စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်ပုံစံအနေအထားနဲ့ စိတ်သဘောထား


ွကျွန်တော်လဲ ပို့စ်တွေ မတင်ဖြစ်တာ တော်တော်ကြာပါပြီ၊ စာမေးပွဲတွေရှိနေလို့ပါ၊ အခုကတော့ အားနေတုန်းလေး တင်ဖြစ်လိုက်တာပါ၊ ကြိုပြောပါရစေ .. သမင်လေး က ဗေဒင်တွေပဲတင်နေလို့ ဗေဒင်ဆရာလို့ မထင်လိုက်ပါနဲ့ ... ကျွန်တော်က ဗေဒင်ကိုစိတ်ပဲဝင်စားတာပါ ... တခြားအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ လဲ နောက်ထပ်ပို့စ်အသစ်အသစ်တွေကို တင်ဖြစ်ဦးမှာပါ၊ အားရင် အားသလို ပို့စ်တွေ တင်သွားပါ့မယ်၊ Thanks !

၁။လေးထောင့်လက်ဖ၀ါး
လက်ကောက်ဝတ်တွင် ၄င်း ၊ လက်ချောင်းများတွင်၎င်း၊ လေးထောင့်ပုံသဏ္ဍန်ရှိသည်။ တာဝန်နှင့်အလုပ်ကို တိတိကျကျ ဇွဲသန်သန်နဲ့ အောင်မြင်အောင်ဆောင်ရွက်နိုင်တယ် ။ ရှည်လျှားသောလက်မရှိ၍ ပထမဆစ်ကျစ်လစ် စေပါက စီးပွား ၊ပညာ၊ တရားဥပဒေ၊ ဆရာဝန်၊စသည်တို့ တတ်ကျွမ်း၍ တင့်တယ်စွာနေရခြင်း။

၂။ ၀ိုင်းသောလက်ဖ၀ါး
ကျယ်ပြန့်၍၀ိုင်းပြီး၊ လက်ချောင်းအဖျားများ အရင်းထက်ပို၍ကျယ်ပြန့် လျှက်ရှိသည်။ အလုပ်နှင်လက်နှင့်မပြတ် လုပ်ရတတ်သည်။ သူတစ်ပါးက လုပ်ကိုင်ပေးသော်လည်းမရ၊ မိမိကိုယ်တိုင်လုပ်ရမှ စိတ်ကျေနပ်သည်။ ဇွဲနှင့် လုပ်ကိုင်တတ်၍ အလုပ်အကိုင်အောင်မြင်မည်။

၃။ရှည်သောလက်
ကျဉ်းမြောင်း၍ ရှည်လျှားသောလက်ပုံစံရှိ ပြီး လက်ချောင်းသေးသိမ် ၍ ရှည်လျှားသည်။ လုံလ၀ရိယ ညဏ်ပညာ နည်းတတ်သည်။ သူတစ်ပါးကိုအားကိုးသည်။ ဇွဲသတ္တိမရှိ ၊အောင်မြင်မှုနည်းပါးတတ်သည်။

၃။ ကတော့ချွန်လက်ဖ၀ါး
အရင်းဘက်ကျယ်၍ အဖျားဘက် ကတော့သဏ္ဍန်ချွန်တက်သွားသည်။ အလှအပနှစ်သက်၊ ပန်းချီ၊ အနုပညာ၊ ဂီတ၊ နှစ်သက်မည်။

၎။ နူးညံ့သည့်လကိဖ၀ါး
စိတ်သိမ်မွေ့၊ပြေပြစ်စွာ ပြောဆိုတတ်သည်။ ညာဏ လုပ်သား ကောင်း၊ သူတစ်ပါးကိုသြဇာပေး၍ ခိုင်းစားရမည်။

၅။ ကြမ်းတမ်းသောလက်ဖ၀ါး
စိတ်နေမြင့်ခက်ထန် ၊ အလုပ်ကိုမိမိကိုယ်တိုင် လုပ်ကိုင်တတ်၊ ပစ်စည်းဥစ်စာ ရှိပေမယ့် အငြိမ်မနေတတ် ဇွဲသတ္တိရှိ သဖြင့် အစစအောင်မြင်မည်။

၆။ လက်ချောင်းသည် ရှိသင့်သည်ထက်ပိုရှည်လျှင်
(သူတစ်ပါးအပေါ်သြဇာ တိကမ ရှိခြင်း၊ တိုနေပါမူ အကြံမအောင်တတ်)

၇။ လက်ခလယ်ရှည်မူ
ပညာသင်ရာ၌ လုံလ၀ီရိယ ရှိခြင်း ၊ တိုနေပ်မူ ကြမ်းတမ်းစွာလုပ်ကိုင်ရ တတ်သည်။ လက်ခလယ်ရှည်လွန်းလျှင် လည်း ငွေကြေးအတွက် ပူပန်ရတတ်တယ်၊

၈။ လက်သူကြွယ်
ကောက်ကွေးနေပါမူ အသိညဏ်ပညာ ကောင်း၊ လက်ဖ၀ါးထက်လက်ချောင်းများရှည်နေလျှင် အသ်ပညာညဏ်ထူးကဲ တိုနေပါမူ ညဏ်ပညာနည်းပါး။

၉။ ပုတိုသောလက်မ
တင်းပုတ်နှင့်တူသောကြောင့် ဒေါသမချုပ်တည်းနိုင်၍ ရာဇ၀တ်မှု ကျူးလွန်တတ်သည်။ (များသောအားဖြင့် ရာဇ၀တ်သားများတွင် တွေ့ရသည်)

၁၀။လက်ညိုးနှင်လက်မကြား…..ကျယ်ပြန့်နေမူ ဇွဲ သတ္တိရှိခြင်း ။
၁၁။ လက်မ ….ဒုတိယအဆစ်ပျော့ပြောင်းမူ လူအများနှင့် ပြေပြစ်စွာ ဆက်ဆံတတ်သဖြင့် အောင်မြင်မှုကိုရမည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...