စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေရိကန် ဒုတိယ သမ္မတ နစ်(က)ဆင်၏ မြန်မာနိုင်ငံ ခရီးစဉ်- ၁၉၅၃ (ဓာတ်ပုံ)

အမေရိကန် ဒုသမ္မတ နစ်(က)ဆင်နှင့် ၀န်ကြီးချုပ် ဦးနုတို့ မင်္ဂလာဒုံလေဆိပ်တွင် နှုတ်ဆက်နေစဉ်(၁၉၅၃)
မြန်မာနိုင်ငံရောက် အမေရိကန် ဒုတိယ သမ္မတ နစ်(က)ဆင် နှင့် ဇနီးတို့ အား သီဟာသနပလ္လင်ရှေ့ တွင်
သမ္မတ ဒေါက်တာ ဘဦးနှင့် အတူ မြန်မာဝတ်စုံဖြင့် တွေ့ ရစဉ်(၁၉၅၃)
အမေရိကန် သမ္မတ အိုက်စင်ဟောင်ဝါ အတွက် မြန်မာနိုင်ငံတော် သမ္မတ ဒေါက်တာဘဦးက ဆင်စွယ်ရုပ်
(၂) ခု လက်ဆောင်ပေးအပ်စဉ် ဒုသမ္မတ နစ်(က)ဆင် လက်ခံနေပုံ(၁၉၅၃)
အမေရိကန် ဒုသမ္မတ နစ်(က)ဆင် နှင့် ဇနီး မစ္စစ် နစ်(က)ဆင်တို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ 
သွားရောက်စဉ်(၁၉၅၃)
ပဲခူးမြို့ သို့ အသွား လမ်းခရီးတွင် ကြိုဆိုနေကြသော ကျောင်းသားကျောင်းသူလေးများအား
လက်ဆွဲနှုတ်ဆက်နေသော အမေရိကန် ဒုသမ္မတ နစ်(က)ဆင် (၁၉၅၃)
မြန်မာနိုင်ငံရောက် အမေရိကန် ဒုသမ္မတ နစ်(က)ဆင်၏ ဇနီး မစ္စစ် နစ်(က)ဆင်က ဒုတိယ
ကမ္ဘာစစ်ကြီးအတွင်း မြန်မာ-တရုတ်-အိန္ဒိယစစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့သော အမေရိကန်စစ်ပြန်များက
မြန်မာပြည်ရှိ နွမ်းပါးသောကလေးငယ်များအတွက် လှူဒါန်းသည့် ဒေါ်လာ(၄၀၀) တန် ချက်လက်မှတ်ကို
မဟာ သီရိသုဓမ္မ ဒေါ်ခင်ကြည်အား ပေးအပ်နေစဉ်(၁၉၅၃)
မြန်မာနိုင်ငံရောက် အမေရိကန် ဒုတိယ သမ္မတ နစ်(က)ဆင်က ဗိုလ်ချုပ်အောင်ဆန်း၏
ဂူရှေ့ တွင် လွမ်းသူ့ ပန်းခွေချနေစဉ်(၁၉၅၃)
http://www.facebook.com/pages/Myanmar-Political-Review/339388769467...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...