သူယောင်မယ်စုံတွဲလေး
သူယောင်မယ်စုံတွဲပုံ
နိုင်ငံခြားသို့ တင်ပို့ရောင်းချသော သူယောင်မယ်သီးအခြောက်ပုံ
ဟို ….. နှစ်ပေါင်းများစွာကပေါ့
ဘာ…. ဆိုတဲ့သတ္တ၀ါတွေဟာ ဇော်ဂျီဖြစ်စေဖို့ နှစ်ပေါင်းများစွာ ဆေးမြစ်တွေရှာဖွေတူးစွပြီ ၊
ရောသမမွှေ ( သားစိုးမဟုတ်ဘူးနော် ) ဆေးတွေဖေါ်စပ်ပြီ သူတို့ဖိုဝင်ကြတယ် ။
ဖိုအောင်သွားရင်တော့ ဆော်ကြည် ဖြစ်သွားတယ် ။ အဲ့ … မှားလို့ ဇော်ဂျီ … ဇော်ဂျီ ဖြစ်သွားတာပါ ။
ဇော်ဂျီတွေဟာ တောထဲမှာရှိတဲ့ သူယောင်မယ် အပင်ပေါ်က သူယောင်မယ်သီးတွေကို
သူတို့ဒုတ်နဲ့ ထိုးလိုက်တယ် ။ (တောင်ဝှေးပြောပါတယ် )
အဲဒီအသီးတွေကြွေကျလာပြီး သူယောင်မယ်တွေက အသက်ဝင်လာတယ်… ဒန်တန့်တန် ….
ပြီးတော့ ….ပျော်ပါးကြတယ်လေ ။
သူအလိုမရှိချိန်မှာ တောင်ဝှေးနဲ့ ပြန်ထိုးလိုက်တော့ ပုပ်နေတဲ့အသီးအဖြင့် အသွင်ပြောင်းသွားတယ် ။
ဒီက စာဖတ်ပရိတ်သတ်သူငယ်ချင်း လူကြီးမင်းများလည် ငယ်စဉ်က
ညအိပ်ပုံပြင်အဖြစ် ကြားဖူးနားဝ ရှိကြမယ်ထင်ပါတယ် ။
အခု တင်ပေးလိုက်တဲ့ ပုံကတော့ မိန်းမသဏ္ဍန် ၊ ယောက်ျားသဏ္ဍန် ခေါင်းပေါ်မှ အညှာတို့ဖြစ်
တွဲလွဲလေးသီးတယ် ။
သူယောင်ထီးလို့ပြောရမလား ?
( သူယောင်မောင် ) လို့ခေါ်ရမလား မသိတော့ဘူး ။
ဖွဲ့စီပုံက ယောက်ျားသဏ္ဍန်ရှိနေလို့ပါ ။
သူယောင်မယ်အပင်တွေဟာ ရှမ်းပြည်နယ်ဘက်မှာလဲ ပေါက်ရောက်နေကြောင်းနှင့်
အိန္ဒိယနိုင်ငံ ဟိမ၀န္တာတောင် ၀န်းကျင်မှာလဲ ရှိကြောင်း သိရပါတယ် ။
သူယောင်မယ် အပင်တကယ်ရှိကြောင်း လက်ခံဖို့အတိအကျ တော့ ကျွန်တော်လည်မပြောတက်ပါဘူး ။
ကိုယ်တိုင်မမြင်ဖူးလို့ အဲလိုပြောမယ်ဆိုရင်လဲ ပြောလို့ရပါတယ် ။
ဒါပေမယ့် လောကမှ ပြောပြလို့မရတဲ့ လျှို့ဝှတ်တဲ့ အဖြစ်အဖြတ်တွေရှိသလို ။
မမြင်မတွေ့ရနိုင်တဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေလဲ အများကြီးရှိပါတယ် ။
ကယ် ... အခု အောက်တွင် ပြန်လည်ဖေါ်ပြထားသော် ပိုစ့်လေးကို
ဒီက ညီအစ်ကိုမောင်နှမ တော်တော်များ သိပြီး မြင်ဖူးပြီးသား ဖြစ်မယ်ထင်ပါတယ် ။
ကျွန်တော် အလည်တန်း ကျောင်းသား ဘ၀ တုန်းက ကျောင်းအ၀င်ဝ ဈေးသည်တွေအစုံ ရှိကြတဲ့အထဲမှာ
ထူးထူးခြားခြား ဈေးသည်ထံတွင် မျက်လှည့်ပစ္စည်းများ ၊
မင်းသားမင်းသမီး ပုံ တွေနဲ့ အတူ အခု အောက်တွင်ဖေါ်ပြထားသော
သူယောင်မယ် အပင်ပုံကိုရောင်းချနေသည့် မြင်ကွင်းမျိုးကို အခုထိ မှတ်မိနေပါတယ် ။
သူယောင်မယ်သီး
( ထိုင်းဘာသာစကားနဲ့ဆိုရင်တော့ ဒီအံ့သြဖွယ်ရာ အပင်ကို Nareepol လို့ခေါ်ပါတယ် ။
Naree ဆိုတာက မိန်းက လေးကိုရည်ညွှန်းပြီး pol ဆိုတာကတော့ သစ်ပင် ၊ အပင်တွေကိုရည်ညွှန်းပါတယ် ။
မလေးလိုဆိုရင်တော့ Buah လို့ခေါ်တွင်ပါတယ် ။
ဒါဟာ ကမ္ဘာပေါ်မှာ ဘုရားသခင်ဖန်ဆင်းပေးခဲ့တဲ့အရာတွေအနက် မှာအထူးဆန်းဆုံး အရာတစ်ခုလည်းဖြစ်ပါတယ် ။
ဘန်ကောက်မှ ကီလိုမီတာ ၅၀၀ လောက်ကွာဝေးတဲ့ Petchaboon စီရင်စုမှာ
တကယ့် သူယောင်မယ်သီးတွေသီးတဲ့ သစ်ပင်တွေကို သင်သွားရောက်လေ့လာနိုင်ပါတယ် ။ )
ဒီအပိုဒ်ကတော့ “သက်တန့်ချို ”ဘလော့ကနေ ခိုးတာ... အဲ့ ကူးယူဖေါ်ပြခြင်းပေါ့နော် ။
ဘလော့လေးရေးတာကြာသွားတယ် ငှက်တစ်ကောင် အနှောက်ယှက်ပေးနေလို့
ဟိုဖက်ပြန် ဒီဖက်လာလိုက်လုပ်နေတာ တော်တော် အာရုံနှောက်တယ် ။
လေးဂွနဲ့ တွယ်ပစ်မလို့ ကွန်ပြူတာကလဲ ဒီတစ်လုံးပဲဝယ်နိုင်တာဆိုတော့
တရားနဲ့သာဖြေလိုက်ပါတယ် ။
မိတ်ဆွေများကျန်းမာပျော်ရွှင်ပါစေ ။
အမှတ်တမဲ့မော့ကြည့်လိုက်ပါ သင်မြင်ရမှာ “မြင့်မြတ် အာကာ”
No comments:
Post a Comment