3 လပိုင်းအကုန် မှာ ဆောင်းနှင်းလေးတွေ အဝေးထွက်ပြေးလို့  တစတစ နွေးထွေးလာတဲ့  ဂျပန်ပြည်ရဲ့ နွေဦးရာသီလာပါပြီ။နှင်းရိုက်ပြီးချမ်းအေးလွန်းလို့  အရိုးပြိုင်းပြိုင်းကျပြီး တုတ်တုတ်မှမလှုပ်နိုင်တဲ့  သစ်ပင်တွေကလဲ အဖူးအငုံ
လေးတွေထွက်လာပြီးဂျပန်နွေဦးကိုကြိုဆိုအလှဆင်ဖို့  ပန်းလေးတွေ ပွင့်ကြပြီလေ--
ဒီရာသီ ဂျပန်မှာ ပွင့်တဲ့ပန်းဆို အများက ဆာကူုရာ့ Sakura လို့ခေါ်တဲ့ ချယ်ရီပန်းလေးတွေကိုပဲ သိကြတာများပါတယ်။တကယ်တော့  ဆာကူရာ့  ရဲ့ အရင် နွေဦးကိုကြို တဲ့  ပန်းလှလှလေး တမျိုးရှိပါသေးတယ်။သူ့ အပင် ကပန်းပွင့်ရုံသက်သက်မဟုတ်ဘဲ သူ့အသီးက ဂျပန်ရိုးရာ အစားအသောက်တွေမှ အမြဲ ပါတဲ့  Ume အုမဲ (မက်မန်းသီး)ပါ။ဆားနဲ့စိမ်ထားတဲ့ Umeboshi အုမဲဘိုးရှိ လို့ခေါ်တဲ့ စားဆိမ် မက်မန်းသီးကမနက်စာထမင်းဝိုင်းမှာစားကြပါတယ်။
အရသာက မြန်မာပြည်က မက်မန်းသီးနဲ့တူပြီး နဲနဲပိုငန်ပါတယ်။
နောက်ပြီး အုမဲသီးစိမ်ထားတဲ့ Umeshuအုမဲရှု လို့ခေါ်တဲ့ အုမဲအရက်ကလဲ သွေးလည်ပတ်ပြီးကျန်းမာရေးအတွက်
ကောင်းတယ်ဆိုပြီး ဂျပန်တွေသောက်ကြပါတယ်။အထူးသဖြင့်  ဂျပန် က အမျိုးသမီးကြီးတွေအတွက် ဆေး အရက်ပါ။
အုမဲသီေးလးတွေထည့်ထားတဲ့ စားစရာချိုချဉ် ၊သကြားလုံးလေးတွေ လဲရှိပါတယ်။
ဒီလို အမျိုးမျိုးအသုံးဝင်တဲ့  အုမဲသီးနဲ့ အုမဲပန်းလှလှလေးတွေကိုကြည့်စေချင်လို့  ဖော်ပြပေးလိုက်ပါတယ်နော်-
ဒါက အပင်ပေါ်က ခူးထားတဲ့ အုမဲသီးတွေပါ။

Umeboshi , အုမဲဘိုးရှိ( ဆားစိမ် မက်မန်းသီး)

Umeshu ,အုမဲ ရှု( မက်မန်းစိမ် ဆေးအရက်)

နွေဦးကြို နေတဲ့ အုမဲပန်း လှလှလေးတွေ-

No comments:
Post a Comment