စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကရင်လူမျိုးတို့၏ မင်္ဂလာဆောင်


သီတင်းကျွတ်ပြီးနောက်မှာတော့ ချစ်သူရှိပြီးသူတွေ ရွှေလက်တွဲဖို့ ရင်ခုန်ကြည်နူးနေကြပါပြီး။
မင်္ဂလာမောင်မယ်များ ရင်တဖိုဖိုနှင့် စိတ်ကူးယဉ်ကြကာ ချစ်သူနှင့် အနာဂတ်ခရီးအတူလျှောက်နိုင်ရန်
ကြိုတင်ပြင်ဆင်သည့် ကာလလေးတစ်ခုဖြစ်သည့် အချိန်နှင့် ကိုက်ညီစွာ ကရင်လူမျိုးတို့၏ ဓလေ့ထုံတမ်းစဉ်လာ
ကရင်လူမျိုးတို့၏ မင်္ဂလာဆောင်ခြင်း ထုံးတမ်းစဉ်လာကို ရေးသားဖော်ပြလိုက်ပါတယ်ရှင်။


ကရင်လူမျိုးပေါင်း (၁၁)မျိုးရှိသည်အနက် အဓိက လူမျိုးစုကြီးဖြစ်သည့် ပိုးကရင်နှင့် စကောကရင်
ကရင်လူမျိုးများထဲမှ ပိုးကရင်တို့၏ မင်္ဂလာအခမ်းအနားကို ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
ယခု ဖော်ပြလိုက်သည့် ပိုးကရင်မှာ အရှေ့ပိုး ကရင် (ကရင်ပြည်နယ်) နှင့် အနောက်ပိုးကရင် (ရန်ကုန်တိုင်း
၊ဧရာဝတီတိုင်း) စသည့်ပိုးကရင်တို့၏ မင်္ဂလာအခမ်းအနားဖြစ်ပါသည်။

ကရင်လူမျိုးချစ်သူမောင်နှံများသည် တစ်ဦးနှင့်တစ်ဦး လက်ထပ်မည်လို့ ကတိသစ္စာပြုပြီးသည့်နောက်တွင်
သတို့သမီးလောင်းမှ သတို့သားဝတ်ဆင်ရန် ကရင်အမျိုးသားဝတ်စုံကို ရက်ကန်းခတ်၍
ကိုယ်တိုင်ရက်ဆင်ရသည်(ယခုမျက်မှောက်ကာလတွင် ဝယ်ယူလိုက်ပါသည်)။
မင်္ဂဆောင်သော နံနက်စောစောတွင် မင်္ဂလာသတို့သားကို လင်စုံ၊မယားစုံ နှစ်ဦးက ထီးမိုးပေးပြီး မိဘဆွေမျိုး ၊အပေါင်းအသင်းများနှင့် အိုးစည်ဗုံမောင်း ၊ကျွဲချိုများတီးမှုတ်ကာ မင်္ဂလာဆောင်ကျင်းပရာ သတို့သမီး အိမ်သို့ သွားရောက်ကြပါသည်။

သတို့သမီးအိမ်သို့ရောက်သောအခါသတို့သားသည်အိမ်ပေါ်သို့တက်ရာတွင် လှေခါးအလယ်အဆင့်သို့ ရောက်သောအခါ အသင့်စောင့်နေသော သတို့သမီးက တရော်ကင်းမွန်းရည်ဖြစ် လောင်းချပေးရပါသည်။
ထို့နောက် အိမ်ပေါ်သို့ရောက်သောအခါ အသင့်ထားရှိသော ရေစင်ဖြစ် ရေချိုးပေးပြီးလျှင် သတို့သမီးကိုယ်တိုင်
ကြိုတင်ရက်လုပ်ထားသော အမျိုးသားဝတ်စုံဖြစ် မင်္ဂလာသတို့သားကို လဲလှယ်ဝတ်ဆင်စေရသည်။
သနပ်ခါးသွေးကာ လိမ်းပေးပြီး အလှဆင်ပေးရသည်။

ထို့နောက် သတို့သားနှင့် သူတို့သမီးတို့သည် မင်္ဂလာခန်းမဆောင် (အိပ်ခန်း) သို့ ယှဉ်တွဲဝင်ထိုင်ပြီး
သတို့သား၏ ဒူးတစ်ဖက်သည် သတို့သမီး၏ ဒူးတစ်ဖက်တွင် စတိသဘောဖြစ် တင်ထားရပါသည်။
ကရင့်ရိုးရာ မင်္ဂလာဆောင်ရာတွင် (အှ်ဟှင်းခါင်စူး) ခေါ် ချည်ဖြူဖြစ် မင်္ဂလာလက်ချည်ခြင်းကို
ဦးစွာပြုလုပ်ရပါသည်။ လူကြီးရွယ်အို လင်မယားတစ်စုံက ဦးစွာချည်ဖြူဖွဲ့ ဆုတောင်းပေးပြီး သတို့သား/
သမီးတို့၏ လက်ကောက်ဝတ်တွင် ချည်ဖြူများ ဖွဲ့ချည်ပြီးလျှင် သတို့သား/သမီးတို့က နှီးဒေါင်းလန်ကြီးထဲတွင်
ထည့်ထားသော စားသောက်ဖွယ်ရာများကို အနည်းငယ်စီနှိုက်၍ သုံးကြိမ် သုံးခါတိုင်တိုင်
အပြန်အလှန်ခွံကျွေးရသည်။

ထို့နောက် အပျိုရံတို့က  ထမင်းဟင်းများကို သုံးလုတ်စီပြည့်အောင် အလုအယက်စားသောက်ပြီးနောက်
ဦးစွားပြီးသူက ကန်သူများအပေါ် ကြဲဖြန့်၍ မင်္ဂလာပွဲကို ပျော်ရွှင်စွာ အဆုံးသတ်ကြလေတော့သည်။
(အိမ်ထောင်သက်တစ်လျှောက် စားဝတ်နေရေး ဖူလုံကြွယ်ဝသည့် အတိတ်နမိတ်ဆောင်ကာ
စားသောက်ဖွယ်ရာများကို စတိသဘော ကြဲဖြန့်ခြင်းဖြစ်ပါသည်)။
ထို့နောက် မင်္ဂလာပွဲလာ ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးရေး အစီအစဉ်များ ဖြစ်ပါသည်။
အရှေ့ပိုးကရင်တို့၏ သစ္စတိုင် ဓူဝေရိုးရာမင်္ဂလာပွဲကို ဆက်လက်တင်ပြပါအုံးမည်။
မျှော်


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်







No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...