စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ ကံအဆိုးဆုံးနဲ့ ကံအကောင်းဆုံးလူသား

 
 ခရိုအေးရှားနိုင်ငံမှ ဂီတသင်တန်းဆရာ ဖ၇န့် စ်ဆီလက် ( ၁၉၂၉ ခုနှစ်ဖွား ) ဟာ
အိမ်ထောင်လေးဆက်ကျခဲ့ပြီး သူငယ်ချင်းများက သူ့ ကို ဖိုးကံကောင်း လို့ ခေါ်
ကြပါတယ်...( မိန်းမလေးခါယူလို့ တင်မဟုတ်ပါဘူး...)
သူ့ ရဲ့ သေမင်းကိုအကြိမ်ကြိမ်ပျက်ရယ်ပြု လှည့် စားခဲ့ တဲ့ ဖြစ်ရပ်တွေထဲက ပထမဦးဆုံး
အဖြစ်အပျက်ကတော့  ၁၉၆၂ ခုနှစ်၊ ဇန်န၀ါရီလရဲ့ အေးချမ်းတဲ့ နေ့ ရက်တစ်ခုမှာ ဆီလက်
ဟာ ဒူဘရိုနစ် မြို့ သို့ ရထားဆီးလာခဲ့ တဲ့ အချိန်ဖြစ်ပါတယ်....ရုတ်တရက်ပဲ သူစီးလာတဲ့ ရထား
ကြီးဟာ ရေခဲတမျှအေးခဲနေတဲ့ မြစ်ထဲသို့ လမ်းချော်ကျတိမ်းမှောက်သွားခဲ့ ပါတော့ တယ်...
ခရီးသည်ပေါင်း ၁၇ ယောက်သေဆုံးခဲ့ ပြီး ဆီလက်ကတော့ လက်ကျိုးရုံ၊ ပွန်းပဲ့ ထိခိုက်ရုံသာ
ဖြစ်ပြီး အသက်မသေခဲ့ ပါဘူး....

 ထိုမှနောက်တစ်နှစ်အကြာမှာတော့ ဆီလက်ဟာ ဇာဂရက်မှ ရီဂျက်ကာသို့ လေယာဉ်ဖြင့် 
သွားရောက်ခဲ့ ပါတယ်...သူစီးလာတဲ့ လေယာဉ်ဟာ လေယာဉ်မှူးအခန်းမှ တံခါးပွင့် ထွက်
သွားခဲ့ ပြီး သူလည်း လေယာဉ်ပေါ်မှ လွင့် စဉ်ကျသွားခဲ့ ပါတယ်...ထိုအဖြစ်အပျက်
ကြောင့် လူပေါင်း ၁၉ ဦးသေဆုံးခဲ့ ပေမယ့် ဆီလက်ကတော့ ကောက်ရိုးပုံကြီးတစ်ခုပေါ်
ပြုတ်ကျခဲ့ လို့ ကံကောင်းထောက်မပြီး ဒါဏ်ရာအနည်းငယ်သာရကာ ဆေးရုံမှာ ရက်အ
နည်းငယ်သာ သတိလစ်မေ့ မြောနေခဲ့  တာပဲဖြစ်ခဲ့ ပါတယ်...












သူ့ ရဲ့ တတိယအကြိမ်မြောက် သေကံမရောက်သက်မပျောက်ဖြစ်ရပ်ကတော့ ၁၉၆၆ ခုနှစ်မှာ
သူဟာဘတ်စ်ကားတစ်စင်းဖြင့် ခရီးသွားနေစဉ် ယာဉ်တိုက်မှုဖြစ်ပြီး ဘတ်စ်ကားကြီးမြစ်ထဲ
ထိုးကျသွားခဲ့ ပါတယ်... လူ ၄ ဦးသေဆုံးခဲ့ ပြီး သူကတော့ ထိခိုက်ဒါဏ်ရာမရပဲ အသက်
ဘေးကလွတ်မြောက်ခဲ့ ပြန်ပါတယ်...



၁၉၇၀ တွင်တော့ ဆီလက်တစ်ယောက်ကားမောင်းနေစဉ် ရုတ်တစ်ရက်ကားမီးထလောင်
ခဲ့ ပါတယ်...ကံကောင်းထောက်မစွာပဲ သူဟာ ကားဆီတိုင်ကီမပေါက်ကွဲခင် ကားထဲမှ
ထွက်နိုင်ခဲ့ ပါတယ်... ၃ နှစ်ကျော်ကြာပြီးနောက် ဆီလက်မောင်းတဲ့ ကားပဲ မီးထလောင်
ခဲ့ ပြန်ပါတယ်...ဒီတစ်ခါတော့ သူ့ ခေါင်းကဆံပင်တွေအားလုံးနီးပါးမီးလောင်ခံခဲ့ 
ရပါတယ်...လူကတော့ အသက်ဘေးကလွတ်မြောက်ခဲ့ ပြန်ပါတယ်...
















၎င်းနောက် နှစ်ပေါင်း ၂၀ ကြာဘာမျှမဖြစ်ပဲနေခဲ့ ပြီးနောက်
၁၉၉၅ ခုနှစ်တွင် သူဟာ ဇာဂရက်မြို့ မှာဘတ်စ်ကားတစ်စင်းအတိုက်ခံခဲ့ ရပေမယ့် 
ဒါဏ်ရာအနည်းငယ်မျှသာရရှိခဲ့ ပါတယ်...နောက်နှစ်မှာတော့ တောင်ပေါ်လမ်းတစ်ခုမှာ
ကားမောင်းနေစဉ် မျက်နှာချင်းဆိုင်မှလာနေသည့် ကုန်တင်ကားအားရှောင်ယင်းလမ်းဘေး
တွင်ကာထားသည့် သံတန်းအတားအဆီးကိုတိုက်ကာ ကားကတောင်အောက် ပေ ၃၀၀
သို့ ကျကာမီးလောင်သွားခဲ့ ပြီး သူကတော့ သစ်ပင်တစ်ပင်ပေါ်မှာတင်ကျန်နေခဲ့ ပါတယ်...
၂၀၀၃ ခုနှစ်မှာတော့ အံ့ သြစရာကောင်းလှစွာပင် ဆီလက်ဟာ ခရိုအေးရှားထီ တစ်သန်းဆု
ပေါက်ပြီး ကမ္ဘာ့ ကံအဆိုးဆုံးနဲ့ ကံအကောင်းဆုံး လူသားဖြစ်ခဲ့ ပါတယ်...
ကံတရားကား ဆန်းကြယ်ပေစွ တကား....
ကိုပီတာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...