စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာနိုင်ငံတွင် (၇)ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော် ကျင်းပမည့်

 မြန်မာနိုင်ငံတွင် ကျင်းပမည့် (၇)ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်သို့ မင်းသား
Choung Kyung Ho နှင့် မင်းသမီး Chae Jung An တက်ရောက်မည်  


(၇) ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ သမ္မတရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကိုရီးယားအနုပညာရှင် မင်းသား Choung Kyung Ho နှင့် မင်းသမီး Chae Jung An တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံး၏ စီးပွားရေးဌာန (Kotra) မှ သိရှိရပါသည်။

'' ဒီနှစ် ရုပ်ရှင်ပွဲတော်အတွက် မြန်မာပရိသတ်တွေနှစ်သက်တဲ့ Song Seung Hyun (ဂျွန်စော) နှင့် Song Hye Kyo (အွန်စော) တို့ကို ဖိတ်ခေါ်ဖို့ကြိုးစားပေမယ့် အဆင်မပြေတာကြောင့် သူတို့မလာဖြစ်တော့ပါဘူး။ ဒါပေမယ့် မင်းသား Choung Kyung Ho နဲ့ မင်းသမီး  Chae Jung  An တို့ တက်ရောက်ကြမှာပါ'' ဟု တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

Choung Kyung Ho သည် ' I'm Sorry, I Love You '၊ ' Time of Dog and Wolf ' ဇာတ်ကားများဖြင့် အောင်မြင်မှု ရရှိထားသူဖြစ်သည်။ မင်းသမီး Chae Jung An သည် 'Coffee Prince No.1' ၊ 'Queen of Turn Around 'ဇာတ်ကားများဖြင့် အောင်မြင်မှု ရရှိထားသူဖြစ်သည်။

ကိုရီးယားရုပ်ရှင်ပွဲတော်တွင် ပြသမည့်ဇာတ်ကားများမှာ Flying Pen- guin၊ Late Blossom (I love You)၊ Bunt၊ Highway Star  စသည့် ရုပ်ရှင် ဇာတ်ကားများဖြစ်ကြောင်း သိရသည်။
(အမုန်းတော်ခံ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...