သားကိုမထိ နဲ့ သားကိုထိဓါးးကိုကြည့်ထားး!
ခြင်္သေ့မများတစ်စုနှင့်၎င်းတို့ ၏ရင်သွေးများ နေ့လည်ခင်းရေသောက်ခင်းနေစဉ်အတွင်းမိကျောင်းတစ်ကောင်ဟာကုန်းပေါ်တတ်လာပြီးခြင်္သေ့ပေါက်လေးကိုစားမယ်အကြံနဲ့ ကုန်းပေါ်တတ်လာပါပြီဒါပေမယ့်မရပါဘူးသူ ခြင်္သေ့မတွေ့ သွားပြီးအခြားခြင်္သေ့မတွေပါကိုက်၁၀၀အကွာကနေကိုက်ဖြတ်မယ့်ဟန်နဲ့ မာန်ဖီကာဝိုင်းထားပါပြီ ခြင်္သေ့မတွေဆိုပြီးအထင်သေးမိတဲ့မိကျောင်းတော့ သွားပါပြီ ရုတ်တရက်ဆိုသလိုပဲ ခြင်္သေ့မတွေက
ခေါင်းပိုင်းကိုကိုက်ဖြတ်သူကဖြတ်ကာဝင်ရောက်တိုက်ခိုက်ပါတော့တယ်။အစပိုင်းမှာတော့မိကျောင်းက ပြန်တိုက်ခိုက်နိုင်ပါသေးးတယ် ခြင်္သေ့မကသုံးကောင်ဆိုတော့မနိုင်တော့ဘူးလက်မြောက်အရှုံးပေးလိုက်ရ သလိုပဲ ရှုံးနိမ့်သွားကာမိကျောင်းကြီးက ရေသောက်ဆင်းလာတဲ့ခြင်္သေ့မနဲ့ ၎င်းရဲ့သားသမီးများအတွက်နေ့ လည်စာကောင်းတစ်ခုဖြစ်သွား ပါတော့တယ်.. ဒီပုံကို အခုလိုတိုက်ခိုက်နေစဉ် အမိအရ ရိုက်နိုင်ခဲ့တဲ့သူကတော့ Tony Goldman ပဲဖြစ်ပါသည် ။ Tonyဟာ၎င်း၏သားဖြစ် သူနှင့်အတူ တောလည်းကာ တောပစ်ထွက်ရင်း ဓါတ်ပုံများ၇ိုက်ရန်အတွက် ထွက်လာခဲ့ခြင်းဖြစ်ပါသည် ။ယခုလိုမိကျောင်းနှင့် ခြင်္သေ့တိုက်
ခိုက်နေခြင်းကို Tony ဟာ Botswana မှာရှိတဲ့ Duba လွင်ပြင်နားတွင်တွေ့ လိုက်ရခြင်းဖြစ်ပြီးး ၄င်းတို့ တိုက်ခိုက်နေသည့်ပုံများကိုအဝေးကနေအမိအရရိုက်နိုင်ခဲ့ပါသည်။Tonyဟာနှလုံးအထူးကုပါရဂူတစ်ယောက်လည်းဖြစ်ပါသည်။Tonyကပြောပါတယ်မိခင်ကသားငယ်ကို ချစ်တဲ့စိတ်ကြောင့် မိမိအသက်ကိုတောင်
ပဓာန မထားပဲ အနိုင်တိုက်ခဲ့တဲ့ခြင်္သေ့မ တို့ ရဲ့စိတ်ဓါတ်ကို သူလေးစားမိကြောင်းပြောပါသည် ။ တစ်ဦးတစ်ယောက် တစ်ခြားသူသည် မည်မျှပင် ကြောက်စရာကောင်းပြီးအကောင်း ကြီးနေပါမှု မိမိတွင် ရင်ဆိုင်နိုင်သည့်စိတ်ဓါတ်လေးသာပြင်းထန်မယ်ဆိုဘယ်အရာမဆို အောင်မြင်စွာကျော်လွှားသွားနိုင်မည်ဖြစ်ပါသည် ။
မိကျောင်းနားကို တစ်ဖြည်းဖြည်းကပ်သွားကာ ကိုက်သတ်ရန်ချောင်းနေသည့် ခြင်္သေ့မ

အားလုံးကို အစဉ်လေးစားလျက်......
No comments:
Post a Comment