စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်္ကြန် တောက်တိုမယ်ရ

Posted on April 10, 2010. Filed under: Uncategorized |
       မြနန္ဒာ လေးညို့ညို့ ရိပ်ခါသန်းတော့ ရွှေမန်းတောင်ထိပ် တူတူခိုမယ်ပျိုဖြူတွေရယ်…..
သင်္ကြန်သီချင်းသံလေးလတွေက ဟိုနားတစ်စ ဒီနားတစ်စနဲ့….. သင်္ကြန်ရောက်ဖို့တောင် ၃ ရက်ပဲ လိုပါတော့လား….ငါဘာလုပ်ရမှာလဲ … တရားစခန်းသွားဖို့လည်း စာရင်းပေးထားတယ် … အိမ်မှာပဲ နေပြီး အခွေကြည့်လိုက် စာအုပ်ဖတ်လိုက်လည်း လုပ်ချင်တယ်…. သင်္ကြန်ရယ် နင်က င့ါကို ရင်မခုန်စေတော့ဘူးလာ… ပိတောက်တွေမလန်းတဲ့ ဒီသင်္ကြန်နွေဟာ င့ါအတွက် အရမ်းခြောက်သွေား ပူလောင်လွန်းလှတယ် ….
   သင်္ကြန်ကို မကစားတာတောင် ခြောက်နှစ်ကျော်ပြီ ဘာလုပ်ရမှာလဲ.. လူငယ်ဖြစ်ပေမယ် သင်္ကြန်နဲ့ ပတ်သက်တဲ့ ဖီးသိပ်မရှိဘူး … climate change ဖြစ်နေတဲ့ ဒီကမ္ဘာ မြန်မာလူမျိုးတွေ ရေချိုတွေကို ပိုးစိုးပက်စက် ဖြုန်းတီးနေကြတယ်…..အခု တရုပ်က ပြည်နယ်တစ်ခုမှာလည်း မိုးခေါင်ရေရှားဖြစ်နေသတဲ့….  အော်…့ ကျွန်တော် ဒီနှစ် ရေချိုတွေကို နှမြောလိုက်ဦးမယ် …..
အခုခေတ်မှာ သင်္ကြန်မှာ မြန်မာ ယဉ်ကျေးမှုတွေလည်း တော်တော်ပျောက်နေပါပြီ… ရှိကို မရှိတော့သလောက်ပဲ…ဒါပေမယ့် မန်းသူုတွေ မန်းသားတွေကတော့ facebook မှာ တင်ပါရဲ့ သူတို့ မန်းသင်္ကြန် ပုံတွေတဲ့… မြန်မာ ဆန်ဆန်နဲ့ ရေပက်နေတဲ့ပုံတွေ … သင်္ကြန်မဏ္ဍပ်ပုံတွေလေ … မှန်ပါတယ် ဒါပေမယ့် ဒီပုံတွေဟာ ကျန်ခဲ့တဲ့ နှစ်သုံးဆယ် လေးဆယ်လောက်က ဟာတွေပါ …..အခုခေတ် သင်္ကြန်မှာ မန်းသားတွေ ကြုံးပတ်လည် သင်္ကြန်မဏ္ဍပ်တွေမှာ အဲ့လိုရှိသေးရဲ့လား တကယ် ယဉ်ကျေးနေတုံးပဲလား…
ကျွန်တော်ကတော့ ရှင်းတယ်ဗျာ ရန်ကုန်သင်္ကြန်မယဉ်ကျေးဘူးပြောချင်ပြော… ကဲတယ် ဘာဖြစ်လဲ … ဒါပေမယ့် ပါးစပ်က ဘုရား ဘုရား လက်က ကားယား ကားယားမလုပ်တဲ့ ရန်ကုန်က လူငယ်တွေကို ချီးကျူးတယ်… ကဲတယ် ပေါ်တင်ပဲ…ပြောချင်တာက ရန်ကုန်သားတွေ ခိုးမစားဘူးပေါ့ဗျာ
မန်းသင်္ကြန်ယဉ်ကျေးတယ် သိမ်မွေ့တယ် ပြောနေကျတဲ့လူတစ်ချို့  ဒီခေတ်မှာ  တကယ် ယဉ်ကျေး သိမ်မွေ့စွာနဲ့ ငွေဖလား သပြေခက်နဲ့ သူတို့တွေ ပက်တုံးပဲလား…ပြီးတော့ အဲ့သည့် ယဉ်ကျေးပါတယ် သိပ်မွေ့ပါတယ်ဆိုပြီး ဟစ်ပြနေတဲ့ သူတွေရော တကယ် သိမ်မွေ့ ယဉ်ကျေးလားဆိုတာကိုတော့ သူတို့ရဲ့ အတွင်းစိတ်ကပဲ သိမှာပါ…ဒါက ကြုံတုံးပြောလိုက်တာပါ
     ဒီနှစ်သင်္ကြန်နဲ့ ရာသီဥတုပူတာနဲ့ လူတွေ  ဘယ်လိုကဲကြမလဲ… ကျွန်တော်ထင်တယ်ဗျ သင်္ကြန်ပြီးရင်တော့ ကဲတဲ့သူတွေ မီးသွေးတုံးလေးတွေဖြစ်ကုန်မှာပဲနော်
ဟဟဟဟ….အဲ့ဒါလည်း ကောင်းတာပဲ ကဲတဲ့သူတွေ ဆိုးတဲ့သူတွေကို သကြားမင်း ဘယ်လိုခွဲမလဲ မဲမဲတူးတူးလေးတွေဆင်တူနေတော့ သကြားမင်း တိုင်ပတ်ပြီး ပြန်ရမှာသေချာတယ်…
လာတော့မယ့် သင်္ကြန်ရယ် တူပို.. တူပို တွေကြားထဲကနေ ရုံးထွက်ခဲ့ပါတော့…….


 https://khakway.wordpress.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...