စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးဆန်းထွေလာ သတင်းများ


ဘရာဇီးနိုင်ငံမှ ၂၆ပေရှည်သည့် အန်နာကွန်ဒါမြွေကြီး




           ဆွစ်ဇာလန်လူမျိုးြွေမ၀ါသနာရှင်နှင့် သဘာဝလေ့လာရေးသမား ဖရန်ကိုဘန်ဖီသည် ဘရာဇီးနိုင်ငံ မာတိုဂရိုဆိုနယ်အတွင်းတွင် အလျား ၂၆ပေအထိရှည်သော အန်နာကွန်ဒါအမျိုးအစားြွေမကြီးတစ်ကောင်ကို အနီးကပ်မှတ်တမ်း ဓာတ်ပုံများရိုက်ကူးနိုင်ခဲ့သည်။ အဆိုပါရှားပါးမျိုးစိတ်ြွေမကြီး၏ အစာရှာဖွေအပြီးတွင် အဆိုပါအသက်၅၃နှစ်အရွယ် ဆွစ်လူမျိုးဖရန်ကိုမှ အနီးကပ် ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။မှောင်ခိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ သိန်းချီတန်ဖိုးရှိသည့် အဆိုပါမြွေမျိုးကို ဘရာဇီးနိုင်ငံ၌ အတွေ့ရများပြီး ၎င်းတို့သည် ရှည်လျားလှသော အမေဇုန်မြစ်တစ်လျှောက် အပူပိုင်းမိုးသစ်တောများတွင် ပေါက်ဖွားရှင်သန်နေကြသည့်သည့် တွားသွားသတ္တ၀ါ မျိုးစိတ်များထဲတွင် အရွယ်ပမာဏ အကြီးမားဆုံး မျိုးစိတ်တစ်ခုဖြစ်သည်။အဆိုပါမြွေကြီးကို မကြောက်မရွံ့ အနီးကပ်ဓာတ်ပုံရိုက်ခဲ့သူက မြွေကြီးမှာအစာစားပြီးခါစဖြစ်၍ ယခုကဲ့သို့ အန္တရာယ်တစ်စုံတစ်ရာ မပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဒေါ်လာတစ်သန်းတန် အိမ်ကြီးကိုဝယ်ပြီးမှ အိမ်အောက်တွင် ဧရာမကြွက်တွင်းကြီးတွေ့ရှိ






           ကနေဒါနိုင်ငံအလယ်ပိုင်း မာနီတိုဘာပြည်နယ ၀န်နီပက်မြို့တွင် အမျိုးသမီးတစ်ဦးသည် ဒေါ်လာတစ်သန်းတန် အိမ်တစ်လုံးကို ၀ယ်ယူပြီးသောအခါမှ ၎င်းဝယ်ယူခဲ့သည့်အိမ်သည် စတုရန်းပေ၅၀၀၀ အကျယ်ရှိ ကြွက်တွင်းတစ်တွင်း၏ နှုတ်ခမ်းဝပေါ်တွင် တည်ဆောက်ထားသည်ကို တွေ့ရှိရ၍ အိမ်ပိုင်ရှင်ဟောင်းကို တရားစွဲဆိုခဲ့သည်။ ကာရီဖရိုင်ဒေါ်လာတစ်သန်းတန် အိမ်ကြီးကို ၀ယ်ပြီးမှ အိမ်အောက်တွင် ဧရာမြွကက်တွင်းကြီးတွေ့ရှိဆိုသူသည် ၎င်းအိမ်ကို ယခုနှစ် စက်တင်ဘာလခန့်က ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အိမ်ခြံဝင်းအတွင်းြွကက်များကိုတွေ့ရှိခဲ့ရသည်။

          ယင်းကြောင့်ြွကက်သတ်ဆေးများ အသုံးပြု၍ သုတ်သင်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်းြွကက်များကုန်ခန်းသွားခြင်း မရှိသည်ကို တွေ့ရှိရ၍အိမ်ပတ်ဝန်းကျင်ကို သေသေချာချာစစ်ဆေးကြည့်သောအခါမှာ သူမ၏အိမ်သည်ြွကက်တွင်းနှုတ်ခမ်းဝအပေါ်တွင် တည်ဆောက်ထားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ကာရီဖရိုင်သီသည် ယခင်အိမ်ပိုင်ရှင်ဟောင်းကို တရားစွဲဆိုခဲ့ရာ ယခင်အိမ်ပိုင်ရှင်ဟောင်းက အဆိုပါကိစ္စ၌ တစ်စုံတစ်ရာသိရှိခြင်း မရှိကြောင်း ၀င်နီပက်တရားရုံးတွင် အောက်တိုဘာ ၆ရက်နေ့က ထွက်ဆိုသွားခဲ့သည်။

