စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မလေးရှားမှသူငယ်ချင်းများလိမ်လည်မှုကိုသတိပြုနိုင်ရန်

အွန်လိုင်းအသုံးပြုနေသောသူငယ်ချင်းများသတိထားရှောင်ကြဉ်နိုင်ပါစေလို့ ရည်ရွယ်ပြီးရေးလိုက်တာပါ..
ကျွန်တော့ရဲ့ အတွေ့ အကြုံအမှန်လေးပါ...အဖြစ်ကဒီလိုလေးပါ   ကျွန်တော်က tagged ကိုသုံးတယ်..သူငယ်ချင်းအများကြီးရရင်ကောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပေါ့...
အဲလိုသုံးနေရင်းတနေ့ ကျွန်တော့ဆီ Siti Asma ဆိုတဲ့နာမည်နဲ့ message ရောက်လာတယ်..
ပိုပြီးရင်းနှီးအောင်emails နဲ့ ပြောချင်တယ်ဆိုပြီးemails လိပ်စာတောင်းတယ်....လိပ်စာပေးလိုက်တော့
emails ရောက်လာတယ်တွေ့ ရတာဝမ်းသာပါတယ်ဘာညာဆိုပြီးပေါ့...အဲမေးလ်ထဲမှာ..ထူးခြားတာက
သူ့ အဖေက မလေးလူမျိုး..အမေကဗြိတိန်လူမျိုးလို့ ပြောလာတယ်..သူ့ အဖေရှိတဲ့မလေးကိုလာချင်လို့ 
အသိမရှိလို့ ဆိုပြီးကူညီဖို့ ပြောတယ်..ကျွန်တော်ကဒီနိုင်ငံသားမဟုတ်ဘူးမကူညီနိုင်ပါဘူးဆိုတော့
သူ(Siti Asma)ကတရက်မှမနေဖူးတဲ့သူ့ ထက်စာရင်ပိုသိမှာပါဆိုပြီးခပ်ချောချောကောင်မလေးပုံထည့်
ပေးလာတယ်....အဲနောက်မှာလောဘတက်လာအောင်စတော့တာပါဘဲ..သူမလာခင်ပါဆယ်လေးပို့ ပေးမယ်
ပေါ့..အဲပါဆယ်ထဲမှာသူထည့်ပေးလိုက်တဲ့ပစ္စည်းစာရင်းတွေlaptop နာရီ ဖုန်းတွေအပြင်UKငွေ280,000.00 ကိုလဲထည့်ပေးလိုက်တယ်တဲ့..အဲငွေကိုဗူးသေးလေးထဲကိုချိပ်ပိတ်ပေးလိုက်တယ်လို့ ပြောပြီး..အဲ့ထဲက
10,000 ကိုသုံးပါပေါ့..ကျန်တာသူ့ အတွက်ချန်ထားပြီးသူလာရင်တည်းဖို့ 5 Starဟိုတယ်ငှားဖို့ ကျန်တဲ့ငွေ
ထဲကသုံးပါတဲ့ဗျာ...ပြီးတော့သူပို့ တာကSENDAI AIR CARGO SERVICE CORP.သူ့ web ကhttp://www.sendaircargo.com/.
tracking နံပါတ်ကSDC876545673454ပါလို့ ပါတယ်...သူငယ်ချင်းတို့ အဲwebsite ကိုဖွင့်ကြည့်တကယ်ရှိသယောင်ယောင်တော့လုပ်ထားတယ်..
track ထဲမှာအဲနံပါတ်ထည့်ကြည့်ပစ္စည်းစာရင်းတွေလိပ်စာတွေတွေ့ လိမ့်မယ်...ရောက်မယ့်ရက်ကို၃ရက်ခွာထားတယ်..ဒီနေ့ မနက်ကဖုန်းဆက်လာတယ်
0192350854(မလေးနိုင်ငံ ကွာလာလမ်ပူနံပါတ်)နဲ့ 
ပစ္စည်းပို့ တဲ့ကုမ္ပဏီကပါတဲ့အဲပစ္စည်းတွေလာပို့ ဖို့ အဆင်မပြေဘူးတဲ့အကောက်ခွန်ကထိန်းထားတယ်တဲ့မလေးငွေ2800ပေးမှရမယ်တဲ့..
ဒါနဲ့ ကျွန်တော်ကပို့ တဲ့သူကိုပြောပါ..သူ့ ကိုဖုန်းဆက်လိုက်လို့ ပြန်ပြောလိုက်တယ်..ပြောတဲ့လူကကျွန်တော့ကိုအဲကောင်မလေးဆီဆက်လိုက်ပါလား
လို့ တိုက်တွန်းသေးသဗျ..ကျွန်တော်မဆက်တော့private numberတခုနဲ့ ဆက်လာတယ်..ကောင်မလေးတယောက်ပေါ့..
ပစ္စည်းတွေကKLကိုရောက်နေပြီပေါ့..လာပို့ ဖို့ အကောက်ခွန်ဖြတ်မရလို့ ငွေတွေမြင်သွားလို့ ဆိုပြီးလေ...အဲဒါမလေးငွေRM2800ကိုSENDAIနဲ့ ချိတ်ပြီး
ပေးလိုက်ပါတဲ့...ညာတာကိုသိနေတော့ပေးပါဘူးဗျာ..သိတာကအဲကုမ္ပဏီကပြထားတဲ့လိပ်စာတွေကတခုမှမရှိလို့ ဘဲUK လိပ်စာကောUS လိပ်စာကောတကယ်မှမရှိတာ....တကယ်လို့ များသူငယ်ချင်းတို့ ဆီအဲလိုလေးများလုပ်ကြံလာခဲ့ရင်သတိထားမိဖို့ စေတနာပါနော်...
အားလုံးလိမ်ညာခံရခြင်းမှကင်းဝေးကြပါစေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...