စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







‘‘ဒီဘ၀ ဒီခန္ဓာ ဘယ်သူလာလို့ ထောက်ပံ့ပါလိမ့် ’’



ဒီဘ၀ဒီခန္ဓာ ဘယ်သူထောက်ပံ့ လို့ ဖြစ်နေတယ် ဆိုတာလေး
ပြောပြချင်ပါသေးတယ်….
ခန္ဓာ(၅)ပါးကို အကျဉ်းရုံးလိုက်ရင်(၂)ပါးပဲကျန်ပါတယ်.
ရုပ်ခန္ဓာ နဲ့   နာမ် ခန္ဓာ ဖြစ်ပါတယ်..
ဒီရုပ်နဲ့ ဒီနာမ် ကို ဘယ်သူတွေထောက်ပံ့ သလဲ ဆိုတာလေး
ပြောပြပါမယ်..
ရုပ် ကို ထောက်ပံတဲ့အကြောင်းအရာ(၄)ပါးရှိပြီးတော့
နာမ် ကို ထောက်ပံ့တဲ့အကြောင်းအရာ(၂)ပါးရှိပါတယ်
ရုပ် ကိုထောက်ပံ့တဲ့အရာ(၄)ပါး က
(၁)ကံ
(၂)စိတ်
(၃)ဥတု
(၄)အဟာရ …ဆိုပြီး ရှိပါတယ်..
ဒီ(၄)ပါး ရဲ့ ထောက်ပံ့ပုံလေးကတော့..

(၁)ကံ…..အတိတ် ကပြုခဲ့ဖူးတဲ ဒါန့ကုသိုလ်တွေရဲ့ 
အနည်းအများကံကြောင့်ဒီဘ၀ မှာ ဆင်းရဲခြင်းချမ်းသာခြင်း
တွေကွာခြားရတာပါ သီလ ကုသိုလ်ရဲ့ လုံခြုံမှူ
အနည်းအများကွားခြားချက်ကြောင့်လှတဲ့သူနဲ့ 
မလှတဲ့ သူနဲ့  ကွာခြားပါတယ်..ဒါ က ကံ ရဲ့ အထောက်အပံ့ပါ

(၂)စိတ်….စိတ်အပြောင်းအလဲပေါ်မူတည်ပြီး ရုပ်ပြောင်းလဲပါတယ်
စိတ်ပျော်ရွှင်နေတဲ့သူနဲ့ စိတ် မပျော်ရွှင်တဲ့သူရုပ်ခြင်းကွာ
ပါတယ် ကိုယ်လိုချင်တာရနေတဲ့ သူ ကိုယ်စားချင်တာစားနေ
ရတဲ့ သူတွေ မျက်နှာလေးကိုပြုံးလို့ ပါ   ကျေနပ်တဲ့ရုပ်
ပျော်ရွှင်တဲ့ရုပ် နဲ့ ပေါ့..ဒါက စိတ်ရဲ့အထောက်အပံ ကို
ဆိုလိုတာပါ..

(၃)ဥတု…ဥတု ရဲ့ အပြောင်းအလဲပေါ်မူတည်ပြီးတော့လဲ
ရုပ် ကပြောင်းလဲတာပါပဲ..ပူ ရင် ပူတယ်အင်္ကျီပါးပါးလေးဝတ်ရတယ်
အေးရင်အေးတဲ့ အတိုင်းအတာ နဲ့ ညီမျှအောင် နွေးတာလေးရှာ
ဝတ်ရတယ်..ပူတဲ့သူ ကမျက်ခုံးလေးရှုံ့ပြီး ယပ်ခတ်ရတယ် အေးတဲ့ သူ ကတုန်ခိုက်ပြီး ကုတ်နေတတ်တယ်..ဒါက ဥတု ရဲ့  အထောက်အပံ့လေးပေါ့..

