အချိန်ကြာမြင့်စွာ မော်တော်ကားဖြင့် ခရီးသွားလာရသည့်အခါ အသုံးပြုသည့် ယဉ်သည် သက်သောင့်သက်သာ ရှိရန်လိုအပ်ပါသည်။ အဝေးပြေး အမြန်ကားလိုင်းများသည်လည်း ခရီးသည်များ သက်တောင့်သက်သာ ခရီးသွားလာနိုင်ရန် အပြိုင်အဆိုင် ဝန်ဆောင်မှုများ ပေးလေ့ရှိကြသည်။ သို့သော် စီးနင်းချိန် ကြာသည်နှင့်အမျှ အနည်းနှင့် အများ ညောင်းညာ ပင်ပန်းခြင်းကိုတော့ ခံစားရမည်သာ။ အကယ်၍ မိမိအိမ်တွင် သက်တောင့်သက်သာ နေသကဲ့သို့ နေထိုင်ရင်း လိုရာခရီးကို ရောက်ရှိနိုင်မည်ဆိုလျင် အလွန်ပင် အဆင်ပြေဇိမ်ကျမည့် ခရီးဖြစ်မည် မဟုတ်ပါလား။
ထိုကဲ့သို့ အိမ်မှာနေရင်း လိုရာခရီးကို ရောက်ရှိနိုင်မည့် ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်မည့် ဇိမ်ခံ ဘတ်စ်ကားကြီးများ အမှန်တစ်ကယ်ပင် ရှိပါသည်။ ဖလော်ရီဒါ အခြေစိုက် ဒီဇိုင်းနှင့် အဆင့်မြင့် ပြင်ဆင်ရေး လုပ်ငန်း Millennium မှ အော်ဒါမှာယူနိုင်သော ဇိမ်ခံ ဘတ်စ်စကားကြီးများတွင် ဂရိတ်နိုက်ကျောက်များဖြင့် အလှဆင်ထားသော နံရံနှင့် ကြမ်းခင်း၊ ခမ်းနားသော လယ်သာ ထိုင်ခုံများ နှင့် ဧည့်ခန်း၊ သန့်ရှင်းသပ်ရပ်သော မီးဖိုခန်း၊ ကွန်ပျူတာစားပွဲ ၊ ရေချိုးကန်၊ အိမ်သာ နှင့် ခမ်းနားလှပသော အိပ်ခန်းတို့ ပါဝင်သည်။
Millennium မှ ပြင်ဆင်ဖန်တီးထားသော ဇိမ်ခံ ဘတ်စ်စကားကြီးများမှာ ခန်းနားသော အပြင်အဆင် ပြည့်စုံသော ပစ္စည်းပစ္စယများဖြင့် သင့်အိမ်တွင် သက်တောင့်သက်သာ နားနေရင်း လိုရာခရီးကို ရောက်ရှိလိုရာ ခရီးသို့ သွားရောက်လို့သည့် ဆန္ဒများကို ပြည်ဝအောင် ဆောင်ကျဉ်း ပေးပါလိမ့်မည်။

PatheinCity News | Source:izismile.com

No comments:
Post a Comment