စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထွက်သက်ကို စွမ်းအင်အဖြစ် ပြောင်းလဲကာ မိုဘိုင်းဖုန်းကို အားသွင်းပေးနိုင်





လူ၏အဆုတ်ထဲမှ ထွက်လာသော လတ်လတ်ဆတ်ဆတ် ထွက်သက်ကို လျှပ်စစ်ဓာတ်အဖြစ် ပြောင်းလဲကာ မိုဘိုင်းဖုန်းကို အားသွင်းပေးနိုင်သည့် AIREအမည်ရှိ မျက်နှာဖုံးကိရိယာကို တီထွင်နိုင်ခဲ့ကြောင်း DMသတင်းဌာနက မတ်လ၁၁ ရက်နေ့တွင် ဖော်ပြသည်။ လတ်လတ်ဆတ်ဆတ် ထွက်သက်ကို လျှပ်စစ်ဓာတ်အဖြစ် ကူးပြောင်းကာ Ipodမှသည် အခြားမိုဘိုင်းဖုန်းများအထိ ဘက်ထရီ အားသွင်း ပေးနိုင်ပေးနိုင်သည် ဟုဆိုသည်။ အဆိုပါကိရိယာ၌ အလွန်သေးငယ်သော  လေရဟတ်စက် များပါဝင်ပြီး ယင်းက အရွေ့စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ကူးပြောင်းပေး နိုင်သည်ဟုဆိုသည်။ အဆိုပါကိရိယာကို တီထွင်သူမှာ ဘရာဇီး နိုင်ငံ ရီယိုဒီဂျနေးရိုးမှဂျိုကိုပေါ်လိုလမ်မိုဂလီယာ ဖြစ်ကြောင်း သိရသည်။ သူ၏ ကိရိယာကို အိမ်တွင်း အိမ်ပြင်မရွေး အိပ်ပျော်နေစဉ်၊လမ်းလျှောက်နေစဉ်၊ ပြေးနေစဉ်တို့သာမက စာဖတ်နေစဉ်၌ပင် အသုံးပြုနိုင်သည်ဟုဆိုသည်။
ယင်းက စွမ်းအင်ချွေတာကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုပြီး ရုပ်ပိုင်း ဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ရန်လည်း အားပေးသည်ဟုဆိုသည်။ ယခုစွမ်းအင်သည် တစ်နေ့တွင် ၂၄ နာရီ တစ်ပတ်တွင် ခုနစ်ရက် ရရှိနိုင်သော စွမ်းအင်လည်း ဖြစ်သည်ဟုဆိုသည်။ ဖုန်းနှင့်တွဲလျက် သူ၏ ကိရိယာကို မတ်လ ၁၅ ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် စတာလင်ပေါင် ၆၀၊ အမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ ၇၀ ဖြင့် ၀ယ်ယူ ရရှိနိုင်လိမ့်မည်ဟုဆိုသည်။

ပြတိုက်အတွင်းတွင် နေ့စဉ်သတင်းများကို တစ်နေရာတည်းတါင် တစ်စုတစ်ဝေးတည်းဖတ်ချင်လျင်  ဒီနေရာ  မှာလည်းဖတ်ရှု့နိုင်ပါသည်..
http://swesonemedia.org/index.php?q=2200

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...