စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေရိကန်တွင် ဝက်ကို သမ္မတအဖြစ် ရွေးကောက်တင်မြောက်ဖူး

အမေရိကန်တွင် ဝက်ကို သမ္မတအဖြစ် ရွေးကောက်တင်မြောက်ဖူး




အမေရိကန်မှာ ဝက်တစ်ကောင်ကို သမ္မတ အဖြစ် ရွေးကောက်တင်တဲ့ ဖြစ် ရပ် တစ်ခု တကယ် ဖြစ်ခဲ့ပါတယ်။

ချီကာဂိုပြည်နယ်က နိုင်ငံရေးလှုပ်ရှားသူ လူတစ်စုနဲ့ ပြည်သူအချို့ ရဲ့  သဘောတူညီချက်နဲ့ ရွေးချယ်လိုက်တဲ့ သမ္မတ ဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ် သြဂုတ်လက ဖြစ်ပြီး Youth International Party က ဦးဆောင်နဲ့ လှုပ်ရှားမှု တစ်ခု ဖြစ်ပါတယ်။ ချီကာဂိုမြို့ လယ်ခေါင်မှာ အမျိုးသား ဒီမိုကရစ်တစ် စုရုံး စည်းဝေးပွဲနဲ့ ဆန္ဒပြသူအချို့ တို့ ရှိနေပါတယ်။ Youth ပါတီမှာ ထိပ်တန်းခေါင်းဆောင် ၇ ဦးနဲ့ ဝက်တစ်ကောင်ဟာ ဝက်ဂွန်ကား တစ်စီးနဲ့ ရောက်ရှိလာပါတယ်။ Youth International Party မှ အဖွဲ့ဝင် ၅၀ ကျော်လည်း ပါဝင်ပြီး ထောက်ခံနေသူ လူပေါင်း ၂၀၀ ကျော်လည်း ရှိနေပါတယ်။

ယင်းနေရာမှာပဲ ဝက်ကို လူထုရှေ့ မောက်ခေါ်ဆောင်ပြီး သမ္မတ အဖြစ် ရွေးချယ် အတင်မြောက်ခံရသော ဝက်ကလေး Pigasus မှ မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ကြေညာပါတယ်။ ပြီးတော့ ဝင်း ဝက်အစား လူတစ်ဦးက စာတန်း ဖတ်နေစဉ် ချီကာဂိုမြို့ ခံ ရဲများ လာရောက် ဖမ်းဆီးပါတော့တယ်။ သို့ပေမယ့် တရားရုံးကနေ အာမခံ နဲ့ ဒဏ်ငွေ အနည်းငယ် ဆောင်ပြီး ပြန်လွတ်ခဲ့ပါတယ်။

ဝက်တစ်ကောင်ကို သမ္မတ အဖြစ်ရွေးကောက်တင်ဖို့ ကြိုးပမ်းစဉ် ချီကာဂိုမြို့ ရဲ့ ဥပဒေ ပြောင်းလဲသွားပါတယ်။ ယခင်ကဆိုရင် ချီကာဂိုမြို့ ထဲကို တိရစ္တာန်များ သယ်ဆောင်ခွင့် မပြုပါဘူး။ တိရစ္ဆာန် သယ်ဆောင်ရင် အပြစ် ဖြစ်ပြီး အကြီးအငယ်အလိုက် အပြစ်ပေး အရေးယူခြင်း ပြုလုပ် ပါတယ်။ ထို့ပြင် လယ်သမားများနဲ့ ပက်သက်ပြီးချီကာဂိုရဲ့ ဥပဒေမှာ ပြုပြင်စေလိုတဲ့ အခြား အချက်တွေ ရှိနေပါတယ်။ ဒါကြောင့် နယ်စွန်က ဝက်တစ်ကောင်ကို ဝယ်ပြီး မြို့ လယ်ခေါင်ခေါ် သမ္မတ ရွေးကောက်တင်သလို တင်ဆက်ပြသ သွားမှုကြောင့် ယင်းဥပဒေ အားလုံး ပြောင်းလဲသွားပါတယ်။

သို့ပေမယ့် ၁၉၆၈ ခုနှစ်၊ သြဂုတ်လက အမေရိကန်မှာ ဝက်တစ်ကောင်ကို သမ္မတအဖြစ် ရွေးကောက် တင်မြောက်ခြင်း အခမ်းအနားကတော့ ယနေ့တိုင် ကမ္ဘာကျော်နေဆဲ ဖြစ်ပါတယ်။
---
Ref: wiki
မူရင်း  အေးချမ်းမွန်
သူငယ်ချင်းများအတွက်
ကျွန်မကော်ပီကူးပြီးဘလော့ပို.စ်များတင်ရခြင်းဖြစ်ပါသည်။ သူငယ်ချင်းများကိုသိစေချင်၊ မြင်စေချင်၊ နားလည်စေချင်သည့်အကြောင်းရာများတွေ.ရှိပါက ကျွန်မဆက်လက်ကော်ပီပို.စ်များတင်နေအုန်းမည်သာဖြစ်ပါကြောင်း.....

(ကော်ပီပို.စ်ရှင် )မော်နီကာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...