စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလှူဒါနဟာ ရံခါ အကျိုးကြီးပြီး ရံခါအကျိုးမကြီးခြင်း၏အကြောင်း

အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္မာမြို့အနီး ဂဂ္ဂရာအမည်ရှိတဲ့ရေကန်ရဲ့အနီးမှာ သီတင်းသုံးခိုက် အရှင်သာရိပုတ္တရာသည် စမ္မာပြည်သား ဒကာများနှင့်အတူတကွဘုရားရှင်ထံ
ကို ချဉ်းကပ်ရှိခိုးပြီး ``အရှင်ဘုရား ပေးလှူတဲ့အလှူဒါနဟာ ရံခါ အကျိုးကြီးပြီး ရံခါအကျိုး
မကြီးဖြစ်တတ်ပါသလား´´လို့ မေးလျှောက်တယ်။
ဘုရားရှင်က-
``သာရိပုတ္တရာ မှန်တယ်။ ပေးလှူတဲ့အလှူဒါနဟာ ရံခါ အကျိုးကြီးပြီး ရံခါအကျိုးမကြီး
ဖြစ်တတ်တယ်´´လို့မိန့်တော်မူတယ်။
``အရှင်ဘုရား အလှူရဲ့အကျိုးဟာ ဘယ်အတွက် ရံခါ အကျိုးကြီးပြီး ဘယ်အတွက်
ရံခါအကျိုးမကြီးဖြစ်ရပါသလဲ´´လို့လျှောက်ထားတော့ ဘုရားရှင်က-

``သာရိပုတ္တရာ ဤလောက၌ အချို့သောပုဂ္ဂိုလ်များဟာ-
(၁) ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ အလှူကိုပေးတယ်။

(၂) နှောင်ဖွဲ့အပ်သော စိတ်ရှိသည်ဖြစ်၍ အလှူကိုပေးတယ်။

(၃) သိုမှီးခြင်းကို ငဲ့ကွက်လျှက် အလှူကိုပေးတယ်။ ၏

(၄) အလှူရဲ့အကျိုးကို နောက်ဘ၀ ခံစားရမှာပဲလို့ရည်ရွယ်ပြီး အလှူကိုပေးတယ်။ အဲဒီအလှူရှင်ဟာ ကွယ်လွန်ပြီးတဲ့နောက် နတ်ဖြစ်ခြင်းဆိုတဲ့အကျိုးကို ခံစားနိုင်ခွင့်ရှိတယ်။
သူ့အကျိုးပေးကုန်သွားလျှင် အောက်ဘုံသို့ပြန်ကျလိမ့်မယ်။
သာရိပုတ္တရာ ဤလောက၌ အချို့သောပုဂ္ဂိုလ်များကတော့-

(၁) ငဲ့ကွက်ခြင်းမရှိဘဲ အလှူကိုပေးတယ်။
(၂) နှောင်ဖွဲ့တဲ့ စိတ်မရှိဘဲ အလှူကိုပေးတယ်။
(၃) သိုမှီးခြင်းကို မငဲ့ကွက်ဘဲ အလှူကိုပေးတယ်။
(၄) နောက်ဘ၀ဆိုတဲ့ ရုပ်နာမ်ရဲ့ အထောက်အပံ့အတွက် မဟုတ်ပါဘဲအလှူပေးခြင်းဟာ
ကောင်းမွန်မြင့်မြတ်တဲ့တရားဖြစ်တယ်လို့နှလုံးသွင်းပြီး အလှူကိုပေးတယ်။

(၅) မိဘရိုးရာရှေးအခါက ပြုခဲ့တဲ့တရားမို့ မိဘဘိုးဘွားတို့ရဲ့အစဉ်ကိုမပျက်စေချင်လို့ အလှူကိုပေးတယ်။

(၆) ရဟန်းဆိုတာ လူတို့လိုဝမ်းရေးအတွက်အခြားအလုပ်မျိုး လုပ်ကိုင်နိုင်ခွင့်မရှိဘူး။ အလှူခံစားတဲ့ အလုပ်မျှသာရှိတယ်။
အခြားအလုပ်မျိုးလုပ်ကိုင်ခွင့်ရှိတဲ့ ငါတို့က လုပ်ကိုင်ခွင့်မရှိတဲ့ ရဟန်းတို့အား အထိုက်အလျှောက် ပေးလှူသင့်တယ်လို့ယူဆပြီး အလှူကိုပေးတယ်။

(၇) အလှူရှင်ကြီးတွေကို အားကျပြီးတော့လည်း ပေးလှူတတ်ကြတယ်။

(၈) အလှူပေးတယ်ဆိုတာဟာ စိတ်ကိုကြည်လင်စေတယ်။ နှစ်သက်ဝမ်းမြောက်စရာ
ဖြစ်တယ်လို့ ယူဆပြီး ပေးလှူတာလည်းရှိတယ်။

(၉) သမထ၊ ၀ိပဿနာစိတ်ရဲ့ အဆင်တန်ဆာဖြစ်အောင် အခြံအရံဖြစ်အောင်အထောက်
အပံ့ဖြစ်အောင်ပေးလှူတာလည်းရှိတယ်။ အဲဒီလို အသီးသီးသော ရည်မှန်းချက်တွေနှင့် ပေးလှူကြရာမှာ ရုပ်နာမ်ကို ငဲ့ကွက်ခြင်း စသည်မရှိဘဲ သမထ ၀ိပဿနာစိတ်ရဲ့အဆင်တန်
ဆာဖြစ်အောင် ပေးလှူခဲ့လျှင် ထိုအလှူဒါနဟာ ဘုံအားဖြင့် ဗြဟ္မာဘုံရောက်အောင်အကျိုးပေး
နိုင်တယ်။ ပုဂ္ဂိုလ်အားဖြင့်ဆိုလျှင် အနာဂါမ်ထိအောင်အကျိုးပေးနိုင်တယ်။

``ချစ်သား သာရိပုတ္တရာ အလှူဒါနရဲ့အကျိုးကြီးခြင်း မကြီးခြင်းဟာဤလိုပေးလှူသူရဲ့
စိတ်ဓါတ်ကွာခြားမှုကြောင့်ဖြစ်တယ်။´´
ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး၏ ဒါနဟူသည်မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...