စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝေဘူဆရာတော်ကြီး၏ ၀ိပဿနာသြ၀ါဒ

ဝိပဿနာတရားဆိုတာ ထင်ရှားရှိတဲ့တရားကိုမြင်အောင်ရှုရသည်။
ထင်ရှားရှိသောတရားကိုမြင်အောင်မရှုနိုင်လျှင် ၀ိပဿနာမဖြစ်။
ထင်ရှားရှိသောတရားဆိုတာ အခြားမှာသွားရှာမှရတာမျိုးမဟုတ်။
ကိုယ်မှာအမြဲရှိသောတရားဖြစ်သည်။
ကိုယ်မှာအမြဲရှိသောတရားဆိုတာ ထွက်သက်ဝင်သက်ဖြစ်သည်။
ထွက်သက်ဝင်သက်ဆိုတာ အမိဝမ်းကမွေးကတည်းက သေသည် အထိ အမြဲမပြတ်
တရစပ်ရှိနေသောတရားသဘောဖြစ်သည်။

    ထွက်သက်ဝင်သက်သည် အလုပ်လုပ်နေရင်း စကားပြောနေရင်း စားနေရင်း စာကျက်နေ
ရင်း စဉ်းစားနေရင်းလည်း ရှိသည်။ အိပ်ပျော်နေရင်လည်းရှိတာပဲဖြစ်သည်။
ထွက်သက်ဝင်သက် အမြဲမပြတ်ရှိနေသော်လည်း အမှတ်တမဲ့နေကြ၍ သတိမမူဂူမမြင်
သတိမူလျှင်မြူတောင်မြင်ရတယ်ဆိုတာလိုပဲ ဂရုစိုက်၍ ကြည့်ရှုမှ ရှိမှန်းသိသည်။
ထိတာဟာ ပရမတ်ရုပ်သဘောဖြစ်သည်။ သိတာကနာမ်သဘောဖြစ်သည်။
တရိပ်ရိပ်နှင့် ထိတိုင်းပျောက်တိုင်း ရုပ်နာမ်နှစ်ပါး ဖြစ်မှုပျက်မှုတွေ ဖြစ်ပျက်၍နေခြင်း
ဖြစ်သည်။

တရိပ်ရိပ်နှင့် နှာသီးဖျားတွင် ထိလိုက်ပျောက်လိုက်နေတာတွေကိုသာ တစ်ဆက်တည်း
မြင်အောင်ကြည့်ရှု့နေလျှင်ကြာတော့ကာ ၀ိပဿနာသမာဓိ တစ်စထက်တစ်စ တစ်ခဏထက်
တစ်ခဏ တိုးတက်၍ အားကြီးလာသောအခါ နှာသီးဖျားတွင်သာမက ခန္ဓာကိုယ်မှာလည်း
အလိုလို တရိပ်ရိပ်တရွရွ ဖြစ်လာတာကိုတွေ့ရတတ်၏။
တစ်ကိုယ်လုံး၌ တရိပ်ရိပ် တရွရွတွေ အစဉ်မပြတ် ဖြစ်ပျက်၍ နေတာကို တွေ့၍လာသော
အခါ`အနိစ္စသညာနေ မေဃိယ အနတ္တသညာ သဏ္ဍာတိ´ဟူသော ပါဠိအရ အနိစ္စကိုကောင်း
စွာမြင်ရသောကြောင့် အနတ္တသည်အလိုလို ထင်၍လာလိမ့်မည်။ ၀ိပဿနာယောဂီ၏အလုပ်
သည် ထိမှုကို ကြည့်ရှု့နေရုံသာဖြစ်သည်။ ကြည့်ရှုနေရင်း သိသင့်သိထိုက်သမျှကိုမူကား
အလိုလိုသိ၍လာလိမ့်မည်။
ဤကဲ့သို့ တရိပ်ရိပ်နှင့် ထိမှုတို့ကိုကြည့်ရှုနေရင်း မဂ်ဉာဏ် ဖိုဉာဏ် ဖြစ်၍လာသည်ရှိသော်
သိသာလှ၏။ အဘယ်လိုသိသာလာပါသနည်းဟူမူ ရေငတ်၍နေသောသူသည် ရေကိုသောက်
ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့ ဖြစ်သွားတော့၏။
မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုရပြီး ရောက်ပြီးဖြစ်၍ ဖလသမာပတ်ကို ၀င်စားလိုလျှင် မိမိလာဖူး
သောလမ်းကိုပြန်ကြည့်ရ၏။
ဤအတိုင်းဖြစ်ချင်လျှင် တရိပ်ရိပ်နှင့် ထိမှုတို့ကိုသာကြည့်ရှု့၍နေ၊ ထွေလီကာလီတွေကို
လိုက်၍လုပ်မနေနှင့်။
(၁၉၇၈ခု ဗုဒ္ဓဓမ္မလောကစာစောင်မှ ထုတ်နှုတ်ချက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...