စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပုဂံခေတ်..ကြေကွဲဖွယ်..သင်္ကြန်ဇာတ်လမ်းလေးပါ


မြူမှောင်ဝေကင်း၊ ငွေအဆင်းဆန္ဒ၊
ပြည်ဘောင်၊  တိုင်းမြန်ပြည်အေးချမ်းအောင်ဆု…
သွန်းခါရေ..အေးစေကြောင်း..လောင်းတဲ့လုံမေ…
ထူးထူးကဲကဲ လှကြပါစေ….

ဒီတေးသံလေးကြားလိုက်ရင်ဖြင့်
မြန်မာမှန်လျှင်..သင်္ကြန်ဆိုတာ ရင်ခုန်စရာပါ
အချို့ကသင်္ကြန်မှာစတင်ခဲ့တဲ့ ကြည်မွေ့ဖွယ် ဇာတ်လမ်းများကြောင့်..
အချို့က သင်္ကြန်ကြောင့်ရရှိခဲ့တဲ့ ကြေကွဲဖွယ် ဇာတ်လမ်းများကြောင့်..
အကြောင်းတရား အမျိုးမျိုးကြောင့်..။

ပုဂံခေတ်မှာ..သင်္ကြန်ဇာတ်လမ်းလေးတစ်ပုဒ် ရှိခဲ့ဘူးပါရဲ့..
သက္ကရာဇ်၆၁၇ ခုနှစ်မှာ နရသီဟပတေ့ထီးနန်းအုပ်ချုပ်မင်းလုပ်ပါတယ်..
ဘုရင်နရသီဟပတေ့ဟာ အမျက်စောင်မာန်အငြူအစူကြီးသူဖြစ်ပါတယ်
လောဘသက္ကာယ လည်းကြီးပါတယ်..
ပွဲတော်တည်ရင်တောင်ဟင်းခွက်သုံးရာပါရပါတယ်တဲ့..။

ဆိတ်ထိမ်းကမ်းဖြူသူ..သူကြွယ်သမီးကို မိဖုရားဖွားစောရယ်လို့ မိဖုရားခေါင်အဖြစ်ထားပါတယ်..
မိဖုရားငယ်ကတော့ ငါးပါးရှိပါတယ်..
စောလုံတစ်ပါး
စောနန်းတစ်ပါး
ရှင်ဘားတစ်ပါး
ရှင်မောက်တစ်ပါး
ရှင်ရွှေတစ်ပါး..ဖြစ်ကြပါတယ်..။
မိဖုရားများက ညဆိုရင်အလည့်ကျ အိပ်ဖန်စောင့်ခစားရပါတယ်။

မင်းကြီးဟာ..နွေလ သင်္ကြန်ခါရောက်ရင် နန်းတော်က မြစ်ဆိပ်ရောက်အောင်
အရိပ်ကြီးစွာပြု လူသူမမြင်အောင် အသေခြာကာရံပြီးမှ မြစ်ဆိပ်မှာ မင်းတဲလုံခြုံစွာဆောက်လို့
မိဖုရားမောင်းမမိတ်သံများနဲ့ ရေကစားပါသတဲ့..။

တစ်ခုသော သင်္ကြန်မှာတော့ ပြုမြဲထုံးစံ ရေသဘင်ပွဲ ပျော်ပါးရင်း
စိတ်ကူးပေါက်လို့ အပျိုတော်မောင်းမတစ်ဦးကို တိုးတိုးတိတ်နဲ့
မိဖုရားစောလုံကို မျက်စိမျက်နှာ ဦးဆံ ရွှမ်းရွှမ်းစွတ်အောင်ရေလောင်းစေပါတယ်.. ။

မောင်းမတစ်ယောက်ရဲ့ တစ်ကိုယ်လုံးရွှဲရွှဲစိုအောင် ရေလောင်းကိုခံလိုက်ရတဲ့
မိဖုရားစောလုံဟာ အရှက်ကြီးရှက်သွားပါတော့တယ်
ဘုရင်နရသီဟပတေ့ကို..အညိုးအတေးထားလိုက်ပါတယ်..
အဲဒီနေ့ကတော့..စောလုံက ဘုရင်ကို ပွဲတော်အုပ်ဆက်ရမဲ့နေ့နဲ့လည်းတိုက်ဆိုင်နေပါတယ်..
ဘုရင့်ပွဲတော်အုပ်ထဲမှာ..အဆိပ်ခပ်လို့..သူကိုယ်လက်မကျန်းလို့ဆိုပြီး မိဖုရားရှင်မောက်ကိုဆက်ခိုင်းလိုက်ပါတယ်။

ဘုရင်နရသီဟပတေ့ပွဲတော်တည်မဲ့ဆဲဆဲမှာ..မင်းတဲအနီးကခွေးတစ်ကောင်နှာချေဆပ်ပါသတဲ့..
ဘုရင်လည်း..ထူးဆန်းလို့ရယ်လို့..ထင်ပြီး ပွဲတော်ကို ခွေးကျွေးစေပါသတဲ့..ခွေးသေပါလေရောပေါ့..။
အမှုကိုစစ်ဆေးတဲ့ခါ..စောလုံက သူ့ကိုအရှက်ရစေလို့ လုပ်ကြံကြောင်း ရဲရဲဝန်ခံပါသတဲ့..
ဘုရင်နရသီဟပတေ့က စောလုံကို မီးတိုက်သေစေဖို့..
ပန်းပဲတစ်ထောင်ကိုသံကျပ်စင်ဆောက်လုပ်စေပါတယ်..။

မိဖုရားစောလုံက ပန်းပဲသမားများကို အသပြာပေးလို့ ခုနစ်ရက်ကြာအောင်ပြုလုပ်စေပါတယ်..
အဲဒီခုနစ်ရက်မှာ..ပုတီးစိပ်..တရားဘာဝနာပွားနေခဲ့ပါတယ်..
ခုနစ်ရက်ပြည့်လို့..စောလုံမီးရဲရဲတောက်နေတဲ့ သံကျပ်စင်ပေါ်တက်တော့
သုံးကြိမ်သုံးခါမီးသေသွားပါတယ်တဲ့..နောက်မှ..သူ့ကိုယ်သူ..အဓိဌာန်ပြုလိုက်မှ..မီးစွဲလောင်ပါတယ်တဲ့။

စောလုံ သံကျပ်စင်မီးရဲရဲမှာ အနိစ္စရောက်တဲ့ညကစလို့
ဘုရင်နရသီဟပတေ့က..ညဆိုရင် စိတ်တွေခြောက်ခြားလို့
“ စောလုံ စောင်ပါခလှည့်..” ရယ်လို့ယောင်ရမ်းမြည်တမ်းနေရပါတယ်..။
ဒီတော့မှ..မိဖုရားဖွားစောက..
“ အရှင်မင်းကြီး အမိန့်နှင့် မိဖုရားစောလုံ မရှိတော့ကြောင်း..” တင်လျှောက်ရပါတယ်..
မင်းဆရာတော်မဟာထေရ်ကလည်း..အတန်တန်တရားပြမှ သက်သာရာရပါသတဲ့..။

ဒီအဖြစ်အပျက် သမိုင်းကြောင်းလေးကို..မှန်နန်းမဟာရာဇ၀င်တော်ကြီးမှာ..ဖတ်ခဲ့ဘူးကြောင်းပါဗျာ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...