စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







" ကြီးပွားချမ်းသာလိုပါလျှင် "

~~~~~~~~~~~~~~~

" ဒို.ဘုရားသာသနာက နေပူအောင်လုပ်လို့လဲရတယ်၊
မိုးရွာအောင် လုပ်လိုလဲရတယ်၊ လူလာအောင် လုပ်လို့
လဲဖြစ်တယ်၊ လူမလာအောင် လုပ်လို့လဲဖြစ်တယ်၊
သစ်ပင်ရှိရင် ဆွမ်းရှိတယ်။

မင်းတို့ဘုရားကြည်ညိုတာက မတည့်တဲ့သူငယ်ချင်း
အိမ်အလည်လာသလောက်မှ မကြည်ညိုလို့
မင်းတို့မှာ ဘာအကျိုးထူးမှ မခံစားရဘူး။

မတည့်တဲသူငယ်ချင်းလာရင် ကိုယ်ကမခေါ်ချင်တောင်မှ
စားချိန်ကျရင် ဟိုကောင် ကျွေးလိုက်ဆိုပြီး မင်းတို့
ဒကာမကို ပြောမယ်၊စားပြီးတော့လည်း ဟိုဟာတွေ
ဆေးပြီးသိမ်းထားလို့ခိုင်းမယ်။

ခုတော့ မင်းတို့ဟာက ဘုရားဆွမ်းမှန်မှန် မလှူချင်ဘူး။
ဆွမ်းတော် တင်ပြီးလဲ ကျီးစားစား ကြွက်စားစား
တနေကုန် ပစ်ထားတာပဲ မဟုတ်လား။ " ဘုရားကိုသာ
အသက်ထင်ရှားရှိသလို မင်းတို့ ကြည်ညိုတတ်ရင်
ခုလို မဆင်းရဲဘူး။ "

~ ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ~

ပုံတော် - ( ဝေဘူဆရာတော်ဘုရားကြီးနှင့် ဆရာကြီးဦဘခင် )
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကြီးကျယ်မြင့်မြတ်သော
အရိယာအရှင်မြတ်ကြီးတို့၏ ပုံတော်ဖြစ်သဖြင့် ရိုသေလေး
မြတ်စွာထားရှိကြရန် မေတ္တာရပ်ခံအပ်ပါသည်။

- ဗုဒ္ဓဘာသာလူငယ်များအသင်း

............................................................................................
Reference and Credit to ^..^
Young Buddhist's Association

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...