PhotoShop Software ဖြင့် အရောင်ပြောင်း Animation ပြုလုပ်ခြင်း
လွမ်းရဲ့လက်ရာ သူငယ်ချင်းဆိုတဲ့ Flash Song ရဲ့ နောက်ခံအဖြစ် ထည့်ထားတဲ့ မိန်းခလေးရဲ့အကျီင်္ဟာ အရောင်တွေပြောင်းနေတာကို သူငယ်ချင်းတို့  သတိထားမိကြမှာပါ…
အရောင်ပြောင်းတာကို PhotoShop Software ဖြင့် ပြုလုပ်ပုံကို တင်ပြပါမယ်…
၁။ မိမိအရောင်ပြောင်းမဲ့ ပုဝါစကို ရွေးချယ်ဖို့  Magic wand tool ကို ရွေးချယ်ပါမယ်…
၂။ Magic Wand Tool နဲ့  အဖြူရောင်နေရာလေးတွေကို Shift Key ဖိထားပြီး ရွေးချယ်လိုက်ရင် ပုံမှာမြင်ရတဲ့အတိုင်း တွေ့ ရပါမယ်…

၃။ Edit >>> Copy လို့  ပြုလုပ်ထားပါမယ်…
၎။ Layers ထဲမှာ အနီဝိုင်းပြထားတဲ့အတိုင်း Create a new layer လုပ်လိုက်ပါမယ်…
နောက် Edit>>>Paste Special>>>Paste In Placeလုပ်လိုက်ပါမယ်…
၅။ အသစ်ပြုလုပ်ထားတဲ့ Layer ကို Select ပြုလုပ်ထားပြီး Select>>>Reselect ပြုလုပ်ပါမယ်…(ပုဝါစကို ပြန်ရွေးပေးထားရမှာပါ)

၆။ Image>>>Adjustments>>>Hue/Saturation ကို ရွေးချယ်ပါမယ်…

၇။ ပုံတွင်ပြထားသည့်အတိုင်း မိမိလိုချင်သောအရောင်ရရှိရန် Colorize Check Box ကို Tick လုပ်ထားပြီး ရွေးချယ်ပါ…

၈။ အထက်ပါနည်းအတိုင်း အဆင့်(၄) Paste In Place ပြုလုပ်ထားသော Layer ကို Duplicate Layer များယူပြီး Layer တစ်ခုချင်းစီမှာ မိမိလိုချင်သောအရောင်ကို ပြောင်းပါ…
လွမ်းက လွမ်းနာမည်လေးတွေကိုပါ Text နဲ့  ထည့်ပြီး Text Effect တွေ ထည့်ထားပါတယ်…
အဆင့်ဆင့် ပြုလုပ်ပြီး Print Screen လုပ်ထားတဲ့အတွက် လွမ်းထည့်ထားတဲ့ပုံရဲ့ ပုဝါစက အရောင်မျိုးစုံဖြစ်နေတာကို တွေ့ ရမှာပါ... Menu Bar မှ Command ယူပုံကိုပဲ သိစေချင်တာပါ...

၉။ Window>>>Animation ပြုလုပ်ပြီး Animation (Frames) များကို Duplicates Selected Frames များကို ယူထားပြီး Layer မှ မျက်လုံးများကို အဖွင့်အပိတ်ပြုလုပ်ခြင်းဖြင့် အရောင်များကို ထည့်သွားနိုင်ပါတယ်… အချိန်ကို 1 Second ထားထားပါတယ်…

၁၀။ ပုံကို သိမ်းတဲ့အခါ File>>>Save for Web & Devices ကိုရွေးချယ်ပါမယ်…

၁၁။ Save for Web & Devices Dialog Box ပွင့်လာတဲ့အခါ Save ဖြင့် သိမ်းလိုက်ပါမယ်…

၁၂။ ဒါဆိုရင် အောက်မှာပြထားတဲ့အတိုင်း GIF File လေးကို ဖွင့်လိုက်ရင် မြင်ရမှာပါ...

သူငယ်ချင်းများအားလုံး မိမိတို့ ရဲ့ အချိန်များကို နည်းပညာများကို လေ့လာခြင်းဖြင့် တတ်ကျွမ်းနားလည်ကြပါစေ...
လွမ်းဧကရီ
၂၃-၀၃-၂၀၁၂
နံနက် ၆း၁၅ နာရီ
No comments:
Post a Comment