စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလုပ်ဖိစီးမှုကြောင်. ဖျားနာခြင်းမဖြစ်၇လေအောင်

အလုပ်ဖိစီးမှုကြောင့် ဖျားနာခြင်း မဖြစ်ရလေအောင်
By Good Health Originally posted 20/03/2012 14:49PM
အလုပ်ကြောင့်ဖြစ်တဲ့ ဖိစီးမှုကို လျှော့ချနိုင်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ သုတေသီတွေက ဖော်ထုတ်လိုက်ပါတယ်။ ဟားဗတ် တက္ကသိုလ်မှ သုတေသနပြုသူတွေက နှလုံးကို ဝန်ပိစေတဲ့ ဖိစီးမှု ဟော်မုန်းတွေဟာ တစ်နေ့လုံးမှာ မြင့်တက်နေရင် ညနေပိုင်းမှာ သင့်အလုပ်တွေ ပြီးမြောက်မှာ မဟုတ်ပါဘူးလို့ ရှင်းပြပါတယ်။ အလုပ်ချိန်အတွင်း စိတ်အေးချမ်းမှု ရရှိအောင် အောက်ပါတို့ကို ပြုလုပ်ပါ။
မိသားစုဓာတ်ပုံ ထားပါ
သင်ရဲ့ ချစ်ခင်သူတွေရဲ့ ဓာတ်ပုံကို သင့်အနားမှာ ထားတာကြောင့် အလုပ်လုပ်ချိန်မှာ ဖိစီးမှုတွေ လျော့ကျနိုင်တယ်လို့ UCLA လေ့လာမှုအရ သိရပါတယ်။ သင်နှစ်သက်သူတွေရဲ့ ဓာတ်ပုံကို ကြည့်ရှုတာကြောင့် သင့်ကို စိတ်အေးချမ်းစေမယ့် ဟော်မုန်း Oxytocin တွေ ထွက်လာအောင် လှုံ့ဆော်နိုင်တာကြောင့်ပါလို့ The Secrets of Happy Family စာအုပ်ရေးသားသူ Dr. Scott က ပြောပါတယ်။ သင့်စားပွဲပေါ်မှာ သင်ချစ်ခင်သူတွေရဲ့ ဓာတ်ပုံထောင်ထားပါ။ အကယ်၍ စားပွဲမှာ ဓာတ်ပုံထားစရာ နေရာမရှိရင် သင့်မိသားစု ဓာတ်ပုံပါတဲ့ သော့ချိတ်ပြုလုပ်ထားပါ။
ချီးကျူးစကားဆိုပြီး သွေးဖိအားကျအောင် ပြုလုပ်ပါ
သင်ရဲ့ မိတ်ဆွေ တစ်ယောက်ယောက်နဲ့ ဝမ်းသာစရာ စကားတွေ၊ ဂုဏ်ယူစရာ စကားတွေကို Chatting ပြုလုပ်နေတာကြောင့် မိနစ် ၃၀ အတွင်း စိတ်ဖိစီးမှု အဆင့်တွေ လျော့ကျနိုင်တယ်လို့ သိရပါတယ်။ တခြားလူတစ်ယောက်နဲ့ အကောင်းမြင်တဲ့ စကားတွေ ပြောနေတာကြောင့် ဦးနှောက်ကို လှုံ့ဆော်မှုပေးတဲ့ အတွက် သွေးဖိအားနဲ့ နှလုံးခုန်နှုန်း ကျဆင်းလာပါတယ်လို့ ဟားဗတ် ဆေးတက္ကသိုလ်မှ ဆေးပညာပါမောက္ခ Dr.Herbert က ဆိုပါတယ်။
ပျော်ရွှင်မှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် နေ့လယ်နေ့ခင်း ခေတ္တလမ်းလျှောက်ပါ
နေ့လယ်နေ့ခင်းမှာ ၁၅ မိနစ်ခန့် လမ်းလျှောက်လိုက်တာကြောင့် ခြောက်နာရီခန့် စိတ်ဖိစီးမှု လျော့ကျနိုင်တယ်လို့ သုတေသန ပြုသူတွေက တွေ့ရှိခဲ့ပါတယ်။ ခေတ္တခဏ လေ့ကျင့်ခန်း လုပ်လိုက်တာဟာ Serotonin နဲ့ Norepinephrine လိုမျိုး ဟော်မုန်းတွေ ထွက်ရှိလာပြီး ဦးနှောက်တွင်း ၂၅ ရာခိုင်နှုန်းခန့် Relax ရရှိနိုင်ပါတယ်။ အပြင်ထွက်ဖို့ အခွင့်အရေးမရခဲ့ရင် ပုံဆွဲတာ ဒါမှမဟုတ် ဂိမ်းကစားတာ ပြုလုပ်ပါ။ သင့်လက်နဲ့ မိနစ် ၂၀ လောက် အလုပ်လုပ်လိုက်တာကြောင့် နှစ်နာရီခန့် ဖိစီးမှုအဆင့် ၄၅ ရာခိုင်နှုန်းထိ လျော့နိုင်တယ်လို့ ဟားဗတ်မှ သုတေသီတွေက အကြံပေးပါတယ်။
စိတ်အေးချမ်းမှု ရရှိအောင် ရေနွေးနဲ့ ရေစိမ်ချိုးပါ
ညနေပိုင်း အိမ်ရောက်တဲ့ အချိန်မှာ ရေနွေးနဲ့ ရေစိမ်ချိုးတာ ဒါမှမဟုတ် မီးရောင်မှိန်မှိန်အောက်မှာ သီချင်းအေးအေးလေးတွေ နားထောင်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်း Cortisol တွေ အထွက်နှေးသွားပြီး တစ်နေ့လုံးမှာ စိတ်အေးချမ်းမှု ရရှိစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။
ဒေါက်တာခင်မိုးမိုး (တယ်၇င်းတို. လိုအပ်မယ်ထင်၇င် လုပ်ကြည်.ပါ ပြန်၇ှဲပေးတာပါ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...