စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘ၀ကိုဖြတ်သန်းတဲ့အခါ



> အကျိုးမရှိစေတဲ့ လူတွေနဲ့အချိန်ဖြုန်းခြင်းကိုရှောင်ကျဉ်ပါ
> ပြဿနာတွေက နေပြေးထွက်တတ်တဲ့အကျင့်ကို ရပ်တန့်ပါ
> မိမိကိုယ်ကိုယ် လိမ်လည်ခြင်းကို ရပ်တန့်ပါ
> ကိုယ်မဟုတ်တဲ့တခြားသူတစ်ဦးဦးရဲ့ပုံစံထဲဝင်အောင် အတင်းသွတ်သွင်းခြင်းမလုပ်ပါနဲ့
> အတိတ်ကို ဖက်တွယ်ထားခြင်းအား စွန့်လွှတ်ပါ
> အမှားတစ်ခုအတွက် ထိတ်လန့်ကြောက်ရွံ့နေခြင်းကို ရပ်တန့်ပါ
> ပျော်ရွှင်မှုကို ရရှိအောင်ကြိုးစားပါ
> အဆိုးမြင်ဝါဒီကို တတ်နိုင်သမျှ စွန့်လွှတ်ပါ
> ကိုယ်ကိုယ်ကို အဆင်သင့်မဖြစ်သေးဘူးလို့ တွေးထင်ခြင်းကို ရပ်တန့်ပါ
> မှားယွင်းတဲ့အကြောင်းပြချက်တွေနဲ့ relationship တစ်ခုကို မတည်ဆောက်ပါနဲ့
> သူတပါးကို မနာလိုဝန်တိုမှုမဖြစ်ပါနဲ့
> ကိုယ့်အကြောင်းကို သူတပါးကို အရေးတယူရှင်းပြနေခြင်းအားဖြင့်အချိန်မကုန်ပါစေနဲ့
> ဘယ်အရာကိုဖြစ်ဖြစ် မရပ်မနားပဲ ဆက်ခါဆက်ခါ မပြုလုပ်ပါနဲ့
> Perfect ဖြစ်ဖို့ထက်စာရင် အမှားအယွင်းနည်းအောင်သာကြိုးစားပါ ။

         Facebook ပေါ်မှဖတ်မိတာလေးသဘောကျလို့ သူငယ်ချင်းတွေကိုရှယ်ပေးတာပါ။
ဘ၀ဆိုတာစိတ်ထားတတ်ရင်ကျေနပ်စရာပါ။အဓိကကတော့ သူများကြောင့် ကိုယ်စိတ်မချမ်းသာမဖြစ်ချင်ရင်
ကိုယ့်ကြောင့်သူများစိတ်မဆင်းရဲပါစေနဲ့ .ကောင်းတာနဲ့ မကောင်းတာဆိုရင် မကောင်းတာက ဘယ်တော့မှ မနိုင်ဘူး။မှန်တာနဲ့ မှားတာဆိုရင် မှားတာက ဘယ်တော့မှ မနိုင်ဘူး။
ကောင်းတဲ့သူ၊ မှန်တဲ့သူပဲ နိုင်ရတယ်။မကောင်းတဲ့အလုပ်၊ မမှန်တဲ့အလုပ်ဆိုရင် တိုးတိုးတိတ်တိတ် လျှို့လျှို့ဝှက်ဝှက်လုပ်ရတာ။ကောင်းတဲ့အလုပ်၊ မှန်တဲ့အလုပ်ကိုတော့ ဗြောင်လဲလုပ်ရတယ်။ လူတိုင်းလဲကြိုက်တယ်။

         သူများကိုအရှုံးမပေးချင်ရင် ကောင်းတာ၊မှန်တာပဲ လုပ်ပါ။ အမြဲတမ်းအနိုင်ရတယ်။
ကောင်းတာမှန်တာလုပ်ပေမယ့် အခုလောလောဆယ် ရှုံးနေရင်လည်း စိတ်ပျက် အားငယ်မနေပါနဲ့။
အချိန်လေးတစ်ခုတော့ စောင့်လိုက်ပါ။ ကောင်းတဲ့သူ မှန်တဲ့သူကသာ အမြဲတမ်းနိုင်တယ်ဆိုတာ ဘယ်သူမှမလွန်ဆန်နိုင်တဲ့ “Law of nature” ပါ။
သတိပြုပါကိုယ့်အလုပ်ကို ကောင်းအောင်လုပ်ရမယ့် အချိန်တွေမှာ သူများကိုမကောင်းကြံနေရတဲ့အတွက် ပထမဆုံး ဆုံးရှုံးသွားတာက ကိုယ့်ရဲ့တန်ဘိုးရှိတဲ့ အချိန်တွေပါ။ ပြီးတော့ သတိပြုရမှာက သူများကိုခြေထိုးခံချိန် ကိုယ်လည်းရှေ့မသွားနိုင်တာကို ဆင်ခြင်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပါ။

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင်စင်ကြယ်ရမည်။

(ဓမ္မဘေရီ အရှင်ဝီရိယ)(ဆရာတော် ဦးဇောတိက)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...