(၄)အဟာရ….ခန္ဓာ အတွက် လိုအပ်တဲံအဟာရ ကို မှီဝဲနိုင်မှ
ကျန်းမာ ပြီး အလုပ်လုပ်နိုင်မယ်ဆိုတာလူတိုင်းအသိပါပဲ..
နေမကောင်းဖြစ်တဲ့ အခါ မှာဆေးဝါးဓါတ်စာကို အဟာရ အဖြစ်
မှီဝဲ ရပါတယ် အချို လိုရင်အချို မှီဝဲရပြီး အခါးလိုရင်အခါး မှီဝဲပေးမှ
ရုပ်ခန္ဓာကြီးထူနိုင်မတ်နိုင်ပါလိမ့် မယ်..
ဒါတွေ က ရုပ်ကိုထောက်ပံ့တဲ့ အကြောင်း (၄)ပါး ပါ

နာမ်ကိုထောက်ပံ့တဲ့အကြောင်း(၂)ပါး ရှိပါတယ်.
(၁)အာရုံ
(၂)ဒွါရ

(၁)အာရုံ….အာရုံဆိုတာက အမြင်အာရုံ အကြားအာရုံ အနံ့ အာရုံ
အရသာအာရုံ အထိတွေ့ အာရုံ  အတွေးအာရုံ ဆို ပြီး (၆)ပါးရှိတာ သိပြီးဖြစ်ပါလိမ့် မယ်…

(၂)ဒွါရ….ကတော့  မျက်စိ ။နား။နှာခေါင်း။လျှာ။ကိုယ်။စိတ်  ဆိုပြီး
(၆)ပါးရှိပါတယ်…
 အာရုံနဲ့ဒွါရ က ဆက်စပ်ပြီးဖြစ်တည် ပါတယ်..
မျက်စိဆိုတဲ့ ဒွါရ ပေါက် ရှိသလို အမြင်အာရုံရှိမှ မြင်နိုင်တွေ့ နိင်
ပါတယ်  မျက်စိဆိုတဲ့ဒွါရပေါက်ရှိပေမယ့် အမြင်အာရုံ ချို့ ယွင်းရင်
မမြင်နိုင်တော့ပါဘူး..တခါတလေအမြင်အာရုံမှာ စူးစိုက်နေတဲ့အခါ
ဘယ်သူခေါ်လို့ မှ မကြားတာမျိုးလေးတွေ ရှိပါတယ် အဲ့ဒီအခါ အာရုံ
မရဘူး လို့  ပြော တတ်ကြပါတယ်။နားဆိုတဲ့ ဒွါရ ရှိလဲ အာရုံ
မလာရင် မကြားနိုင်သလို  အကြားအာရုံ ချို့ ယွင်းနေတဲ့ သူ ဟာလဲ
အကျယ် ကြီးပြောတာတောင်မကြားတတ်ပါဘူး..့အာရုံနဲ့ 
ဒွါရ ကဆက်စပ် ပြီးတည်ရှိပါတယ်…

ဒါကြောင့်ဒီဘ၀ ဒီခန္ဓာ (ရုပ်နဲ့ နာမ်)ကို ကံ။.စိတ်။ဥတု။အဟာရ
ဆိုတဲ့ အကြောင်းတရား(၄)ပါးက ရုပ်ကိုထောက်ပံပြီး 
အာရုံနဲ့ ဒွါရ ဆိုတဲ့ အကြောင်းတရား(၂) ပါး က နာမ် ကို ထောက်ပံ့
ပါတယ် ဆိုတဲ့ အကြောင်း သိမှတ် ထားသမျှ ပြန်လည် ဝေမျှ
ကုသိုလ်ပွါးအပ် ပါတယ် ရှင်..

ဒီရုပ် ဒီနာမ် ဒီခန္ဓာ ကို မြင်အောင်ကြည့်ရှု့ ပြီး ဒီဘ၀ ဒီခန္ဓာ နဲ့ 
နိဗ္ဗာန် ကိုမျက်မှောက်ပြုနိုင်တဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ် မြတ်တွေ ဖြစ်ကြ
ပါစေ နော်…

                  အားလုံးကိုနှလုံးစိတ်ဝမ်းအေးချမ်းပြည့်စုံစေချင်တဲ့ 

*************တတိယမြောက်သမီးတော်**

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...