကူးယူဖေါ်ပြခြင်းဖြစ်သည်..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...