စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စစ်ကိုင်းမြို့ မြင်ကွင်းများနဲ့ စစ်ကိုင်းအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲမှ သိန်းချီ ပရိသတ်များ..

ရုပ်ရှင်၊ဂီတ အနုပညာရှင်များ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဖျော်ဖြေပွဲသို့ လာရောက်အားပေး ဖွင့်လှစ်ပေးသည့် အဖွဲ့ချုပ် နာယက ဘဘဦးဝင်းတင်
ဧရာဝတီ မြစ်ကမ်း သဲသောင်ပြင်မှ စစ်ကိုင်းလူထု..
ရဲရဲတောက်နေတဲ့ စစ်ကိုင်းလူထု
မတ်လ ၂၈ရက်နေ့ က စစ်ကိုင်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေး ဖျော်ဖြေရေးများ ပြုလုပ်လျှက်ရှိပါသည်..။ မြို့ခံလူထုများမှ မြို့လုံးကျွတ်မျှ တက်တက်ကြွကြွပါဝင် ပျော်ရွှင်ကြပြီး၊ လမ်းတိုင်း လမ်းတိုင်း၌ အကျွေး အမွေးများဖြင့် ဧည့်ခံကြရာ တမြို့လုံး ခွပ်ဒေါင်းအလံများဖြင့် ရဲရဲတောက် ရဲပဒေါင်းခတ်ကာ အမေစု သီချင်းများ မိုးကောင်းကင်မှ ဖွင့်နေသည့်အလား နေရာတိုင်းတွင် ပြန့်နှံ့လျှက် ရှိနေသည့် မြင်ကွင်းသည်.. မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော စစ်ကိုင်းမြို့ ဖြစ်နေပါတော့သည်။
ညနေပိုင်းတွင်လည်း ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်များ၏ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲကို ဧရာဝတီမြစ်ကမ်းဘေး သဲသောင်ပြင်တွင်ပြုလုပ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးဦးဝင်းတင်မှ လာရောက် ဖွင့်လှစ် အားပေးခဲ့ပါသည်။ ထောက်ခံမဲပိုင်ရှင် သိန်းနှင့်ချီသော စစ်ကိုင်းလူထုပရိသာတ်ကြီး၏ ပျော်ရွှင်တက်ကြွသော ဟစ်အော်သံများမှာ ဧရာဝတီမြစ်ရေများပင် လှုပ်ခတ်သွားသည့် အလားထင်မှတ်ရပြီး အမေစု၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်ကိုင်းပြည်သူလူထု၏ သွေးစည်း ညီညွတ်မှုအား ပြသလိုက်သည့်အလား ထင်မှတ်မိပါတော့သည်။
မတ်လ ၂၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲမှာ အားဖြည့်ပါဝင် ဖျော်ဖြေတင်ဆက်ကြတဲ့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း၊ ဝေဠုကျော်၊ ၀ိုင်း၊ ရဲတိုက်၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေတို့ရဲ့ ဒီလိုနေရာမှာ ဒီလို အမှန်လေးကို ခြစ်လိုက်ပါဆိုတဲ့ သရုပ်ပြပွဲဖျော်ဖြေ တင်ဆက်ပွဲအား ဂီတပညာရှင်များနဲ့ အတူ ပူးတွဲဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်...။ အဆိုပါ အဖွဲ့ချုပ်အောင်နိုင်ရေး စင်တင် တေးဂီတ ဖြေဖျော်ပွဲနေ့မှာတော့ စစ်ကိုင်းမြို့တမြို့လုံး ရဲရဲတောက် ခွပ်ဒေါင်း မြင်ကွင်းများနဲ့ လွှမ်းခြုံခဲ့ပြီး ရပ်ကွက်များ လမ်းများမှာလည်း အဖွဲ့ချုပ်အောင်နိုင်ရေးအား ထောက်ခံသည့်အနေဖြင့် စတုဒီတာ များဖြင့် ကျွေးမွေးဧည့်ခံ ခဲ့ကြပါသည်။
ညနေပိုင်းမှာ ပြုလုပ်တဲ့ အဆိုပါ အောင်နိုင်ရေး တေးဂီတ ဖျော်ဖြေပွဲအား နာမည်ကြီး၊ ရုပ်ရှင်ဂီတ အဆိုတော်များမှ ပြည်သူလူထုအား ဖျော်ဖြေခဲ့ကြပြီး မန္တလေးမှာ ရောက်ရှိနေတဲ့ အဖွဲ့ချုပ် နာယက ဘဘဦးဝင်းတင်မှ တက်ရောက် ချီးမြှင့်အားပေးခဲ့ပါသည်...။ အမေစုပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (စစ်ကိုင်း)နဲ့ စစ်ကိုင်း ပြည်သူလူထုတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့နေ့တနေ့လို့ ဆိုရင် လွန်အံ့မထင်ပါ..။
အဆိုတော် အာဇာနည်ရဲ့ စစ်ကိုင်းအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အားဖြည့်သီဆိုတင်ဆက်မှု
သိန်းနဲ့ချီတဲ့ ရဲရဲတောက် စစ်ကိုင်းပရိသတ်
ဓာတ်ပုံများအတွက် စစ်ကိုင်းအဖွဲ့ချုပ်အား ကျေးဇူးတင်ပါသည်..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...