ကမ္ဘာမြေမြင်၏ ဆန့်ကျင်ဘက်ခြမ်းမှ မြင်ရသော လမျက်နှာပြင် (far side)


ကမ္ဘာကို လပေါ်မှ ရိုက်ကူးထားသော ဓာတ်ပုံ
လဟာ ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့ ဂြိုလ်ကို လှည့်ပတ်နေတဲ့ အရံဂြိုလ်တွေထဲမှာတော့ အကြီးဆုံး ဖြစ်ပြီးတော့ ကမ္ဘာမြေရဲ့ ၄ ပုံ ၁ ပုံ အရွယ်အစားရှိပါတယ်။ နောက်ပြီးတော့ ကမ္ဘာ့အလေးချိန်ရဲ့ ၈၁ ပုံ ၁ ပုံ အလေးချိန်ရှိပါတယ်။ ဒါဟာ ကမ္ဘာထက် ပိုမိုပေါ့ပါးပါတယ်။ နောက်ပြီးတော့ ဂျူပီတာကိုလှည့်ပတ်နေတဲ့ Io အရံဂြိုလ်ပြီးရင်တော့ နေအဖွဲ့အစည်းထဲမှာ ဒုတိယမြောက် အမှောင်ဆုံး ဂြိုလ်ရံတစ်ခုလည်း ဖြစ်ပါတယ်။
လဖြစ်ပေါ်လာပုံကတော့ သိပ္ပံပညာရှင်တွေ နည်းလမ်းပေါင်းများစွာကြံဆ စဉ်းစားခဲ့ကြပါတယ်။ ဂြိုလ်တစ်ခုဟာ ကမ္ဘာနဲ့ နီးကပ်နေတုန်း ကမ္ဘာ့ဆွဲအားကြောင့် လ ဖြစ်ပေါ်လာတယ်လို့လဲ ဆိုကြပါတယ်။ ဒါပေမယ့် အဖြစ်နိုင်ဆုံး လက်ခံကြတဲ့ သီအိုရီကတော့ Giant Impact Hypothesis လို့ခေါ်ပါတယ်။ ဒါကတော့ လ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံ သို့မဟုတ် ၄.၅ ဘီလီယံအချိန်ကာလမှာ ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးလည်း စတင်ဖြစ်ပေါ်ခါစ အချိန်လို့ဆိုပါတယ်။ အဲ့ဒီအချိန်မှာ အင်္ဂါဂြိုလ်အရွယ်အစားလောက်ရှိတဲ့ (တစ်ချို့ကတော့ သီရာ Theia) လို့ခေါ်တဲ့ ဂြိုလ်ကြီးတစ်ခုက ၀င်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုတိုက်တဲ့ အချိန်မှာ အရှိန်သိပ်မမြန်ပဲ ကမ္ဘာရဲ့ အစိတ်အပိုင်း တစ်စိတ်တစ်ဒေသကို တိုက်လိုက်တယ်လို့ ဆိုပါတယ်။ ဒီလို တိုက်မိတဲ့အခါမှာတော့ ဂြိုလ်နှစ်ခုရဲ့ အစိတ်စိတ်အမွှာမွှာကွဲသွားတဲ့ အစိတ်အပိုင်းတွေ (အထူးသဖြင့် သီရာဂြိုလ်ရဲ့ အစိတ်အပိုင်းတွေ)ဟာ အာကာသထဲကို လွင့်စင်ထွက်သွားပြီးတော့ အဆိုပါ အစိတ်အပိုင်းတွေဟာ အချင်းချင်း ဆွဲငင်အားကြောင့် ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ပေါင်းဆုံသွားပြီးတော့ ကျွန်တော်တို့ လက်ရှိကမ္ဘာဂြိုလ်ရဲ့ ဆွဲငင်အားကြောင့် လ ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ပစိဖိတ်သမုဒ္ဒရာဟာ နက်ရှိုင်းတဲ့ ရေပြင်ကြီး ဖြစ်ပေါ်လာရတယ်လို့ ကောက်ချက်ချတဲ့ လူတွေလည်း ရှိပါတယ်။ တွေ့ရှိကြတယ်လို့ဆိုပါတယ်။ ဒီလို တိုက်ခိုက်မှု့ကြောင့် ကမ္ဘာ ၀န်ရိုးဟာလည်း ၂၃ ၂ပိုင်း၁ပိုင်း ဒီဂရီ တိမ်းစောင်းသွားပြီး ရာသီဥတုတွေ ဖြစ်ပေါ်လာရပါတယ်တဲ့။
ဒါကတော့ YouTube လဖြစ်ပေါ်လာပုံ ဗီဒီယိုပါ
နာဆာက လပေါ်ကို အာကာသယဉ်မှူးတွေ လွှတ်တင်နိုင်တဲ့ အချိန်မှာတော့ လပေါ်ကနေ ကျောက်တုံးတွေ ကမ္ဘာမြေပေါ်ကို ယူဆောင်လာပြီးတော့ ဓာတ်ခွဲစမ်းသတ်ကြပါတယ်။ ဒီအထဲမှာ ကောက်ချက်ချလို့ရတာကတော့ အချို့သော လပေါ်က ဒြပ်ထုတွေရဲ့ ဖွဲ့စည်းပုံဟာ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တုတွေရဲ့ ဖွဲ့စည်းပုံနဲ့ ဆင်တူတယ်လို့ တွေ့ရှိရပါတယ်။ နောက်တစ်ချက်ကတော့ တစ်ကယ်လို့သာ လဟာ ကမ္ဘာကို ၀င်တိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခဲ့တယ်ဆိုရင် လမှာလည်း ရေရှိနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒါကိုလည်း ခုနောက်ပိုင်းမှာ စမ်းသပ်တွေ့ရှိကြပါတယ်။
ဒီလိုမျိုး ကမ္ဘာနဲ့ တိုက်ပြီးတဲ့နောက်မှာ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ကျောက်သားတွေဟာ ကနဦးမှာ အရည်ပျော်နေပြီးတော့ လေးလံတဲ့ အစိတ်အပိုင်းတွေဟာ အတွင်းပိုင်းကို ပျော်ဝင်သွားပြီးတော့ ပေါ့ပါးတဲ့ ကျောက်သားတွေကတော့ မျက်နှာပြင်အထက်ပိုင်းကို ရောက်ရှိလာကာ အေးခဲသွားတယ်လို့ ယူဆကြပါတယ်။ နောက်ပိုင်းမှာတော့ ရာစုနှစ် ထောင်ပေါင်းများစွာ ကမ္ဘာမြေပြင်နည်းတူ လဟာလည်း အာသာသမှ အပိုင်းအစတွေ ကျရောက်လာမှု့ကြောင့် မျက်နှာပြင်မှာ ချိုင့်ဝှမ်းတွေ ဖြစ်ပေါ်လာပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ ဆက်လက်ပြီးတော့ လကမ္ဘာကို စူးစမ်းလေ့လာမှု့တွေ ပြုလုပ်နေကြဦးမှာပါ။

No comments:
Post a Comment