စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







G-Talk တွေအများကြီး ဖွင့်လို့ရအောင် ဒီလိုလုပ်ပါ။ မသိသောသူများအတွက်ပါ

(၂) G-Talk တွေအများကြီး ဖွင့်လို့ရအောင် ဒီလိုလုပ်ပါ။ Desktop ပေါ်မှာ
G-Talk Short Cut ရှိမယ်။ မရှိရင် တင်လိုက်ပါ။ ပြီးရင် Properties
ထဲကိုဝင်လိုက်ပါ။ Target ဆိုတဲ့ဘေးက Box ထဲက စားသားတွေနောက်မှာ /nomutex
လို့ပြင်လိုက်ပါ။ ဒီထက်လွယ် ချင်ရင်တော့ Desktop ပေါ်မှာ Right-Click နဲ့
New Shortcut ယူလိုက်ပါ။ အောက်ပါစာသားတွေရိုက်ထည့်လိုက်
ပါ။ " "များပါ
ထည့် ရိုက်ပါ။ /nomutex ရှေ့တွေ Space ရှိပါတယ်။ "C:\program
files\google\googletalk\
googletalk.exe" /nomutex
ပြီးရင် next ဆိုတာနဲ့ Desktop ပေါ်မှာ G-Talk Shortcut ရောက်လာတဲ့အခါ စိတ်ရှိသလောက်သာ
ဖွင့်ပေတော့။ အဲနောက်တစ်မျိုးက အဲဒီ စာသားတွေကို Start ထဲက Run Box
ထဲသွားရိုက်ထည့်ပြီး OK ဆိုတိုင်း G-Talk တစ်ခု၊တစ်ခုပွင့်တယ်ဗျာ။
အရေးကြီးတာတစ်ခုပြောမယ်။ သူများဆီမှာ သုံးပြီးထသွားရင် Username
ကြီးကျန်ခဲ့မှာပေါ့။ ဒါကို Delete လုပ်သွားတတ်ကြတယ်။ မထင်နဲ့ Username
နေရာမှာ Click နှိပ်ပြီး Ctrl+Z နှိပ်ကြည့်၊ နောက်ဆုံးသုံးခဲ့တဲ့
Username ပြန်ပေါ်တယ်။ ဒါပေမယ့် Password တော့မရပါဘူး။ ဒါပေမယ့် Username
တွေသိကုန်မယ်လေ။ ဒါကိုရှင်းကြမယ် G-Talk လေးတွေ ဒီအတိုင်းပိတ်ပြီးသွားရင်
ညာဘက် အောက်က နာရီနေရာမှာ ကျန်သေးတယ်။ Sign-out လုပ်ပြီးလည်း
ခဲရောင်လေးအဖြစ်ကျန်တယ်။ အဲဒါလေးကို Right Click ထဲက Exit လုပ်လိုက်ရင်
ပိုကောင်းပါတယ်။ အဲဒီလို တခါတည်းတန်းပြီး Exit လုပ်ရင်လည်း အလိုလို
Sign-Out ဖြစ်ပါတယ်။
အခုကျန်ခဲ့တဲ့ Account တွေဖျက်ကြည့်မယ်။ Start ထဲက Run ထဲမှာ အခုလိုရိုက်ပါ။
"C:\program files\google\googletalk\
googletalk.exe"/factoryreset
ဒါဆိုရင် G-Talk ကို Factory ထုတ်စကအတိုင်း reset ပြန်လုပ်ပေးသွားပါတယ်။
Install လုပ်ပြီးကာစ လုံးဝအသုံးမပြုရသေးတဲ့ G-Talk အသစ်စက်စက်လေးလိုပေါ့။
ကဲ Remember Password ကိုတော့ Sign-in မလုပ်ခင် Check လေးဖြုတ်လိုက်နော်။
အဲဒီလို Run ထဲ ခဏခဏ သွားမရိုက်ချင်ရင်တော့ New Shortcut တစ်ခုယူလိုက်ပါ။
အဲဒီစာသားတွေ ရိုက်ထည့်ပါ။ Next ပြီးရင် G-Talk Factory Reset သို့မဟုတ်
ကြိုက်ရာနာမည်ပေးပြီး Next လုပ်လိုက်တာနဲ့ Shortcut တစ်ခုရောက်လာမယ်။
အဲဒီ Shortcut လေး Double click နှိပ်ပေးလိုက်တာနဲ့ ရသွားပါပြီ။
အခြားလူတွေလည်း သုံးလို့ရသွားတာပေါ့။
Registery ကနေသွားကြည့်မယ်။ Windows ရဲ့ Registery ထဲက G-Talk ထဲမှာလည်း
လုပ်စရာလေးတွေရှိတယ်။ Registery Editor ထဲကို Start ထဲက Run ထဲကနေ
regedit လို့ရိုက်ပြီး Enter ခေါက်ခေါ်လိုက်ရင် ရောက်လာပါလိမ့်မယ်။
Ggoogle Talk ကဘယ်မှာရှိ လဲဆိုတော့

HKEY_CURRENT_USER\Software\

Google\Google Talk
အဲဒီထဲမှာရှိတယ်။ Google Talk ဆိုတဲ့အောက်က Account ဆိုတဲ့အောက်မှာ ဒီG-talkမှာ သုံးသွားသမျှ
Account တွေအားလုံးမှတ်ထားတယ်။ အဲဒါကြောင့် ကျန်နေတာပါ။ ဒီမှာ ဘယ်သူတွေ
Sign-in ၀င်ခဲ့သလဲဆိုတာ အားလုံးသိရမယ်။ ဒါပေမယ့် ရှေ့မှာပြောခဲ့တဲ့
Factory Reset လုပ်လိုက်ရင်တော့ အားလုံးအပြောင်ပဲ။
အကယ်၍များ G-Talk လေးက System Tray လေးထဲမှာ ပုန်းနေလားဆိုတာကိုသိချင်ရင်
Window Key + Esc ကိုနှိပ်ကြည့်လိုက်ရင် ထွက်ပေါ်လာလိမ့်မယ်။
ပြန်လည်မျှဝေလိုက်ပါတယ်.. ပျော်ရွှင်ကြပါစေ .

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...