စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မင်းသားညီနောင်နဲ့ အတွဲထူးလာတဲ့ ဝတ်မှုံရွှေရည်ရဲ့ ‘ချစ်မြတ်နိုးခြင်းများ ဖွဲ့သီထားသော’

အနုပညာလောကမှာ ထူးထူးခြားခြား ညီအစ်ကိုအရင်းအချာ ဖြစ်တဲ့နေတိုးနဲ့ မင်းသွေးတို့ မင်းသားညီနောင်နှစ်ယောက်၊ ဒုတိယမြောက် အတွဲထူးတဲ့ဇာတ်ကားကတော့ ‘ချစ်မြတ်နိုးခြင်းများ ဖွဲ့သီထားသော’ဆိုတဲ့ လွန်းထားထားရဲ့ဝတ္ထုကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ဖန်တီးရိုက်ကူးတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က မင်းသား ညီနောင်နဲ့ အတွဲထူးပါဝင် သရုပ်ဆောင်ထားပါတယ်။  ဒီဇာတ်ကားက အချစ်ဇာတ်ကား ဖြစ်တဲ့အတွက် တော်တော်လေးကို ဂရုစိုက်ပြီးရိုက်ရတယ်လို့ နေတိုးက ပြောပါ တယ်။ ‘ဂျစ်ပစီ’ ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာဝိုင်းနဲ့ ညီအစ်ကို၂ယောက်ရိုက်ခဲ့ဖူးပြီး ဒီဇာတ်ကားနဲ့ဇာတ်လမ်း၊ အဝတ်အစားကအစ အကုန်ကွာခြားပြီး ဆန့်ကျင်ဘက် ဖြစ်တဲ့အတွက် မတူတဲ့ရသကို ပေးနိုင်မယ်လိမ့်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ ဒီဇာတ်လမ်းရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး နေတိုးက”ဒီဇာတ်လမ်းမှာက မင်းသား ၂လက်ဖြစ်တယ်။ မင်းသမီးအနေနဲ့ကလည်း ရှေ့မှာဂေါ်လီလိုမျိုးကို ပရိသတ်အသိအမှတ် ပြုမယ့်ဇာတ်လမ်းမျိုးလေးတွေက ပိုများတယ်။ အခုဟာကသူလည်း လုပ်ဖူးပြီး သား မဟုတ်ဘူး။ ကျွန်တော်ကတော့ ဇာတ်ရုပ်အနေနဲ့ ရှိကောင်းရှိမယ်။ ဇာတ်ကောင်စိတ်အနေနဲ့တော့ ဒီလိုမျိုးမရှိဖူးဘူး။ ပရိသတ်တွေအတွက် ဇာတ်လမ်းတင်ပြပုံ ဆန်း သစ်မှု၊ စကားလုံးအပေါ် ရွေးချယ်လိုက်တာပါ။ အိုက်တင်တွေ အပြိုင်အဆိုင်လုပ်တာ ထက်စာရင် စကားလုံးတွေ၊စိတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဇာတ်လည်းဖြစ်တယ် လေ။ မင်းသွေးရဲ့အတွေ့အကြုံနဲ့ ကျွန်တော့်အတွေ့အကြုံက ကွာတယ်ဆိုတော့ ဘယ်လိုပဲအိုက်တင် အတူတူဆိုပေမယ့် အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အပေါ် လွှမ်းမိုး နိုင်ဖို့မရှိဘူး။ ဒီဇာတ်ကတော့သူ့ တာဝန်နဲ့သူပေါ့။ ပရိသတ်ရဲ့စိတ်ဝင်စားမှုက လူ၃ယောက်အပေါ်မှာပဲရှိမှာပါ”လို့ ပြောပါတယ်။ဒီဇာတ်ကားမှာ နေတိုးနဲ့မင်းသွေးတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ အပြင်က ပုံစံကိုပြောင်းပြန် သရုပ်ဆောင်ထားတာဖြစ်ပြီး မင်းသွေးက ပိုခက်တဲ့ဇာတ်ရုပ်မှာ လုပ်ရကြောင်း သရုပ်ဆောင်တစ်ယောက်က အိုက်တင်ပိုင်းမှာ ငြိမ်မှအကြာကြီး ရပ်တည်လို့ရမှာဖြစ်ပြီး အတတ်နိုင်ဆုံးရသတစ်ခုကို ထိထိရောက်ရောက် ပေးနိုင်မှာဖြစ်တဲ့အတွက် မင်းသွေးအနေနဲ့ တော်တော်များ များလည်း ရိုက်ပြီးပြီ၊ အိုက်တင်ပိုင်းကလည်း ငြိမ်လာပြီ ဖြစ်တာကြောင့်ငြိမ်တဲ့ ဇာတ်ရုပ်တစ်ခုကစပြီး လုပ်ခိုင်းတာဖြစ်ကြောင်း ဒီကားရဲ့ အဓိကရည်ရွယ်ချက်က အခု ခေတ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်တစ်ခုကို ရိုက်ကူးတာဖြစ်ပြီး တာဝန်ကျေအောင် ကြိုးစားရိုက်ကူးနေတယ်လို့ နေတိုးကပြောပြပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...