လူများသမ်းဝေသည်ကို အတုခိုး၍ ခွေးများလည်း သမ်းဝေကြသည်ဟု သုတေသီများဆို




      ဆွီဒင်သုတေသီများက ခွေးများသည် သက်တမ်းခုနစ်လ ကျော်လာသောအခါ ၎င်းတို့အနီးဝန်းကျင်ရှိ လူအများသမ်းဝေခြင်းကို လိုက်လံအတုခိုးတတ်ကြကြောင်း ၎င်းတို့ယူဆသည်ဟုဆိုသည်။ ဆွီဒင်နိုင်ငံ လန်းတက္ကသိုလ်မှ သုတေသီများက လူနှင့်ခွေးများတွင် ကြာမြင့်စွာသမ်းဝေတတ်ခြင်းသည် အသက်အရွယ်နှင့် ဆက်စပ်နေသည်ဟု အဆိုပါတက္ကသိုလ်ထုတ် ဂျာနယ်တစ်စောင်တွင် ရေးသားဖော်ပြကြသည်။ အဆိုပါသုတေသီများက သမ်းဝေတတ်ခြင်းသည် အတုခိုး၍ကူးစက်တတ်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း ဆိုကြသည်။

          ၎င်းတို့ ယခင်ကပြုလုပ်သည့် သုတေသနများအရလည်း လူများ၊ ချင်ပန်ဇီမျောက်များ၊ ဘာဘွန်းမျောက်များနှင့် ခွေးများသည် အတုခိုးတတ်ကြကြောင်း တွေ့ရှိခဲ့သည်ဟုဆိုသည်။ အဆိုပါသုတေသီများသည် အသက်လေးလမှ ၁၄လအတွင်းရှိသည့် ခွေး၃၅ကောင်ကို သုတေသနပြုရာတွင် လူများသည် ၎င်းတို့ရှေ့တွင် ကြိမ်ဖန်တလဲလဲ သမ်းဝေပြပါက အသက်အရွယ် ခုနစ်လထက်ကျော်သော ခွေးများသည်လည်း အတုခိုး၍သမ်းဝေကြကြောင်း တွေ့ရှိရသည်ဟု သိရသည်။

ကြောင်တစ်ကောင်၏ ခေါ်ဆောင်ရာသို့ လိုက်ပါရင်းလွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမသင်္ချိဲုင်းတစ်ခုကိုတွေ့ရှိ





        အီတလီနိုင်ငံ ရောမမြို့သားတစ်ဦးဖြစ်သည့် မိုင်ကိုကာပီဆို ဆိုသူသည် အောက်တိုဘာ ၁၆ရက်နေ့ညပိုင်းတွင် အိမ်မွေးကြောင်တစ်ကောင်၏ လမ်းပြခေါ်ဆောင်ရာသို့ လိုက်ပါသွားရာ လွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမခေတ် ဂူသင်္ချိုင်းတစ်နေရာကို တွေ့ရှိခဲ့ရကြောင်း အောက်တိုဘာ၁၉ရက် သတင်းများတွင် ဖော်ပြခဲ့သည်။ ကာပီနှင့် ၎င်း၏မိတ်ဆွေတစ်ဦးတို့သည် ည၁၀နာရီခန့်တွင် အဆိုပါကြောင်၏ အသံပေး ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားခဲ့ရာ ၎င်းတို့နေအိမ်နှင့် မကွာဝေးလှသော မာဒီပီထရာလာတာ ရပ်ကွက်အနီးတွင် ရောမသင်္ချိုင်းအတွင်းသို့ မမျှော်လင့်ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုရောမသင်္ချိုင်းသည် ၀င်ပေါက်အတွင်းသို့ ၀င်ရောက်ကြည့်သည့်အခါ ထူးဆန်းအံ့သြဖွယ် ရောမခေတ်ဂူသင်္ချိုင်းတို့၏ အပြင်အဆင်အခမ်းအနားနှင့် လူအရိုးစုများကို တွေ့ရှိရကြောင်း သိရသည်။ ယင်းရောမသင်္ချိုင်းဂူ၏ အစိတ်အပိုင်း အတော်များများသည် ပျက်စီးယိုယွင်းနေပြီဖြစ်ပြီး ဘီစီတစ်ရာစုမှ အေဒီ နှစ်ရာစုခေတ်အတွင်း ရောမတို့၏ အနုပညာလက်ရာများဖြစ်ကြောင်း အီတလီ ရှေးဟောင်းသုတေသန ပညာရှင်များက အတည်ပြုပြောကြားခဲ့သည်။


