စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချစ်စဖွယ်ကောင်းသော စစ်တွေမြို့ တပေါင်းလ သဲပုံစေတီပွဲ အထူးစည်ကား

ချစ်စဖွယ် ကောာင်းသော ရခိုင်ရိုးရာ သဲပုံစေတီပွဲ တခုကို စစ်တွေမြို့ ဟော်တယ် အနောက်ဘက် ကမ်းခြေ၌ ကျင်းပရာ ရခိုင်ပြည်နယ် မြို့နယ်အမြောက်အများမှ လာရောက်ခဲ့သောကြောင့် ပွဲတော်မှာ တခြားနှစ်များထက် စည်ကားခဲ့ကြောင်း သတင်းရရှိသည်။ " မတ်လ ၇ရက်နေ့ ညနေ ၂နာရီခန့်မှာ ဒီပွဲကို စဖြစ်ပါတယ်။ မြို့နယ်တော်တော် များများကလူတွေ လာရောက် ကြတယ်။ လူပေါင်း ရာကနေ ထောင်ကဏန်းအထိ ရောက်ကြတယ်လို့ ပြောလို့ရတယ်။ ရောက်လာကြတဲ့လူ တွေအားလုံးက ကိုယ့်အစုနဲ့ကိုယ့် သဲတွေနဲ့ စေတီတွေတည်ကြတယ်။ ဘုရားရုပ်ထုတွေ ပြုလုပ်ကြတယ်။ ရှေး ခေတ်က ဘုရား ပုထိုးများကို သူတို့စိတ်ကူးနဲ့ သူတို့အသီးသီး လုပ်ကြတာတွေ့ပါတယ်" ဟု ကိုယ်တိုင်သွား ရောက်ကြည့် ရှု့သူ လူငယ်တသီးက နိရဉ္စရာသို့ ပြောပြသည်။

ကမ်းခြေတွင် စေတီ ပုထိုးပြုလုပ်ပြီးလျှင် အုပ်စုလိုက် မိမိတို့လိုရာ ဆန္ဒပြည့်ဝနိုင်အောင် ဆုတောင်း မိတ္တာပို့သ ခြင်းများ ပြုလုပ်ကြသည် ဟုသိရသည်။

ယခုလ မတ်လ ၇ရက်နေ့တွင်ကျရောက်သော သဲပုံစေတီပွဲမှာ ၆ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ပွဲတော်သို့ ရောက်ရှိလာသော လူအများအပြား ၀ယ်ယူသုံးစွဲနိုင်အောင် ကမ်းခြေ တလျှောက်တွင်လည်း စား သောက်ဆိုင်၊ ကွမ်းယဆိုင်၊ ထမင်းဆိုင်၊ ဘီယာဆိုင်၊ အ၀တ်ဆိုင်မျိုးစုံနှင့် ကာရာအိုကေ ဆောင်းဘောက်များ ဖြင့် ပျော်မြူးနိုင်အောင် ဖန်တီးထားသည် ဟုသိရသည်။
သဲပုံစေတီပွဲကို လာရောက်ခြင်းအားဖြင့် စိတ်ချမ်းသာမှု ရသလို မိတ်ဆွေ အပေါင်းအသင်းများ ပိုမိုရရှိခဲ့ကြောင်း နှင့် ရိုးရာအစဉ်အလာ တခုအဖြစ် အစဉ်အမြဲ ထိန်းသိမ်းစောင့် ရှောက်ရန်လို အပ်ကြောင်း နောက်လူငယ်တဦး ကပြောပြသည်။

" ဒီပွဲကို လာခြင်းအားဖြင့် စိတ်ချမ်းသာမှုရတယ်။ ပြီးရင်မိတ်ဆွေ အသိုင်းအ၀န်းပိုဖြစ်လာတယ်။ ရင်းနှီးမှုရတယ်။ ပင်လယ်ကမ်းခြေမှာ ဖြစ်တဲ့အတွက် လေကောင်းလေသန့်တွေ ရှူရတယ်။ အဲဒါကြောင့် ဒီလိုချစ်စဖွယ် ကောင်း တဲ့ သဲပုံစေတီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ဖို့ရယ်နဲ့ မျိုးဆက်သစ်လူ ငယ်တွေ အနေနဲ့ ရိုးရာအစဉ်အလာ ကောင်းတခုလို မပျောက်ပျက်အောင် အစဉ်အမြဲ ထိန်းသိမ်း စောင့်ရှောက် ဖို့အတွက် ရခိုင်ပြည်သူတွေ အနေနဲ့ ပြည်တွင်း ပြည်ပက လူတွေကို ပြောချင်ပါတယ်" ဟုပြောသည်။

တပေါင်းလတိုင်း ပြုလုပ်လျှက်ရှိသော သဲပုံစေတီပွဲတော်ကို ကမ္ဘာကသိလာအောင် နိုင်ငံတော်အကူအညီဖြင့် ဇာတ်ပွဲ သဘင်များဖြင့် ပြုလုပ်လာနိုင်ရန် ကြိုးစားသင့်ကြောင်း လူငယ်များ အပြောအရသိရသည်။ 

ထွန်းထွန်း နိရဉ္စရာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...