စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘုရားလောင်းများ မဖြစ်နိုင်သောဌာန(၁၈)ပါး

သုမေဓာ ရသေ့ဘ၀မှာ နိယတဗျဒိတ် ခံယူပြီးတဲ့နောက်
ယခု ဂေါတမဘုရား ဖြစ်တော်မူသည့်တိုင်အောင်
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်းကတော့
စိတ်ညွတ်ရုံ နုတ်မြွက်ရုံမကတော့ဘူး၊ ကိုယ်ရော,စိတ်ရော,နုတ်ရော အားလုံးကုန် ညွတ်လာခဲ့ပြီ။
ပါရမီအင်အားလည်း ကောင်းသည်ထက် ကောင်းလာခဲ့ပြီ။
ဥပမာအားဖြင့် ဧကန် အပင် ပေါက်မည့် ရင့်ကျက်တဲ့မျိုးစေ့ကို ပိုးစသောအန္တရာယ်များ
 မဖျက်စီးနိုင်သလို၊ ရင့်ကျက် တဲ့ဘုရားလောင်းရဲ့ဘ၀ဟာလည်း
ဇစ္စန္ဓ, ဇစ္စဗဓိရ စတဲ့ အန္တရာယ်မျိုး မဖြစ်တော့ဘူး။
သည်လိုမဖြစ်နိုင်တာကို  အဘဗ္ဗလို့ခေါ်တယ်။
အဲသည် အဘဗ္ဗဋ္ဌာနဟာ (၁၈)ပါးရှိ ကြောင်း (သုတ္တနိပါတ်၊ ဋ္ဌ၊ ပ၊ ၄၅) မှာ ပြဆိုထားတယ်။
ဘုရားအလောင်း မဖြစ်နိုင်တဲ့ အဘဗ္ဗဋ္ဌာန (၁၈) ပါးဆိုတာ-
(၁) အမိဝမ်းတွင်းက မျက်စိကန်းလာတဲ့ ဇစ္စန္ဓ မဖြစ်နိုင်ဘူး၊
(၂) အမိဝမ်းတွင်းက နားပင်းလာတဲ့ ဇစ္စဗဓိရ မဖြစ်နိုင်ဘူး၊
(၃) ရူးသွပ်သောသူ မဖြစ်နိုင်ဘူး၊
(၄) စကားမပြောတတ်သော သူအ မဖြစ်နိုင်ဘူး၊
(၅) ခြေလက်ဆွံ့သူ မဖြစ်နိုင်ဘူး၊
(၆) လူရိုင်း မဖြစ်နိုင်ဘူး၊
(၇) ကျွန်မ၀မ်းမှာ ပဋိသန္ဓေ မနေနိုင်ဘူး၊
(၈) နိယတ မိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်ဘူး၊
(၉) လိင် မပြောင်းလွဲနိုင်ဘူး၊
(၁၀) အနန္တရိယ ကံငါးပါးကို မကျူးလွန်နိုင်ဘူး၊
(၁၁) နူသောသူ မဖြစ်နိုင်ဘူး၊
(၁၂) တိရစ္ဆာန်ဖြစ်သော်လည်း ငုံးအောက်ငယ်တဲ့ တိရစ္ဆာန် မဖြစ်နိုင်ဘူး၊
(၁၃) မစားမသောက်ရလို့ အမြဲဆာလောင်မွတ်သိပ်ရတဲ့ ခုပ္ပိပါသိကပြိတ္တာမျိုး၊
       ခန္ဓာကိုယ်အမြဲမီးလောင်နေလို့ အပူဒဏ်ခံနေရတဲ့ နိဇ္ဈာမတဏှိကပြိတ္တာမျိုး၊
       ခံတွင်းအပ်နဖားလောက်နဲ့ ကိုယ်ခန္ဓာ သုံးဂါဝုတ်လောက်ရှိတဲ့ ကာလကိဥ္စိက
       အသုရာမျိုး မဖြစ်နိုင်ဘူး၊
(၁၄) အ၀ီစိငရဲနှင့် လောကန္တရိကငရဲမှာ မဖြစ်နိုင်ဘူး၊
(၁၅) ကာမ၀စရနတ်ဘုံမှာ မာရ်နတ် မဖြစ်နိုင်ဘူး၊
(၁၆) ရူပါဝစရဘုံမှာ အသညသတ်ဗြဟ္မာနှင့် သုဒ္ဓာဝါသဗြဟ္မာ မဖြစ်နိုင်ဘူး၊
(၁၇) အရူပဗြဟ္မာ မဖြစ်နိုင်ဘူး၊
(၁၈) သည် စကြ၀ဠာမှတစ်ပါး အခြားစကြ၀ဠာမှာ မဖြစ်နိုင်ဘူး။
သည် (၁၈) ပါးသောဌာနဟာ နိယတဗျာဒိတ်ရတဲ့ ရင့်ကျက်သော ဘုရားအလောင်းများ
မဖြစ်နိုင်တဲ့ ဌာနများဖြစ်ကြပါတယ်။
(ထီးချိုင့်တည်တောဆရာတော်)
                                                                                     မာလာထွေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...