ကမ္ဘာ့အကြီးဆုံး ကြက်သွန်ဥကြီး




        ပုံမှန်အခြေအနေမှာ ကြက်သွန်ဥတစ်လုံးသည် ကြက်ဥတစ်လုံးပမာဏမျှသာ ရှိသော်လည်း ယခုဖော်ပြပေးလိုက်သည့် ကြက်သွန်ဥကြီးမှာ သာမန်ကြက်သွန်ဥများနှင့် မတူဘဲ တစ်မူထူးခြားစွာ အရွယ်အစား ကြီးမားလွန်းလှသည်။ ယင်းမှာ၁၈ပေါင်ကျော်မျှ လေးလံလှသောကြောင့်လည်း ဂင်းနက်စ်မှတ်တမ်းကပင် ကမ္ဘာ့စံချိန်တင်ပေးလိုက်ရသည်။ အင်္ဂလန်နိုင်ငံ နော်တင်ဟမ်ရှိုင်းယားပြည်နယ်မှ စိုက်ပျိုးရေးလုပ်သားကြီး ပီတာကသူ့ဥယျာဉ်မှာ ယင်းကြက်သွန်ဥကြီးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ လုပ်သက် နှစ်၃၀ကျော်အတွင်းမှာ ယင်းသို့စံချိန်တင် ကြက်သွန်ဥမျိုးကိုမတွေ့ဖူးကြောင်း  ပီတာကပြောပြသည်။

ခွေးမလေးကြောင့် မိကျောင်းနှင့် နပန်းသတ်သူ



      အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှ အသက်၆၆နှစ်အရွယ်ရှိ စတိဗ်ဂူစတက်ဆင်ဆိုသူ အဘိုးအိုတစ်ဦးသည် သူ၏ကိုးနှစ်အရွယ် ခွေးတစ်ကောင်အား ကယ်တင်ရန်အတွက် ခုနစ်ပေရှည်သော မိကျောင်းကြီးတစ်ကောင်နှင့် လုံးထွေးသတ်ပုတ်ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ရက်နေ့က စတိဗ်မှာ နေအိမ်အပြင်ဘက်ရှိ ၀က်သစ်ချပင်ကို ခုတ်နေစဉ် သူ၏ခွေးဘောင့်စ်၏ နာကျင်စွာအော်ဟစ်သံကြားရာသို့ စတိဗ်သွားအကြည့်တွင် သူ၏ခွေးမလေးကို မိကျောင်းကြီးတစ်ကောင်က ကုပ်မှကိုက်ချီထားကြောင်း တွေ့လိုက်ရသည်။ထိုအခါစတိဗ်မှာ မိကျောင်းမေးရိုးများကို ဆွဲမ၍ ခွေးကိုရေစပ်သို့ကယ်တင်ရန် မိကျောင်းကြီးနှင့် လုံးထွေးသတ်ပုတ်ခဲ့သည်။ မိကျောင်းကြီးမှာ ခွေးကိုလွှတ်ပေး၍ ရေထဲသို့ ပြန်လည်ကူးခပ်သွားသည်။ စတိဗ်မှာ ဆိုးဆိုးရွားရွာဒဏ်ရာ တစ်စုံတစ်ရာမရရှိဘဲ သူ၏ခွေးမလေးကို ကယ်တင်နိုင်ခဲ့သည်။

