စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရောဂါ ကင်းပြီး အသက်ရှည်ဖို့ ဒီလိုမျိုးလေး နေကြစို့


၁။ အဆီများသော အသားရှောင်ပါ။
          လိုမာလင်ဒါ တက္ကသိုလ် ၏တွေ့ရှိချက်အရ အဆီများတဲ့အသားတွေကိုရှောင်တဲ့ သူတွေဟာ အသက်ရှည်ရှည်နေရတယ်လို့သိရပါတယ်။သက်သက်လွတ်စားသူတွေက
 ပြည့်ဝဆီနည်းနည်းပဲစားဖြစ်ကာ အခွံချွတ်မထားတဲ့ကောက်နှံစာ ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေလို ဗီတာမင် ၊သတ္တု ဓါတ်နဲ့ အင်တီအောက်ဆီး ဒန့် အပြည့်ပါတဲ့
အစားတွေကို စားဖြစ်တာကြောင့် ရောဂါကင်းပြီးအသက်ရှည်ကြတယ်လို့ ဆိုပါတယ်။

၂။ အိုကီနာဝါလူမျိုးများကဲ့သို့စားပါ။
         
           ဒီလူမျိုးတွေဟာ ရောဂါဘယ ကင်းရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်စွာနေနိုင်တာ ဘ၀နေထိုင်မှုစားသောက်ပုံစံကြောင့်ဖြစ်ပါတယ်။သူတို့တွေဟာ အာဟာရသိပ်သည်းဆသိပ်များတဲ့ အစာတွေဖြစ်တဲ့ တို့ဟူး နဲ့ကန်စွန်းဥ တွေကိုစားကြပါတယ်။

၃။ ဖရဲသီးစိတ်စားပါ။
             ဖရဲသီးမှာ ကင်ဆာနဲ့ နှလုံးရောဂါတွန်းလှန်နိုင်တဲ့ လိုင်ကိုပင်းအာဟာရဓါတ်အများအပြား ပါဝင်နေပါတယ်။ဒါပေမဲ့ ဖရဲသီးကို အခန်းအပူချိန်မှာမှာပဲသိမ်းပါနော်။ လေ့လာမှုအရ ဖရဲသီးစိတ်ဟာ ခဲနေတဲ့အချိန်မှာထက် အခန်းအပူချိန်မှာ ရှိနေတာက လိုင်ကိုပင်း ဓါတ်ကို ထုတ်လုပ်မှုပိုများကြောင်းသိရပါတယ်။

၎။ အစာကိုဖြည်းဖြည်းစားပါ။
          အစာကိုဖြည်းဖြည်းစားတတ်သူတွေက မြန်မြန်စားတတ်သူတွေထက် ဗိုက်ပြည့်တာကို စောစောသိပြီးအစာကိုနည်းနည်းပဲစားဖြစ်ကြပါတယ်။ အစာကိုနည်းနည်းနဲ့ဖြည်းဖြည်းစားတတ်သူတွေဟာ ကယ်လိုရီရရှိနှုန်း
နည်းကာ အသက်ရှည်ရှည် နေရကြောင်းလေ့လာသူတွေက ဆိုပါတယ်။

၅။ ငါးစားပါ။
         နှလုံးကျန်းမာရေးကိုညီညွတ်စေတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ မကောင်းတဲ့ကိုလက်စထရောအဆင့်ကိုလျော့ကျစေပြီး ကိုယ်တွင်းရောင်ရမ်းမှုကို တွန်းလှန်နိုင်ပါတယ်။ ဒါ့အပြင် က်ငဆာရောဂါနဲ့ နှလုံးရောဂါထတာကိုလျော့ကျစေပါတယ်။ ဆယ်လမွန်ငါး နဲ့ထရောက်ငါးတွေလို အဆီးများတဲ့ ငါးတွေနဲ့ ဟင်းနုနယ်၊သီဟိုစေ့၊နှမ်းကြတ်
စေ့တွေကို စားပေးပါ။

သူငယ်ချင်းတို့ကို အသက်ရှည်စေချင်လို့ Good Health ဂျာနယ်က နေ ထုတ်နှုတ်တင်ပြလိုက်ပါတယ်နော်။ အားလုံးပဲ
ကျန်းမာလို့အသက်ရှည်ကြပါစေရှင်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...