စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျေးလက်ဒေသအထိ ကွန်ပျူတာနည်းပညာကို လိုက်လံသင်ကြားပေးရန်စီစဉ်


Myanmar ICT Development Organization (MIDO) အမည်ဖြင့် ကွန်ပျူတာနည်းပညာများကို ကျေးလက်ဒေသအထိ လိုက်လံသင်ကြားပေးမည့် အဖွဲ့အစည်းတစ်ခုကို စတင်ထူထောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ တတိယအကြိမ်မြောက် ရန်ကုန်ဘားကမ့်၏ အဆက်အသွယ်များနှင့် အဆိုပါအဖွဲ့ကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပြီး နာမည်ကျော်ဘလော့ဂါနှစ်ဦးဖြစ်သည့် ကိုနေဘုန်းလတ်နှင့် ကိုညီလင်းဆက်တို့မှ ဦးဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလထဲမှာ ဘားအံဘက်ကိုသွားပြီး အိုင်စီတီနည်းပညာတွေကို သင်ကြားပေးဖို့ရှိတယ်။ အကိုတို့အနေနဲ့ကတော့ ပညာဒါနလောက်ပဲ ပေးနိုင်တယ်။ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ နယ်မြို့တွေမှာ ဒါလေးလောက်နဲ့တော့မလုံလောက်ဘူး။ အခြေခံအဆောက်အအုံတွေအပြင် တခြားလိုအပ်နေတာတွေက အများကြီးပဲ။ ဒါတွေကို တခြားအဖွဲ့အစည်းတွေက လုပ်ကိုင်ပေးသွားရင်ကောင်းတာပေါ့” ဟု အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုနေဘုန်းလတ်ကဆိုသည်။ MIDO အဖွဲ့သို့ စာရင်းပေးပါဝင်လာသူအရေအတွက်မှာ ၁၀၀ ကျော်အထိ ရှိလာခဲ့ပြီး ဦးဆောင်သူ ၁၅ ယောက်ခန့်၏ မတည်ငွေ သိန်း ၂၀ ကျပ်ဖြင့် အဖွဲ့ကိုစတင်လည်ပတ်သွားမည်ဖြစ်ကြောင်း MIDO အဖွဲ့အနေဖြင့် ရန်ကုန်မြို့သာမက ကျေးလက်ဒေသများအထိပါ အိုင်တီနည်းပညာများကို လိုက်လံသင်ကြားပေးသွားမည်ဖြစ်ပြီး သင်ကြားမှုများနှင့်ပတ်သက်သည့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲနိုင်ရန်လည်း အဖွဲ့အတွင်း၌ တိုင်ပင်ဆွေးနွေးနေပြီဖြစ်ကြောင်း MIDO အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုညီညီထွေးကပြောသည်။ “နယ်က ပညာတော်တဲ့ကလေးတွေကို ရန်ကုန်ခေါ်လာပြီးတော့ ပညာဆက်လက်သင်ကြားပေးဖို့လည်း စဉ်းစာထားကြတယ်။ နောက်ပြီး နိုင်ငံတကာမှာရှိတဲ့ အိုင်စီတီဆိုင်ရာ Law ကိုလည်း ဘာသာပြန်ပြီး ပြုစုပေးသွားဖို့ရှိတယ်။ အိုင်တီနည်းပညာတွေကို သင်ပေးတဲ့အခါမှာ ၄ တန်းကျောင်းသားကနေစပြီး ၁၀ ကျောင်းသားတွေလောက်အထိ သင်ပေးသွားဖို့ရှိတယ်။ တခြားသင်ချင်တဲ့လူတွေရှိရင်လည်း သင်လို့တော့ရပါတယ်” ဟု၎င်းကဆိုသည်။ ကွန်ပျူတာနည်းပညာကို အခမဲ့လာရောက်သင်ကြားပေးရန် ဖိတ်ခေါ်သည့် ကျေးလက်ဒေသများရှိပါ က သင်ကြားပေးသွားရန်အသင့်ရှိကြောင်း၊ အင်တာနက်နည်းပညာ သင်ကြားမှုအနေဖြင့် ဒေသခံအင်တာနက်ဆိုင်များရှိပါက ချိတ်ဆက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း MIDO အဖွဲ့ဝင်တစ်ဦးကဆိုသည်။ “တစ်နေရာကို ၅ ရက်နှုန်းနဲ့ သင်ကြားပေးသွားဖို့ရှိတယ်။ အင်တာနက်ကို စိတ်ဝင်စားတယ်ဆိုရင်လည်း ဒေသခံအင်တာနက်ဆိုင်တွေနဲ့ ချိတ်ဆက်ပြီးသင်ပေးသွားမှာပါ။ အင်တာနက်မရှိရင်လည်း ဗီဒီယိုဖိုင်တွေနဲ့ ပြသပြီး သင်ကြားပေးသွားမယ်။ သူတို့တွေကိုလည်း ဒီသင်ရိုးညွှန်းတမ်းတွေကို စီဒီတွေအနေနဲ့ ပေးထားခဲ့ဖို့ရှိတယ်။ ဒီလ ၁၅ ရက်နေ့လောက်ဆိုရင်လည်း သင်ကြားမှုတွေစတော့မယ်။ လောလောဆယ် မြောက်ဒဂုံ၊ မှော်ဘီနဲ့ ဘားအံသွားဖို့ရှိတယ်” ဟု ကိုညီညီထွေးကပြောသည်။
Forward Internet Journal

အနာဂတ်ကြယ်ပွင့်လေးများ: http://www.futurestars-mm.com/profiles/blogs/6405389:BlogPost:313152#ixzz1pZUlhkWM


ပိုလန်နိုင်ငံတစ်နေရာမှာ ဒီလိုတောအုပ်လေးတစ်ခုရှိတယ်။ အဲဒီတောအုပ်မှာ ပေါက်နေတဲ့ ထင်းရှူးပင် အပင်၎ဝဝလောက်ဟာ တခြားသာမန်ထင်းရှူးပင်တွေနဲ့ မတူဘဲ ထောင့်မှန်ကျ ပေါက်နေပါတယ်။ အဲဒီတောအုပ်ကို Crooked Forest ကောက်ကွေးတောအုပ်လို့ ခေါ်သတဲ့။ ထင်းရှူးပင်တွေဟာ အပင်ပေါက်စမှာ မြေပြင်နဲ့တပြေးညီပေါက်ပြီး သတ်မှတ်တဲ့အရွယ် ရောက်တာနဲ့ အပေါ်ကို ၉ဝဒီဂရီ ထောင်တက်သွားပါတယ်။ ဒီတောအုပ်က အပင်တွေဟာ ၁၉၃ဝခုနှစ်ကတည်းက ရှိခဲ့တာဖြစ်တယ်။ ဒီတောအုပ်ဟာ ကနေ့တိုင်အဖြေရှာမရတဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။ http://en.wikipedia.org/wiki/Crooked_Forest

အနာဂတ်ကြယ်ပွင့်လေးများ: http://www.futurestars-mm.com/profiles/blogs/6405389:BlogPost:314087#ixzz1pZVAYd7P

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...