ဂင်းနက်စ်စံချိန်ဝင်သွားတဲ့ ကမ္ဘာ့အကြီးဆုံး နံရံပေါ်ကပန်းဥယျာဉ်




         နံရံကိုအလှဆင်ထားတဲ့ နေရာမှာတော့  ကမ္ဘာ့အထူးဆန်းဆုံး နေရာတစ်ခုလို့ ဆိုရပါမယ်။ အီတလီနိုင်ငံ မီလန်ဒေသအနီး ရော်ဇာနိုးမြို့အနီးက ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ နံရံကြီးပေါ်မှာ ဆန်းပြားတဲ့စိတ်ကူးတွေနဲ့ သူမတူအောင် ကြိုးစားဖန်တီးထားတာကတော့ ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ပန်းဥယျာဉ်လို့ ခေါ်ဆိုလိုက်တဲ့ ဖီရော်ဒါလီဆို စီးပွားရေးအဆောက်အအုံကြီးရဲ့ နံရံပေါ်မှာ စိုက်ပျိုးထားတဲ့ ပန်းဥယျာဉ်ကြီးပဲဖြစ်ပါတယ်။ အကျယ်စတုရန်းပေ ၄၄၅၇၀ခန့်ရှိတဲ့ ထိုပန်းဥယျာဉ်ကို စက်တင်ဘာ၁၇ရက်နေ့က ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ဥယျာဉ်ကြီးအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်ဖြစ်ခဲ့ပါတယ်။ထိုဥယျာဉ်ကြီးထဲမှာတော့ သစ်ပင်ပေါင်း ၄၄,၀၀၀ပကျော်နဲ့ ပန်းမန်ပေါင်း ၂၀၀ကျော်ကို ဥယျာဉ်မှူးတွေက ပိုးမွေးသလို တယုတယ ဂရုတစိုက် စိုက်ပျိုးထားကြတယ်လို့ သိရပါတယ်။

လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အရှည်ဆုံြးွေမကြီး




        အမေရိကန်ပြည်ထောင်စု ကန်ဆက်စီးတီးမြို့တွင် မစ္စတာအက်ဂါဆိုသူ မွေးထားသော အရှည်၂၅ပေရှိသည့် စပါးကြီြးွေမကြီးမှာ လူသားတို့မွေးထားပြီး လူတို့နှင့်အတူတူနေသောြွေမများထဲတွင် အကြီးဆုံြးွေမအဖြစ် ဂင်းနက်ကမ္ဘာ့စံချိန် စာအုပ်တွင် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ မစ္စတာအက်ဂါမှမီဒူဆာဟု အမည်ပေးထားသည့် ဧရာမစပါးကြီြးွေမကြီးကို ၎င်ြးွေမအသက်၈နှစ်နှင့် ၂၄လက်မအရွယ် ရှိစဉ်ကတည်းက မွေးမြူလာခဲ့ပြီး ယခုအခါ ၂၅ပေအထိ ရှည်လျားလာပြီး ပေါင်၃၀၀ ကျော်လေးကာ သူကိုချီမရန်အတွက် အနည်းဆုံး လူ၂၅ ယောက် အတူတကွချီမမှ ရနိုင်မည်ဖြစ်သည်။

ဂင်းနက်စ်ကမ္ဘာ့စံချိန် စာအုပ်မှ လူသားတို့နှင့် အတူနေထိုင်သည့် ကမ္ဘာ့အကြီးဆုံြးွေမကြီးအဖြစ် မီဒူဆာကို အတည်ပြုပေးခဲ့ပြီး ၎င်ြးွေမကြီးမှာ၂၀၁၃ခုနှစ်ထုတ် ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်တွင် ပါလာမည်ဖြစ်သည်။ ယခင်ကထိုကဲ့သို့ လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အကြီးဆုံြးွေမမှာ ကိုလံဘတ်တိရစ္ဆာန်ရုံမှ ဖြစ်ပြီး၎င်ြးွေမ အသက်၁၈နှစ်နှင့် ၂၄ပေအရှည်တွင် သေဆုံးခဲ့ပြီးဖြစ်သည်။


စွယ်စုံ မီဒီယာ

2 comments:

  1. အားပေးခဲ့ ပါတယ်

    ReplyDelete
  2. အရမ်းတော်တာပါပဲ.နောက်လည်းထူးဆန်းတာလေးတွေတင်အုံးနော်

    ReplyDelete

Related Posts Plugin for WordPress, Blogger...