စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Browser အတွင်းမှာပဲ Youtube Video တွေကို Full Screen နဲ့ ကြည့်ရအောင်


ကျွန်တော်တို့တွေ YouTube video တွေကို full screen နဲ့ ကြည့်ချင်တဲ့ အခါမှာ
Button လေးတစ်ခုကို နှိပ်လိုက်ရုံနဲ့ ရတဲ့ အတွက် လွယ်ကူစွာလူတိုင်းလုပ်ဆောင်နိုင်ပါတယ်..
ဒါပေမယ့် Youtube က Offer လုပ်တဲ့ Full Screen ကြီးဟာ
ကျွန်တော်တို့ အချိန်တိုင်းဆိုသလို မလုပ်ထားချင်တဲ့ Desktop ကြီးတစ်ခုလုံးကို
နေရာ ယူထားတယ်ဆိုတာ အားလုံး သတိထားမိမှာပါ...။
ဒါဆိုရင် Youtube က Video တွေကို Default အနေနဲ့ Full Screen နဲ့ ကြည့်ဖို့
နည်းလေး ပြောကြည့်ရအောင်ပါ...
သူက ကျွန်တော်တို့ Browser Window ရဲ့ Screen တစ်ခုထဲပဲ ယူမှာပါ...။




လုပ်ကြည့်ချင်ရင်တော့

သူရဲ့ မူရင်းလင့်  က  watch?v=  ဆိုတာလေးကို   v/  လေးနဲ့ ပြောင်းလိုက်ပီး
Enter ခေါက်လိုက်ရုံပါ...။




မူရင်းလင့် -http://www.youtube.com/watch?v=y1WbOTKH2Ik


ပြုပြင်ခဲ့သောလင့် - http://www.youtube.com/v/y1WbOTKH2Ik


ဒါဆိုရင် ဒီလို ပုံမျိုးလေး Browser အတွင်းမှာပဲ Full Screen နဲ့ ကြည့်လို့ ရပါပီ  ။


 
ကို့ရဲ့ သူငယ်ချင်းတွေကို Youtube က Video တွေကို Share တဲ့အခါ  
Browser Window ရဲ့ Full Screen  နဲ့တိုက်ရိုက်  ကြည့်ရှု့နိုင်စေဖို့
Modified လုပ်ခဲ့တဲ့ Link  လေးပို့ပီး ပျော်ရွှင်နိုင်ကြပါစေ...




အားလုံးအဆင်ပြေကြပါစေ

မျိုးကိုကို

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...