စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာစာ သင်ယူသော နိုင်ငံခြားသား များလာ


အစိုးရသစ် တက်လာပြီးနောက်
 နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့်
ပြည်တွင်း၌ မြန်မာဘာသာစကား
လာရောက်သင်ယူသော နိုင်ငံတကာ
ကျောင်းသားဦးရေ မြင့်တက်လာနေကြောင်း ရန်ကုန်နှင့် မန္တလေးမြို့
တို့ရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်များမှ သတင်းရရှိသည်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် နှစ်စဉ် နိုင်ငံတကာ ကျောင်း
သား ၄၀ ဦးခန့် တက်ရောက် ပညာသင်ယူလေ့ ရှိခဲ့သော်လည်း ယခုနှစ်
ပိုင်း၌ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် ကျောင်းသား ၈၇ ဦးနှင့် ၂၀၁၁-
၂၀၁၂ ပညာသင်နှစ်တွင် ကျောင်းသား ၁၀၀ ဦးထိ မြင့်တက်လာ
ခဲ့ကြောင်း သိရသည်။

 နိုင်ငံခြားသားများသည် သံတမန်ရေးရာ လုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာ
 နိုင်ငံများတွင် မြန်မာဘာသာစကား သင်ကြားသော ဆရာ၊ ဆရာမများအဖြစ်
တာဝန်ထမ်းဆောင်ရန် ဘာသာပြန်လုပ်ငန်းများဆောင်ရွက်ရန်နှင့် စီးပွားရေး
လုပ်ငန်းများတွင် အသုံးပြုရန် မြန်မာဘာသာစကားကို သင်ယူနေကြခြင်းဖြစ်ပြီး
လာမည့်စာသင်နှစ်တွင် ကျောင်းသားဦးရေ ပိုမိုမြင့်တက်လာနိုင်ကြောင်း
 ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

 မြန်မာဘာသာစကား လာရောက်သင်ယူကြသော နိုင်ငံခြားသားများအနက်
တရုတ်နိုင်ငံသားက အများဆုံးဖြစ်နေပြီး ထို့နောက် အများဆုံးစာရင်းတွင်
ကိုရီးယားနိုင်ငံသားနှင့် ဂျပန်နိုင်ငံသားတို့ ရှိနေကာ ဗီယက်နမ် နိုင်ငံသားများ
လည်း လာရောက်သင်ယူမှု မြင့်တက်လာကြောင်း သိရသည်။

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် မြန်မာဘာသာစကား လာရောက်သင်ယူနေသောကျောင်းသားများမှာ သြစတြေးလျ၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊
ဘူတန်၊ ဘရာဇီး၊ တရုတ်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား(တောင်၊မြောက်)၊ လာအို၊ လစ်သူယီးနီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊
ရုရှား၊ စင်ကာပူ၊ သီရိလင်္ကာ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗီယက်နမ်နှင့် သြစတြေးလျ နိုင်ငံများ
မှဖြစ်ကြောင်း သိရသည်။

 နိုင်ငံခြားသား အများစုသည် မိမိအစီအစဉ်ဖြင့် မြန်မာဘာသာစကားကို လာရောက် သင်ယူနေကြခြင်း ဖြစ်ပြီး အစိုးရချင်း ချိတ်ဆက်မှုဖြင့် တက်ရောက်သူများလည်း
ရှိနေကာ ကျောင်းလခမှာ ပညာသင်တစ်နှစ်အတွက် အက်ဖ်အီးစီ ၁၅၀၀
သတ်မှတ်ထားကြောင်း ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ သိရသည်။

 မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အခြေအနေများကြောင့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ ပေါ်ပေါက်လာခြေရှိ
သဖြင့် ထိုင်းနိုင်ငံတွင်လည်း မြန်မာဘာသာ စကား သင်ယူရန် စိတ်ဝင်စား
သူဦးရေ မြင့်တက်လာနေကြောင်း Channel News Asia စင်ကာပူ အခြေစိုက်
သတင်းဌာနမှ ထုတ်ဖော်ရေးသားထားသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅
ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...